စစ်တွေမြို့ရှိ ကမ္ဘောဇ ဘဏ်ခွဲ ဓားပြတိုက် ခံရပြီး ကျပ် သိန်းထောင်ကျော် ပါသွားသည်ဟုသိရ

စစ်တွေမြို့ရှိ ကမ္ဘောဇ ဘဏ်ခွဲ ဓားပြတိုက် ခံရပြီး ကျပ် သိန်းထောင်ကျော် ပါသွားသည်ဟုသိရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျည်းပင်ကြီးရပ်ကွက် မှာရှိတဲ့ ကမ္ဘောဇ ဘဏ်ခွဲ ၂ ကို ဒီကနေ့ ညနေ ၄ နာရီကျော်က ဓားပြတိုက်ခံခဲ့ရပြီး ကျပ်သိန်း ၁၈၀၀ ပါသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဘဏ်ပိတ်ချိန်မှာ ဘဏ်ရဲ့အနောက်ပေါက် ကနေ ပစ်ကပ်ကား နဲ့ လူ ၄ ယောက်က ဓားတွေကို ပုဆိုးနဲ့ ဆာလာအိတ်ထဲထည့်ဝင်လာပြီး အထဲရောက်မှ ထုတ်ကာ ခြိမ်းခြောက် ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

သူတို့နဲ့အတူ ဘဏ်မှာရှိတဲ့ ငွေကျပ် သိန်း ၁၈၀၀ နီးပါးလောက် ပါသွားတယ် လို့ သိရပြီး ဖမ်းမိနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆောင်ရွက်တဲ့အခါမှာ ကားနဲ့ လူ ၁ ယောက်ကို ဖမ်းမိပြီး ကျန်တဲ့ ၃ ယောက်က ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ဖမ်းမိထားတဲ့သူကို စစ်ဆေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမယ်လို့လည်း ဆိုပါတယ်။

Credit DVB

Add a Comment

Your email address will not be published. Required fields are marked *

2 × four =