အုန္းသီးေတြ ရဲ႕ တန္ခိုးေၾကာင့္ ကိုဗစ္ မျဖစ္တာလို႔ ယုံၾကည္ေန တဲ့ ကီရီဘာတီ ကြၽန္းႏိုင္ငံေလး

ကီရီဘာတီ ကြၽန္းစုႏိုင္ငံေလး ဟာ အျခားႏိုင္ငံႀကီးေတြ ရဲ႕ ပင္မကုန္းေျမ နဲ႔ အလွမ္းကြာေဝးလြန္းၿပီး ပစိဖိတ္ဗဟို အလယ္မွာ တည္ရွိပါတယ္။ လူဦးေရမွာ (၁၁၀၀၀)ေက်ာ္သာ ရွိၿပီး၊ သမၼတႏိုင္ငံေလးတစ္ခု ျဖစ္ပါတယ္။ ဘာသာစကားကေတာ့ ေဒသခံ ကီရီဘာတီဘာသာစကား နဲ႔ အဂၤလိပ္ဘာသာ ကို သုံးၾကပါတယ္။

တျခားႏိုင္ငံေတြ ကိုဗစ္ေၾကာင့္ ဒုကၡ ပင္လယ္ေဝေနခ်ိန္၊ ကီရီဘာတီႏိုင္ငံေလးကေတာ့ သမုဒၵရာအတြင္းမွာ ေအးေဆးပါဘဲ။ ကြၽန္းစုနယ္ေျမတဝွမ္းမွာ ကိုဗစ္ကင္းစင္ေနဆဲျဖစ္ၿပီး၊ ေဒသခံေတြဟာ အုန္းသီးကို ေပါေပါေလာေလာ စားၾကတာေၾကာင့္ ကိုဗစ္မျဖစ္တာလို႔ ယုံၾကည္ေနၾက ပါတယ္။

အခုအခ်ိန္မွာ ကိုဗစ္လုံးဝ မကူးစက္တဲ့ႏိုင္ငံ (၁၃)ႏိုင္ငံ ရွိေနၿပီး၊ ဒီအထဲ မွာ ကီရီဘာတီႏိုင္ငံငယ္ေလး လည္း ပါဝင္ပါတယ္။ ဒီလို သတင္းမထြက္တဲ့ ႏိုင္ငံေတြ ထဲမွာ တခ်ိဳ႕က သတင္းအခ်က္အလက္ေတြ မလြတ္လပ္ျခင္းေၾကာင့္ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

အဆိုပါ ကိုဗစ္မျဖစ္ေသးတဲ့ (၁၃)ႏိုင္ငံကေတာ့ ကီရီဘာတီ၊ လီဆိုသို၊ မာရွယ္ကြၽန္းစုႏိုင္ငံ၊ မိုက္ခ႐ိုနီးရွား၊ နာအူ႐ူး၊ ေျမာက္ကိုရီးယား၊ ပလာအူ၊ ဆာမိုအာ၊ ေဆာ္လမြန္ ကြၽန္းစုႏိုင္ငံ၊ တြန္ဂါ၊ တာ့ခ္မင္နစၥတန္၊ တူဗာလူ၊ ဗႏူတူးႏိုင္ငံတို႔ ျဖစ္ပါတယ္။

ကီရီဘၤာတီႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ဟာ တာရာဝါျဖစ္ၿပီး၊ လူဦးေရ (၂၈၈၀၀)ေက်ာ္ ရွိပါတယ္။ ႏိုင္ငံကို အဓိကၿမိဳ႕ႀကီး ေလးၿမိဳ႕နဲ႔ဖြဲ႕စည္းထားၿပီး တာရာဝါ၊ ဘူဝါရီကီ၊ ဘီကန္နီၾဘဴ၊၊ ဘိုင္ကီနီ လို႔ အမည္ရၾကပါတယ္။ အုန္းပင္ပဲ အဓိက စိုက္ပ်ိဳးေရးရွိၿပီး၊ ငါးဖမ္းျခင္းကေတာ့ အဓိက အသက္ေမြးဝမ္းေၾကာင္း ျဖစ္ ပါတယ္။

မူလတန္းေက်ာင္းဆရာ Rooti Tianaira က ” ကြၽန္ေတာ္တို႔ကေတာ့ အုန္းသီး၊ အုန္းေရး၊ အုန္းသီးနဲ႔ ပတ္သက္တဲ့ မုန႔္ေတြကိုပဲ ကိုဗစ္ေရာဂါ ကာကြယ္ေဆးအတြက္ သုံးပါတယ္ … အခုထိေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ကိုဗစ္ျဖစ္တဲ့လူ မရွိေသးပါဘူး … အုန္းသီးမွာ ဗီတာမင္စီ၊ ေအ အကုန္ပါပါတယ္ “လုုိ႔ ေျပာ ခဲ့ပါတယ္။

ဘာသာျပန္-လင္းေဇာ္ကို

unicode

အုန်းသီးတွေ ရဲ့ တန်ခိုးကြောင့် ကိုဗစ် မဖြစ်တာလို့ ယုံကြည်နေ တဲ့ ကီရီဘာတီ ကျွန်းနိုင်ငံလေး

ကီရီဘာတီ ကျွန်းစုနိုင်ငံလေး ဟာ အခြားနိုင်ငံကြီးတွေ ရဲ့ ပင်မကုန်းမြေ နဲ့ အလှမ်းကွာဝေးလွန်းပြီး ပစိဖိတ်ဗဟို အလယ်မှာ တည်ရှိပါတယ်။ လူဦးရေမှာ (၁၁၀၀၀)ကျော်သာ ရှိပြီး၊ သမ္မတနိုင်ငံလေးတစ်ခု ဖြစ်ပါတယ်။ ဘာသာစကားကတော့ ဒေသခံ ကီရီဘာတီဘာသာစကား နဲ့ အင်္ဂလိပ်ဘာသာ ကို သုံးကြပါတယ်။

တခြားနိုင်ငံတွေ ကိုဗစ်ကြောင့် ဒုက္ခ ပင်လယ်ဝေနေချိန်၊ ကီရီဘာတီနိုင်ငံလေးကတော့ သမုဒ္ဒရာအတွင်းမှာ အေးဆေးပါဘဲ။ ကျွန်းစုနယ်မြေတဝှမ်းမှာ ကိုဗစ်ကင်းစင်နေဆဲဖြစ်ပြီး၊ ဒေသခံတွေဟာ အုန်းသီးကို ပေါပေါလောလော စားကြတာကြောင့် ကိုဗစ်မဖြစ်တာလို့ ယုံကြည်နေကြ ပါတယ်။

အခုအချိန်မှာ ကိုဗစ်လုံးဝ မကူးစက်တဲ့နိုင်ငံ (၁၃)နိုင်ငံ ရှိနေပြီး၊ ဒီအထဲ မှာ ကီရီဘာတီနိုင်ငံငယ်လေး လည်း ပါဝင်ပါတယ်။ ဒီလို သတင်းမထွက်တဲ့ နိုင်ငံတွေ ထဲမှာ တချို့က သတင်းအချက်အလက်တွေ မလွတ်လပ်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အဆိုပါ ကိုဗစ်မဖြစ်သေးတဲ့ (၁၃)နိုင်ငံကတော့ ကီရီဘာတီ၊ လီဆိုသို၊ မာရှယ်ကျွန်းစုနိုင်ငံ၊ မိုက်ခရိုနီးရှား၊ နာအူရူး၊ မြောက်ကိုရီးယား၊ ပလာအူ၊ ဆာမိုအာ၊ ဆော်လမွန် ကျွန်းစုနိုင်ငံ၊ တွန်ဂါ၊ တာ့ခ်မင်နစ္စတန်၊ တူဗာလူ၊ ဗနူတူးနိုင်ငံတို့ ဖြစ်ပါတယ်။

ကီရီင်္ဘာတီနိုင်ငံရဲ့ မြို့တော်ဟာ တာရာဝါဖြစ်ပြီး၊ လူဦးရေ (၂၈၈၀၀)ကျော် ရှိပါတယ်။ နိုင်ငံကို အဓိကမြို့ကြီး လေးမြို့နဲ့ဖွဲ့စည်းထားပြီး တာရာဝါ၊ ဘူဝါရီကီ၊ ဘီကန်နီဘြူ၊၊ ဘိုင်ကီနီ လို့ အမည်ရကြပါတယ်။ အုန်းပင်ပဲ အဓိက စိုက်ပျိုးရေးရှိပြီး၊ ငါးဖမ်းခြင်းကတော့ အဓိက အသက်မွေးဝမ်းကြောင်း ဖြစ် ပါတယ်။

မူလတန်းကျောင်းဆရာ Rooti Tianaira က ” ကျွန်တော်တို့ကတော့ အုန်းသီး၊ အုန်းရေး၊ အုန်းသီးနဲ့ ပတ်သက်တဲ့ မုန့်တွေကိုပဲ ကိုဗစ်ရောဂါ ကာကွယ်ဆေးအတွက် သုံးပါတယ် … အခုထိတော့ ကျွန်တော်တို့ နိုင်ငံမှာ ကိုဗစ်ဖြစ်တဲ့လူ မရှိသေးပါဘူး … အုန်းသီးမှာ ဗီတာမင်စီ၊ အေ အကုန်ပါပါတယ် “လို့ ပြော ခဲ့ပါတယ်။

ဘာသာပြန်-လင်းဇော်ကို

Add a Comment

Your email address will not be published. Required fields are marked *

19 − 10 =