ရန်ကုန် တမြို့လုံးကို လျှပ်စစ် မော်တာ တလုံးမှ မပါပဲ ဂျိုးဖြူကန် ရဲ့ အံ့သြဖွယ်ရာ ရေပေးဝေ နေတဲ့ စနစ်..

ရန်ကုန်မှာ နေတာမှန်ရင် ဂျိုးဖြူရေကို သုံးဖူးကြ ပါလိမ့်မယ်..

ဂျိုးဖြူရေ ဘယ်လိုဖြန့်ဝေလဲဆိုတာ လေ့လာကြည့် ရအောင်..

ဂျိုးဖြူရေလှောင်ကန်ဟာ ၁၇၉၂ ဧက ကျယ်ဝန်းပြီး၊

ရန်ကုန်မြို့မှ (၅၅) မိုင်အကွာအဝေးမှာရှိတဲ့ တိုက်ကြီးမြို့နယ် မှာ တည်ရှိ ပါတယ်

ဂျိုးဖြူရေလှောင်ကန်ကို (၁၉၃၇) ခုနှစ်မှာ အင်္ဂလိပ်အင်ဂျင်နီယာ

နှစ်ဦးက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး၊ ၁၉၄၀ ခုနှစ်မှာ ရေစတင် ပေးဝေခဲ့တာ ဖြစ်ပါတယ်

ရေပေးဝေတဲ့စနစ်ဟာ ၄၃ ပေအရှည်ရှိတဲ့ သံပိုက်လုံးတွေနဲ့ စတင်သွယ်တန်းခဲ့ပါတယ်

သံပိုက်လုံးအမျိုးအစားကတော့ ၅၆ လက်မအကျယ်ရှိတဲ့

မိုင်းစတီးပိုက် အမျိုးအစားပဲ ဖြစ်ပါတယ်

ဂျိုးဖြူရေကန်ထဲမှ ရေတွေရဲ့ အရင်းအမြစ်က မိုးရေဖြစ်ပြီး

mini Laboratory မှာ ဂျိုးဖြူကန်မှ ရေရဲ့အရောင်၊ အဆင့်အတန်း နဲ့ ရေသိပ်သည်းဆ

အနည်ထိုင်မှုကို တိုင်းတာချက်အရ ဂျိုးဖြူရေဟာ ကျမ်းမာရေးအတွက်

အထူးသင့်တော်တဲ့ Ph level အမျိုးအစားထဲမှာ ပါဝင်ခဲ့ပါတယ်

ယခုဆိုရင် နှစ်ပေါင်း ၈၃ နှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ ဂျိုးဖြူရေလှောင်ကန်ဟာ

တချို့ကုန်းကျော် တံတားရှိတဲ့ နေရာက အများပြည်သူတွေရဲ့ စည်းကမ်းမဲ့

အမှိုက်စွန့်ပစ်မှုကြောင့် ဂျိုးဖြူပိုက်လိုင်းအတွင်း အောက်စီဂျင် ရောက်ရှိမှု

နည်းတာမှအပ ၂၀၁၇ မတ်လ ၁၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အစိုးရ ကြေငြာချက်အရ

5.8 မီတာစကေး ရှိတဲ့ မြေငလျှင်ဒဏ်ကိုတောင် ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်

ဂျိုးဖြူကန်ရဲ့ ရေပေးဝေမှုစနစ်က လျှပ်စစ်မော်တာတလုံးမှ

အသုံးပြုမပါပဲ Gavity ကမ္ဘာ့မြေစွဲအားအရ ရေကို မြင့်ရာမှ နိမ့်ရာသို့

စီးဆင်းမှုကနေ ရန်ကုန်မြို့တမြို့လုံး ကို ရေပေးဝေတဲ့ စနစ်

ဖြစ်ပါတယ်လို့ ဂျိုးဖြူရေကန် ထိန်းသိမ်း စောင့်ရှောက်ရေး

လျှပ်စစ်အင်ဂျင်နီယာမှူးကြီးက ပြောပြ သွားပါတယ်

ရေစတင်ပေးဝေတဲ့နေရာ Terminal က ရေအောက် ၁၄၂ ပေ

အနက်မှာတည်ရှိပြီး၊ အရှည် ၇၅၅ပေ ၊ ထု ၁၄ ပေ ၁၅ ပေခန့် အထူ

(၂၀၁၉ ခုနှစ်၊ မတ်လ တိုင်းထွာချက်အရ ခန့်မှန်းအတိုင်းအတာ) ရှိကြောင်း သိရှိရပါတယ်

ကိုကျော်ဇောလင်းရဲ့ ပြောပြချက်များကို စာအဖြစ်ပြန်လည် ရေးသားဖော်ပြပါသည်

hannyeinnews