ကျောင်းထိုင် ဆရာတော်နဲ့ ကာမပိုင်ရှိတဲ့ ဒကာမ ကုဋီတိုက်ခန်း တွင် သံဝါသပြုနေသည်ကို သက်ဆိုင်ရာမှဖမ်းဆီးရမိ

ကျောင်းထိုင် ဆရာတော်နဲ့ ကာမပိုင်ရှိတဲ့ ဒကာမ ကုဋီတိုက်ခန်း တွင် သံဝါသပြုနေသည်ကို သက်ဆိုင်ရာမှဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင် မူအန်ကန်ကျနဘူရီ မြို့နယ် နောင်ဘိုးဝါး ( ကြာကန် )ရပ်ကွက်ရှိ “……………. ” ကျောင်းတိုက် ၊ ကျောင်းထိုင်ဆရာတော် ဖရဆန်းဆလုန်း ( သို့ ) နိုင်ဆန်းဆလုန်းအသက် ( ၄၁ ) နှစ်သည် ပစ္စည်းလေးပါးဒါယိကာမ……………. နှင့် ကုဋီတိုက်ခန်းတွင် သံဝါသပြုနေသည်ကို အမှတ် ( ၅ ) ရာဇဝတ်မှုနှိမ်နင်းရေးဌာနခွဲ မှ ရဲမှူးအနုချား ဦးစီးအဖွဲ့နှင့်အုပ်ချုပ်ရေးအဖွဲ့တို့မှ ဇွန်လ ၁၀ ရက်နေ့မနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးကာ လူဝတ်လဲစေခဲ့သည်ဟုသိရ ။

ဖြစ်စဉ်မှာ မ…………….သည်ပြီးခဲ့သည့်နှစ်ကမှစ၍ ကိုးကွယ်ခဲ့သော ဘုန်းကြီးကျောင်းသို့ မကြာမခဏ သွားရောက်လေ့ရှိပြီး ခင်ပွန်းဖြစ်သူအား အလှူရှိသည် ၊ ဆွမ်းကပ်စရာရှိသည်ဟု အကြောင်းအမျိုးမျိုးပြသဖြင့် ခင်ပွန်းဖြစ်သူသည် မင်္သကာသဖြင့် အသက် (၁၄) နှစ်အရွယ်သမီးဖြစ်သူအား မိခင်နှင့်အတူ ဘုန်းကြီးကျောင်းကို လိုက်ပြီး အခြေအနေတွေ ကို လေ့လာခိုင်းခဲ့သည် ၊

သမီးဖြစ်သူပြောပြချက် အရ မိခင်သည် ဘုန်းကြီးကျောင်း သို့ရောက်လျှင် သူမအားအပြင်ဓမ္မာရုံတွင်ထိုင်စောင့်ခိုင်းကာ ကျောင်းထိုင်နောက်သို့လိုက်သွားပြီး အချိန် ၁/၂ နာရီကြာသည်အထိပျောက်သွားလေ့ရှိသည်ဟု ဖခင်အားပြန်လည်ပြောပြခဲ့သည် ။

အဲ့ဒီနောက်ခင်ပွန်းဖြစ်သူ သည် ဘုန်းကြီးကျောင်းမှပြန် လာသော ဇနီးသည်အလစ်တွင် သူမ၏ လက်ကိုင်အိပ်အား တိတ်တဆိတ် ရှာဖွေစစ်ဆေးကြည့်ရာ “ပေါက်သင်ညို” ( ကွန်ဒုံး ) များကိုရှာဖွေတွေ့ရှိပြီးနောက် နောက်တစ်ကြိမ်ဘုန်းကြီးကျောင်းသို့ အသွားတွင် သမီးဖြစ်သူအား ဒီတစ်ခါသေချာ လိုက်ကြည့်ရန် မှာကြား လိုက်ပြီး အခြေအနေထူး ပါက အကြောင်းကြား ရန်မှာကြားလိုက်ပါသည် ။

သမီးဖြစ်သူသည် မိခင်နှင့် အတူ ဘုန်းကြီးကျောင်း သို့လိုက်သွားပြီး မိခင်နှင့်ဆရာတော်တို့ ကုဋီတိုက်ခန်း အတွင်းဝင်သွားပြီးနောက် လိုက်လံချောင်းမြောင်းစဉ် သံဝါသပြုနေသည်ကို ပက်ပင်းမိသဖြင့် ဖခင်ဖြစ်သူအား အကြောင်းကြားခဲ့ပြီးနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် ဝင်ရောက် ဖမ်းဆီးကာ ဝိနည်းသိက္ခာပုဒ်နှင့် မညီသော ကျောင်းထိုင် ဆရာတော်အား သာသနာညှိုးနွမ်းစေမှုနှင့် လူဝတ်လဲစေကာ တရားဥပဒေအရ နှစ်ဦးစလုံးအား အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည် ။

Photo NewsCh7 လေးစားမှုဖြင့် ခရစ်ဒက်

Add a Comment

Your email address will not be published. Required fields are marked *

fifteen − four =