ကမ္ဘောဇ ဘဏ် ဝန်ထမ်း ဟန်ဆောင်ပြီး ကွန်ပျူတာ တက္ကသိုလ်ပါ မောက္ခချုပ် ထံ မှ ငွေလိမ်မှု ဖြစ်ပွား

ကမ္ဘောဇ ဘဏ် ဝန်ထမ်း ဟန်ဆောင်ပြီး ကွန်ပျူတာ တက္ကသိုလ်ပါ မောက္ခချုပ် ထံ မှ ငွေလိမ်မှု ဖြစ်ပွား

မိတ္ထီလာမြို့ ကွန်ပျူတာ တက္ကသိုလ် ပါမောက် ခချုပ်အား ဖုန်းဆက်ကာ ကေဘီဇက်ပေးကို အဆင့်မြှင့်တင်ပေးရန် လျှို့ဝှက်နံပါတ်တောင်းယူပြီး ကျပ် ၁၀ သိန်းထုတ်ယူသွားသော အမည်မသိ အမျိုးသမီးကို ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဧပြီ ၂၉ ရက်က မိတ္ထီလာ တောမကျေး ရွာ အနီးရှိ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်မီမီခင် (၅၂ နှစ်) သည် ပါမောက္ခချုပ် ရုံးခန်းတွင် ရှိနေစဉ် မိန်းကလေးအသံဖြင့် ဖုန်းနံပါတ် ၀၉-၇၇၉၆—- မှဆက်သွယ်ကာ ကေဘီဇက်ပေး အဆင့်မြှင့်တင် ပေးလိုပါသဖြင့် မှတ်ပုံတင်၊ မွေးသက္ကရာဇ် တောင်းခံခြင်း၊ Pin နံပါတ် တောင်းခံခြင်း၊ ဘဏ်လျှို့ဝှက်နံပါတ် တောင်းခံခြင်း ပြုလုပ်သဖြင့်

ဒေါ်မီမီခင်က ဘဏ်လျှို့ဝှက်နံပါတ် ပေးပြီး နောက် ကေဘီဇက်ပေး မှငွေသုံးသိန်း ထုတ်သွားကြောင်း Message ပေးပို့ခဲ့သဖြင့် ဒေါ်မီမီခင်က အဆိုပါ ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းရာ စိတ်မပူရန်နှင့် ယခင် Message ပြန်ဝင်လာခြင်းဖြစ်ကြောင်း၊ အဆင့်မြှင့်တင်မှု ပြုလုပ်သဖြင့် ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း ပြောဆိုပြီး

အဆိုပါနေ့ တစ်ရက်အတွင်း ငွေကျပ် သုံးသိန်းစီ သုံးကြိမ်၊ ငွေကျပ်တစ်သိန်း တစ်ကြိမ် စုစုပေါင်း ကျပ် ၁၀ သိန်း ထုတ်ယူသွားခဲ့သောကြောင့် ဘဏ်ဝန်ထမ်းယောင် ဆောင်ပြီး ဖုန်းဆက်ပြောကြားကာ ဒေါ်မီမီခင်၏ ဘဏ်အကောင့်မှ ကျပ် ၁၀ သိန်းထုတ်ယူသွားသူ အမည်မသိ အမျိုးသမီးအား အရေးယူပေးရန် ဒေါ်မီမီခင်က တရားလို ပြုလုပ်ကာ ဇွန် ၈ ရက်တွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ယင်းအမှုအား မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းက (ပ)၂၄၁/၂၀၂၀ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

နောက်ဆက်တွဲ

မိတ္ထီလာကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ၏ ကေဘီဇက်ပေး ကို အဆင့်မြှင့်တင်ရန်ပြောပြီး ငွေကျပ် ၁၀သိန်း ထုတ်ယူသွားခဲ့တဲ့ အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၁) ဦးကို တောင်ကြီးမြို့တွင် ဖမ်းမိထားကြောင်း ယင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်မီမီခင်က ပြောပါတယ်။

“ဧပြီလတုန်းကဖြစ်တာကို အခုမှ အမှုဖွင့်ပေး လိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကေဘီဇက် ဘဏ်ကနေဖမ်းပေး ထားပြီး ရဲလက်ကိုအပ်ထားလိုက်ပါပြီ။ မိတာကတော့ တောင်ကြီးမှာမိတာပါ။ ဘဏ်ကသိရတာကတော့ သူတို့က တော်တော်များများကို လိမ်ထားတာပါ။” ဟု မိတ္ထီလာကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ မီမီခင်က ပြောပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

four × 2 =