အစိုးရ ရုံးများကို ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့သိမ်းပိုက်ပြီး လွတ်မြောက်နယ်မြေ အဖြစ် ကြေညာ

အစိုးရ ရုံးများကို ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့သိမ်းပိုက်ပြီး လွတ်မြောက်နယ်မြေ အဖြစ် ကြေညာ

အမေရိကန်နိုင်ငံ ဆီယက်တဲ မြို့တော်ခန်းမနှင့် အစိုးရရုံးများကို ဖက်ဆစ် ဆန့်ကျင်ရေးအဖွဲ့သိမ်းပိုက်ပြီး လွတ်မြောက်နယ်မြေအဖြစ် ကြေညာ

ဂျော့ခ်ျဖလွိုက်အ တွက် ကန့်ကွက်ပွဲများဖြစ်ပွားလျှက်ရှိတဲ့ အမေရိကန်ပြည်ထောင်စုတွင် ဝါရှင်တန်ပြည်နယ်ရှိ ဆီယက်တဲလ်မြို့တော်၌ ကက်ပီတော်လ်ဟီးလ်ရပ်ကွက်မှ ရဲတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြပြီဖြစ်ပါတယ်။ စွန့်ပစ်သွားသော အစိုးရပရဝုဏ်နှင့် အတားအဆီး များကို ကန့်ကွက်ဆန္ဒပြသူတို့က သိမ်းယူပြီး အတားအဆီးဘလောက်တုံးများ ဝိုင်းပတ်ကာရံလျက် “လွတ်မြောက်နယ်မြေ” အဖြစ် ထူထောင်ကြောင်း ကြေညာလိုက်ပါတယ်။

ဆီယက်တဲလ်အရှေ့ပိုင်း ရဲစခန်းကို ထိန်းချုပ်ထားသော တတ်ကြွလှုပ်ရှားသူတို့က ၁၂- ရိပ်သာနှင့် အီး-ပိုင်း လမ်းကြားရှိ ရပ်ကွက် ၆-ခုတို့အား လွတ်လပ်သော “ ကက်ပီတော်လ်ဟီးလ်ဇုန် “ သို့မဟုတ် “ ကက်ပီတော်လ်ဟီးလ် လွတ်မြောက်နယ်မြေ“ အဖြစ် ကြေညာလိုက် ပါတယ်။

ဇုန်အတွင်း ရောက်ရှိနေသူ သတင်း ထောက် တဦးက ပေးပို့သော ဓါတ်ပုံများတွင် ဆီယက်တဲလ်ရဲဌာနမှာ အရင်းရှင်ဝါဒ၏ မညီမျှမှုများကြောင့် အစဉ်အမြဲ လူမျိုးရေးခွဲခြားနေလိမ့်မည်သာဖြစ်၍ ငွေကြေးဖြတ်တောက်ပစ်လိုက်သည်ဟု စာသားများပါဝင်သော ကြေညာချက်များကို တွေ့မြင်ကြ ရပါတယ်။ နောက်ထပ် သတင်းထောက် တယောက်က အစိုးရရုံးများကို ထိန်းချုပ်ထားသည်မှာ ဖက်ဆစ်ဆန့်ကျင်ရေးဝါဒီ များဖြစ်ပြီး လက်နကိုင်များကိုလည်း တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

လက်ဝဲယိမ်းပြည်သူ့ စစ်တဖွဲ့ကလည်း လက်နက် များ ထောက်ပံ့ပေးထားသည်ဆိုမှာ မှန်ကုန်ကြောင်း၊ အကူအညီ တောင်းခံလာခြင်း ကြောင့် လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း ပြောပါတယ်။

ဆီယက်တဲလ်ရဲမှူးကြီး ကာမန်ဘက်စ် ကတော့ ယုံကြည်မှုနှင့် ပဋိပက္ခအရှိန်ကို လျှော့ချကြောင်း ပြသသည့် အနေဖြင့် တပ်ဖွဲ့ဝင်များအား တနင်္လာနေ့ညနေပိုင်းတွင် ပရဝုဏ်အတွင်းမှ ရုတ်သိမ်းခဲ့ကြောင်း ပြောဆိုသည်။

လွန်ခဲ့သော (၂) ရက်က အဆိုပါနေရာတွင် ဆီယက်တဲလ် ရဲတပ်ဖွဲ့ဝင်များက ငရုတ်ကောင်းစပရေး နှင့် အသံဗုံး ကို အသုံးပြုကာ ကန့်ကွက် ဆန္ဒပြသူများအား လူစုခွဲခဲ့သည်။ မျက်ရည်ယိုဓါတ်ငွေ့အသုံးပြုကြောင်း စွပ်စွဲချက်ထွက်ပေါ်သော်လည်း ရဲတပ်ဖွဲ့က ငြင်းဆိုပြီး အဆိုပါပစ္စည်းကို ရက်ပေါင်း ၃၀-ကြာ အသုံးမပြုရ အမိန့်ကို လိုက်နာလျက် ရှိကြောင်း ပြန်လည် ဖြေကြား ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

one × 2 =