Covid-19 ကိုအောင်မြင်စွာ တွန်းလှန်နိုင် ခဲ့တဲ့ (၁၁၃) နှစ် အရွယ် စပိန်အဖွားအို
crd : panpyoelat
unicode
ပင်စင်စောင့်ရှောက်ရေးဂေဟာ မှတဆင့် Covid-19 ကူးစက်ခံခဲ့ရတဲ့ ၁၁၃ နှစ်အရွယ် အဖွားအိုဟာ စပိန်နိုင်ငံရဲ့အသက်အကြီးဆုံးဖြစ်ရုံသာမက ရောဂါပိုးကိုပါ အောက်မြင်စွာတိုက်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။Maria Branyas လို့အမည်ရတဲ့သူမဟာ အမေရိကန်နိုင်ငံ ဖွားဖြစ်ပြီး စပိန် အရှေ့ပိုင်းရှိ Olot မြို့က Santa Maria del Tura စောင့်ရှောက်ရေးဂေဟာမှ တဆင့် ရောဂါကူးစက်ခံ ခဲ့ရကာ ထိုဂေဟာမှာပင် ပြန်လည်ပျောက်ကင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ယခုလောလောဆယ် ကျန်းမာရေးကောင်းမွန်လျက် ရှိပြီး ပြီးခဲ့တဲ့ အပတ်က ဆေးအဖြေမှာ ရောဂါမရှိတော့မှန်းသိခဲ့ရတာလို့ ဆိုပါတယ်။ကလေးသုံးယောက်မိခင်သူမကို သူမရောဂါကူးစက်ခံရတဲ့ ဂေဟာမှာပဲ ကုသစေခဲ့ပြီး သူမကိုစောင့်ရှောက်ဖို့ ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ သူနာပြုတစ်ဦးသာ ထားရှိနိုင် ခဲ့တာပါ။ သူမရဲ့သမီး Rosa Moret ကိုမေးမြန်းရာမှာတော့ ” အမေက သူရောဂါကိုဘယ်လိုတွန်းလှန်နိုင် ခဲ့ကြောင်းပဲ ပြောဖို့ စိတ်အားထက်သန်နေတယ်” လို့ပြောပြသွားပါတယ်။
သူမကို ၁၉၀၇ခုနှစ် မေလ ၄ရက်နေ့မှာ ဆန်ဖရန်စစ်စကို မှာဖွားမြင်ခဲ့ပြီး စပိန်လူမျိုးဂျာနယ်လစ် အဖေနဲ့အတူ ပထမ ကမ္ဘာစစ် အတွင်းမှာ စပိန်နိုင်ငံသို့ရောက်ရှိလာပြီး ၁၉၁၈-၁၉ စပိန်အဖျားကပ်ရောဂါ နဲ့ ၁၉၃၆-၃၉ စပိန်ပြည်တွင်းစစ်ကိုလဲမှီခဲ့သူဖြစ်ပါတယ်။ ယခု Covid-19 ကြောင့် စပိန်မှာသေဆုံးသူ ၂၇,၀၀၀ ကျော် ခဲ့ပြီ လည်းဖြစ်ပါတယ်။
crd : panpyoelat