သိန်းထောင်ချီ ပါသွား တဲ့ စစ်တွေ ကမ္ဘောဇဘဏ် ဓားပြတိုက် မှု နောက်ဆုံးရ အခြေအနေ

သိန်းထောင်ချီ ပါသွား တဲ့ စစ်တွေ ကမ္ဘောဇဘဏ် ဓားပြတိုက် မှု နောက်ဆုံးရ အခြေအနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကျည်းပင်ကြီး ရပ်ကွက်၊ မြို့မ ဈေးနားက ကမ္ဘောဇဘဏ်ခွဲ ( ၂ )ဟာ ဒီနေ့ညနေ(၄)နာရီကျော်လောက်က ဓားပြတိုက် ခံခဲ့ရပြီး သိန်းထောင်ချီပါသွားခဲ့တယ်လို့ သိရပါတယ်။

“jဖစ်ပြီးခနနေတော့ ရဲတွေရောက် လာတယ်။ ကျွန်တော် တို့လည်း အတိအကျတော့ မသိသေးဘူး။ သူများတွေပြောတာကတော့ သိန်းထောင်ချီ ပြီးပါသွားတယ်လို့ပြောတယ်။” လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

နောက်ဆုံးရ သတင်းအရတော့ စစ်တွေက ကမ္ဘောဇ ဘဏ်ကို ဝင်ရောက် ဓါးပြတိုက်သွားသူ ၁ ဦးနဲ့ ကားကို ဖမ်းဆီးရမိ ပြီဖြစ်ပါတယ်။ တပ်မတော်နဲ့ ပူးပေါင်း အဖွဲ့တွေက လိုက်လံ ဖမ်းဆီးရာ အဆိုပါ ၁ ဦးကို ဖမ်းမိတာဖြစ်ပြီး ဘဏ်ကနေ ရယူသွားတဲ့ ငွေကျပ်သိန်း ၁၈၀၀ခန့် နဲ့ အခြားလူ ၃ ဦးကိုတော့ မမိသေးဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ညနေ ၄ နာရီလောက်က စစ်တွေ ကမ္ဘောဇဘဏ်အတွင်းသို့ ဓါး၊ လက်နက်တွေကို ဆာလာအိတ်နဲ့ပတ် ယူဆောင်လာပြီး အမျိုးသားလေးဦးက ဓါးပြတိုက်ခဲ့ တာဖြစ်ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

2 × five =