“အသက် (၅၅)နှစ် မိခင်ဖြစ်သူ ရဲ့ လှမြဲလှဆဲ အလှတရားတွေ ကို ကြည့်ပြီး မိခင်ဖြစ်သူကို အမြဲအားကျချစ်ခင်နေရသူပါလို့ ဆိုတဲ့ အေးမြတ်သူ”

“အသက် (၅၅)နှစ် မိခင်ဖြစ်သူ ရဲ့ လှမြဲလှဆဲ အလှတရားတွေ ကို ကြည့်ပြီး မိခင်ဖြစ်သူကို အမြဲအားကျချစ်ခင်နေရသူပါလို့ ဆိုတဲ့ အေးမြတ်သူ”

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချော အေးမြတ်သူကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို သူမရဲ့ပွင့်လင်းရိုးရှင်းစွာ နေထိုင်တတ်တဲ့ အပြုအမူလေးတွေနဲ့ သိမ်းပိုက်ထားသူပဲဖြစ်ပါတယ်.။ အမြဲ ရိုးရှင်းစွာ နေတတ်ပြီး ပကာသန မရှိဘဲ ဘဝကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းတတ် သူပါ.။

အပျိကြီးဘဝနဲ့ မိဘနှစ်ပါးအနားမှာ ကလေးလေးတစ်ယောက်လို နေပြီး သူမ ရဲ့ ဘဝကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေသူပဲဖြစ်ပါတယ်.။ ပြီးခဲ့တဲ့ ဇွန်လ (၈)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အသက် (၃၄)နှစ်ပြည့် မွေးနေ့ပြီးနောက်မှာ ဇွန်လ (၉)ရက်နေ့မှာ အေးမြတ်သူက သူမအားကျပြီး လေးစားချစ်ခင်ရသူ မိခင်ဖြစ်သူကို ကျေးဇူး တင်တဲ့ အကြောင်းလေးကို “မွေးနေ့မှစပြီးနေ့ရက်တိုင်းကို… ဒီနေ့လိုလှလှလေးနဲ့ပြုံးပြုံးအသက်ရှည်ကျန်းမာအောင် နေပေးပါနော်…..မေကြီး။ ဒီထပ်ပိုကောင်းတဲ့နေထိုင်မှုမျိုးဖြစ်အောင်ကြိုးစားပေးပါ့မယ်….။ အလှချင်းအမြဲ ပြိုင်ပြီးငြင်းခုန်နေချင်ပါတယ်….။ ဆံပင်အရှည်လေးထားပေးပြီးအရောင်ဆိုးတာလဲလျော့ပေးပါ။ နုတ်ခမ်းနီတောက်တောက်တွေကတော့ မေကြီးအမြဲဆိုးပါ..။ သမီးကို မဆိုးခိုင်းပါနဲ့ နော်။ …ရုန်းကန်းခက်ခဲမှုတွေကို မိသားစုအတွက်ဖြတ်ကျော်ပေးခဲ့လို့.. အရမ်းကျေးဇူးတ င်ပါတယ်.။ သတ္တိဆိုတာ မေကြီး ဆီက ရခဲ့တာပါ…။ အပြုံးတွေကလည်း မေကြီးဆီက ရခဲ့တဲ့အတွက် အရမ်းကို အဖိုးတန်ခဲ့ပါတယ်……ရန်တွေဖြစ်ရင်း… စိတ်တွေဆိုးရင်း…. အသက်ရှည်ကျန်းမာပါစေနော်…။

အသက်(၅၅)…မေကြီးကို အရမ်းအားကျတယ်။ အိမ်ထောင် တစ်ခု ကို ဘယ်လိုသည်းခံထိန်းသိမ်းရမလည်း သိတဲ့မေကြီး….. ကို အားကျတယ်….။ အသက်(၅၅)မှာရမြေးချီရင်းလှနေတဲ့ မေကြီး ကိုမနာလိုဘူး..။. ဖေကြီး ကို ခုချိန်ထိ အရမ်းသည်းခံပေးနေတဲ့အတွက်လည်း.. အရမ်းကျေးဇူးတင်ပါတယ်….။ ချစ်တယ်မေကြီး….” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ချစ်ရတဲ့ သူမမိခင်ကို အမြဲလေးစားအားကျနေရပြီးအသက် (၅၅)နှစ်တိုင်အောင် လှမြဲလှပနေဆဲ့ မိခင်ဖြစ်သူကို သူမရဲ့ ရင်ထဲကနေ ချစ်မြတ်နိုးတဲ့ အကြောင်းလေးကို ရေးသားတင်လာခဲ့တာပဲဖြစ်ပါတယ်နော်.. ပရိသတ်ကြီး.။

Source: Aye Myat Thu’s Facebook

Add a Comment

Your email address will not be published. Required fields are marked *

twenty + 18 =