အသား မစားဘဲ ရက်အနည်းငယ် လောက် ရှောင်လိုက်တဲ့ အခါ ရလာမယ့် အကျိုး ကျေးဇူးများ

အသား မစားဘဲ ရက်အနည်းငယ် လောက် ရှောင်လိုက်တဲ့ အခါ ရလာမယ့် အကျိုး ကျေးဇူးများ

အသားစားတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အသားဓာတ်နဲ့ဗီတာမင်တွေ ရနိုင်တဲ့ အပြင် အရသာလည်းကောင်းတာကြောင့် အသားမကြိုက်တဲ့သူ နည်းပါတယ်။ အသားစားတာက ခန္ဓာကိုယ် အတွက် ကောင်းတဲ့ အချက်လည်းရှိသလို၊ ဆိုးတဲ့အချက်လည်းရှိပြီး သူများအသက်သေပြီးမှရတဲ့ အစားအစာမို့ တချို့တွေကလည်း သားသတ်လွတ်စား ကြပါတယ်။

သင့်အနေနဲ့ ရက်အနည်းငယ်လောက် အသားမစား ဘဲ ဟင်းသီး ဟင်းရွက်ကိုပဲ မျှတအောင် စားတဲ့အခါ ဒီကောင်းကျိုးတွေကို ရပါလိမ့်မယ်။

(၁) ဝိတ်ကျသွားမယ်

အသားစားခြင်းက ခန္ဓာကိုယ်ကိုဖွံ့ဖြိုးစေတာကြောင့် ကလေးတွေ ကိုများများ ကျွေးသင့်ပြီး အရွယ်ရောက်ပြီးတဲ့လူကြီးတွေကတော့ အသားကိုအနည်းငယ်ပဲစားသင့်ပါတယ်။

ပုံမှန်အသားများများစားတတ်တဲ့သူက အသားမစားဘဲရှောင်လိုက်တဲ့ အခါ ကိုယ်အလေး ချိန်လျော့ကျသွားပါလိမ့်မယ်။ ဒါကြောင့် ဝိတ်ကျချင်သူတွေက အသားမစားဘဲ ဟင်းသီးဟင်းရွက်ပဲစားသင့်တယ်လို့ အကြံပြုကြတာပါ။

(၂) အသားအရေကြည်လင်လာမယ်

အစာအိမ်နဲ့အူလမ်းကြောင်းထဲက အကျိုးပြုဘက် တီးရီးယားတွေက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကိုချေဖျက်ပေးတာကြောင့် ဝက်ခြံနဲ့အဆီပြန်တာတွေကိုသက်သာစေပြီး အသားအရေကိုကြည်လင်လာစေပါတယ်။

(၃) နဂိုကထက်ပိုပြီးလန်းဆန်း ပေါ့ပါးလာမယ်

အသားမစားဘဲ ဟင်းသီးဟင်းရွက်တွေပဲစားတဲ့ အခါ ခန္ဓာကိုယ်က အဆိပ်အတောက်ကင်းစင်နေတာကြောင့် အလကားနေရင်း မောပန်းနွမ်းနယ်နေတာတွေမဖြစ်တော့ဘဲ နေရတာလန်းဆန်းပြီး ကြည်လင်ပေါ့ပါးနေပါတယ်။ အသားလျှော့စားလေ၊ နေရတာပေါ့ပါးလေပါပဲ။

(၄) အဆီပိုတွေလျော့နည်း လာမယ်

အသားများများစားတဲ့သူတွေက သွေးတွင်းကို လက်စထရောများနေပြီး အဝလွန်ခြင်း၊ ဆီချိုရောဂါနဲ့ နှလုံးရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။ အသားမစားဘဲနေလိုက်တဲ့အခါမှာတော့ အဆီပိုတွေလျော့နည်းလာပြီး ဆီးချိုနဲ့နှလုံးရောဂါလည်းဖြစ်နိုင်ချေနည်းသွားပါတယ်။

(၅) အူလမ်းကြောင်းကိုသန့်စင်စေတယ်

စားလိုက်တဲ့အသားတွေကို ချေဖျက်ဖို့အတွက် အစာအိမ်က အက်ဆစ်ဓာတ် တစ်မျိုးကိုထုတ်လုပ်ပြီး အဲ့ဒီအက်ဆစ်ဓာတ်က အူလမ်းကြောင်းမှာရှိတဲ့ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

အသားမစားဘဲ ဟင်းသီးဟင်းရွက်ပဲ စားတဲ့အခါမှာတော့ အဲ့ဒီ အကျိုးပြု ဘက်တီးရီးယားတွေကို ကောင်းကောင်းရှင်သန်စေတာကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်ကို သန့်စင်စေပါတယ်။

လေးစားစွာဖြင့်ခရက်ဒစ် PP

Add a Comment

Your email address will not be published. Required fields are marked *

one × 3 =