ရန်ကုန် ပြည် သူ့ ဆေးရုံကြီး က (၆) သိန်းတန် ကိုဗစ်မ သာ

ရန်ကုန် ပြည် သူ့ ဆေးရုံကြီး က (၆) သိန်းတန် ကိုဗစ်မ သာ

ရန်ကုန်ဆေးရုံကြီး ရဲ့ မရိုးနိုင်သော ပုံပြင် တစ်ပုဒ် လို့ပဲ မှတ်လိုက်ကြ ပါတော့ဗျာ.…

ခြောက်သိန်း တန် ကိုဗစ် မသာ

မောင်ရဲလင်းထွန်း ဆိုသူ ဟာ ချောက်မြို့နယ် တောင်သာရွာ က YGH မှာဆေးရုံ တက်တာ တစ်ပတ်လောက် ရှိပါပြီ ဆေးရုံ စတက်တဲ့နေ့ က ကိုဗစ်သံသရ နဲ့ ဆေးစစ်ခဲ့ ရပါတယ်

ပထမတစ်ကြိမ်နဂ္ဂတစ်ဖြစ်တဲ့ အတွက် သီးခြားမထားပဲ အခြားသူတွေနဲ့ဝပ်ထဲမှာ အတူထားပြီး ကုသခံနေရစဲ ဒီနေ့ မနက် ၆:၄၀ မှာ ဆုံးပါးသွားခဲ့ပါတယ် မိသားစုတွေရဲ့ပြောကြားချက် အရ သေဆုံးသူဟာ အရက်သောက် တတ်ပြီး အဆုပ် နုလုံး အသဲ မကောင်းသူလဲဖြစ်ပါတယ်

ကာယကံရှင်တွေဟာ ဆေးကုသ တဲ့ ဝပ်ထဲက ဇော်ဝင်းအောင် ဆိုသူ မှ ချိပ်ဆက်ပေး တဲ့ ကားဖြင့် ချောက်မြို့သို့အလောင်းပြန်သယ်ရန်သဘောတူကြပါတယ် အလောင်းကိုယ် အိပ်မသွပ်ဘဲ သာမာန် အနေအထားဖြင့် ရေခဲတိုက်ကိုယ်ပို့ဆောင်ကြပြီး အခြားအလောင်းတွေနဲ့ အတူထား ခဲ့ပါသည်

ပြဿနာက စပါပြီခင်ဗျာ ချောက်မြို့ သို့ အလောင်းပြန်ပို့မဲ့ကားက ပရိုဘောက် ကားဖြစ်နေတဲ့ အတွက် ကာယကံရှင်တွေက ခြောက်သိန်းတောင် ယူထားတာ
အခြားနာရေးကားပြောင်းပေး ဖို့တောင်းဆို ပါတယ်

ချိပ်ဆက်ပေးတဲ့သူနဲ့ ကားသမားက အဆင်မပြေဘူး စရံနုစ်သိန်းကနေ တစ်သိန်း လေးသောင်းပြန်အမ်းပြီး ကိုယ့်အစီအစဉ် နဲ့ အလောင်းပြန်ယူပါဟုပြောဆိုပြီး အလောင်းထားတဲ့ ရေခဲတိုက်ထဲ ဝင်သွားပြီး ပြန်ထွက်သွားကြ ပါတယ်

ကာယကံရှင်တွေ အလောင်းထုတ်တဲ့ အချိန်မှာတော့သေသူဟာ ကိုဗစ်သံသရနဲ့သေဆုံး တာဖြစ်တဲ့ အတွက်အလောင်း ကိုယ်ပြန်ယူခွှင့်မပေးတော့ပဲ ထိန်ပင်သုဿန်မှာ စည်ပင်ကိုယ် အကူညီတောင်းပြီး မီးသဂြိုလ်ရန်သာခွှင့်ပြု ပါတော့တယ်

ခြောက်သိန်းသဘော တူခဲ့စဉ်က ပြန်သယ်ဖို့တာဝန်ယူခဲ့ပြီး သူတို့စီစဉ်တဲ့ ကား မဟုတ်တဲ့ အချိန်မှာ ကိုဗစ်သံသရ မသာဖြစ်သွားတဲ့အ တွက် ကာယကံရှင်တွေ တိုင်ကြားတဲ့အခါမှာတော့ YGH အစည်းဝေးဆုံးဖြတ်ချက် အရ သံသရလူနာ လို့သတ်မှတ်ရင် နုစ်ကြိမ်စစ်ဆေးပြီး မရှိမှ ကာယကံရှင်တွေ ကိုယ် အလောင်းထုတ်ယူခွှင့်မည် ဟု သိရှိရပါတယ်

ရေခဲတိုက် ကိုယ်အလောင်းေ ရာက်ပြီး မှ ကိုဗစ်သံသယအလောင်းဖြစ်တဲ့ အတွက် အိပ်စွပ် တာတွေ ဆေးဖြန်းတာတွေ လုပ်ထားခဲ့ပါတယ်တဲ့ အရပ်ကတို့ရေ .…

နောက်ဆုံးတော့ ကားနဲ့ ချိပ်ဆက်ပေးတဲ့ ဝန်ထမ်း ဇော်ဝင်းအောင်ကိုယ် ပြစ်ချက်ဟောင်း ရှိထားရင် အလုပ်ထုတ်ပြစ်ဖို့ အထိ အရေးယူမှာဖြစ်ပြီး မရှိရင်တော့ ပြင်းပြင်းထန်သတိပေးမှာပါတဲ့ဗျာ

နာရေးရှင်တွေ ကိုယ် ကူညီဆောင်ရွက်ပေ တဲ့ ဆရာဝန်များ နဲ့ ဆေးလူမှုက ဆရာ ဦးထွန်းလင်းကိုယ် ခြောက်သိန်းတန် ကိုဗစ် မသာကိုယ်စား အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း မှတ်တမ်းတင် ပါသည် ခင်ဗျာ.…ll

မင်းဒင်

ရွှေသန်လျင် Group

Add a Comment

Your email address will not be published. Required fields are marked *

9 + 3 =