ပုဂံဘုရား (၅၁) ဆူ ဌာပနာ အဖောက် ခံရခြင်းနှင့် သူခိုးများ ရဲ့ ထူးဆန်း တဲ့ ဖောက်ထွင်းနည်း

ပုဂံဘုရား (၅၁) ဆူ ဌာပနာ အဖောက် ခံရခြင်းနှင့် သူခိုးများ ရဲ့ ထူးဆန်း တဲ့ ဖောက်ထွင်းနည်း

အတည်မပြုနိုင်သေးတဲ့ သတင်းများအရ ဌာပနာ အဖောက်ခံရတဲ့ပုဂံဘုရားပေါင်း ၅၁ ဆူရှိသွားပြီလို့သိရပါတယ်။အတည်ပြုပြီးသတင်းများအရ ဌာပနာများထဲက ဘာတခုမှ ယူဆောင်မသွားဘူးလို့ ဆိုပါတယ်။

သူခိုးတွေဟာ ဘုရားအထွဋ် မှာ ရှိတဲ့ ဌာပနာတိုက်ကို နေရာအတိအကျသိတဲ့ ပုံ ဖြစ်နေပါတယ်။ ဌာပနာဖောက် တဲ့ နေရာမှာ အုတ် ၂ ချပ်ထက် ပိုမဖောက် ထားတာကို တွေ့ရပါတယ်။ ပိုထူးဆန်းတာက အချို့ဘုရားတွေ ရဲ့အတွင်းကို အသာအယာ သော့ဖွင့်ဝင်ထားကို တွေ့ရတာပါ။

ဘုရားတစ်ဆူအတွင်းမှာ ဘီယာ တစ်ဖာကျန် ခဲ့တာ ကိုလည်း တွေ့ရပါတယ်။ ဘီယာသောက်ရင်း အေးရာ အေးကြောင်းဖောက်ခဲ့ ပုံရပါတယ်။ သဘောကတော့… ‘ငါတို့က ဌာပနာ ယူစရာမလိုဘူးဟေ့ လုံလောက်တဲ့ ပိုက်ဆံရထားပြီးသားကွ လုပ်ချင်လို့ ကိုလုပ်တာ မင်းတို့ ဘာတတ်နိုင်တုန်း’ ဆိုတဲ့ စိန်ခေါ်တဲ့ သဘော ပါပဲ။

Aung Zayya

Add a Comment

Your email address will not be published. Required fields are marked *

16 − 8 =