ကား (၅) စီးဆင့် တိုက်မှု ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဦးကျော်သူ

ကား (၅) စီးဆင့်တိုက်မှု ကိုယ်တိုင်ကြုံ ခဲ့ရတဲ့ ဦးကျော်သူနှင့် ရရှိခဲ့တဲ့ အသိတရားတခု.ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်သော်ငြား.. ဘာမှ မပူပါနဲ့။ ဘာမှ မဖြစ်ဘူး။ ဗုဒ္ဓဘုရား နှလုံးသား မှာရှိတယ်။ ဘုန်းဘုန်းဘုရား လည်မှာ ဆွဲထားတယ်။ယနေ့ ဇန်နဝါရီလ ၁၃ ရက် နာရေးကူညီမှုလမ်းကြောင်း ရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိ ဖြတ်လမ်းရှိသောနေရာတွင် ပင်မကားများရှင်းပါက တစ်ဖက်လမ်းသို့ ကူးရန်အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနှင့် လိုက်ထရပ်ကားအား နောက်မှ အဝေးပြေး ခရီးသယ်တင်ကားတစ်စီးမှ တိုက်လိုက်၍ ရှေ့ဆုံးတွင်ရပ်နေသော ကားမှာ တစ်ဆင့်ချင်းတိုက်ခံရပြီး ကျွန်တော်မောင်းလာသည့် နာရေးနိဗ္ဗာန်ယာဉ်အား ရှေ့ဘေးမှ ဆောင့်တိုက် လိုက်၍ မိမိမှ ရှောင်လိုက်သော်လည်း မိမိ၏ ညာဖက်ရှိ ဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဖက်ကို မိမိမှတစ်ဆင့် တိုက်မိတော့သည်။

လူများဘာမျှမဖြစ်သော်လည်း တိုက်ခံရသည့်ကားငယ် (ရှေ့/နောက်)၊ လိုက်ထရပ် (ရှေ့/နောက်)၊ နာကူယာဉ် ရှေ့ (ဘယ်/ညာ) ၊ဘတ်စ်ကားကြီး (နောက်ဖက်ဘယ်ဖက်ခြမ်း ပွန်း) အသီးသီးထိသွားခဲ့သည်။ ကား (၅) စီးဆင့်ကာ ဆင့်ကာ တိုက်ခံရသည့်ဖြစ်ရပ်ပင် ဖြစ်တော့သည်။မိမိမှ လမ်းမှန်၊ ပုံမှန်မောင်းသော်ငြား တစ်ဖက်မှ အန္တရာယ်သည် မည်ကဲ့သို့လာမည်ကို အထူး သတိထားရန် အသိတရားတစ်ခုရှိခဲ့ရသည်။နိဗ္ဗာန်ယာဉ်ပေါ် ပါလာသော ဘဝကူးသွားသည့်ရုပ်ခန္ဓာအား အသင်းမှ နိဗ္ဗာန်ယာဉ် တစ်စီးအား အမြန်ခေါ်၍ ဘော်ဒီအားပြောင်းရွှေ့ကာ ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးမှုအား
တာဝန်မပျက်၊ တာဝန်ကြေစွာ လုပ်ဆောင်ပေးခဲ့ပါသည်။

အသင်းသို့ ပြန်အရောက် သုခဆေးခန်းမှ တာဝန်ရှိသူများမှ အတင်း ခေါ်ဆောင်၍ မိမိအား အာထရာဆောင်းစက်ဖြင့် မိမိ၏နှလုံးအားစစ်ဆေးပါတော့သည်။ သွေးပေါင်ချိန်ဖြင့် ချိန်ပါတော့သည်။ ဘာမှမဖြစ်။ ဘာမှမတွေ့။ မိမိတွင် ဗုဒ္ဓရှိနေသည်။ ဘုန်းဘုန်းရှိနေသည်။ မည်သို့ဖြစ်စေ မော်တော်ကား၊ ဆိုင်ကယ်၊စက်ဘီး၊ လမ်းလျှောက်သည့် နေ့စဉ် လုပ်ရပ်များတွင် မိမိသည်.. ဘယ်လောက်မှန်မှန် ဘယ်လောက်ဖြေးဖြေး ဘယ်လောက်သတိထားထား တစ်ဖက်မှ အန္တရာယ်သည် အချိန်မရွေး ထိပ်တိုက်ရင်ဆိုင်နိုင်သည်ကိုတော့ သိထားသင့်တော့သည်။

Kyaw Thu

crd

ကား (၅) စီးဆင့္တိုက္မႈ ကိုယ္တိုင္ႀကဳံ ခဲ့ရတဲ့ ဦးေက်ာ္သူႏွင့္ ရရွိခဲ့တဲ့ အသိတရားတခု.ကားငါးစီးဆင့္ကာ ဆင့္ကာတိုက္ေသာ္ျငား.. ဘာမွ မပူပါနဲ႔။ ဘာမွ မျဖစ္ဘူး။ ဗုဒၶဘုရား ႏွလုံးသား မွာရွိတယ္။ ဘုန္းဘုန္းဘုရား လည္မွာ ဆြဲထားတယ္။ယေန႔ ဇန္နဝါရီလ ၁၃ ရက္ နာေရးကူညီမႈလမ္းေၾကာင္း ေရေဝးသုႆန္သို႔အသြား လမ္းတစ္ေနရာရွိ ျဖတ္လမ္းရွိေသာေနရာတြင္ ပင္မကားမ်ားရွင္းပါက တစ္ဖက္လမ္းသို႔ ကူးရန္အတြက္ တန္းစီေစာင့္ေနေသာ ကားေလးတစ္စီးႏွင့္ လိုက္ထရပ္ကားအား ေနာက္မွ အေဝးေျပး ခရီးသယ္တင္ကားတစ္စီးမွ တိုက္လိုက္၍ ေရွ႕ဆုံးတြင္ရပ္ေနေသာ ကားမွာ တစ္ဆင့္ခ်င္းတိုက္ခံရၿပီး ကြၽန္ေတာ္ေမာင္းလာသည့္ နာေရးနိဗၺာန္ယာဥ္အား ေရွ႕ေဘးမွ ေဆာင့္တိုက္ လိုက္၍ မိမိမွ ေရွာင္လိုက္ေသာ္လည္း မိမိ၏ ညာဖက္ရွိ ဘတ္စ္ကားတစ္စီး၏ ေနာက္ပိုင္းေဘးဖက္ကို မိမိမွတစ္ဆင့္ တိုက္မိေတာ့သည္။

လူမ်ားဘာမွ်မျဖစ္ေသာ္လည္း တိုက္ခံရသည့္ကားငယ္ (ေရွ႕/ေနာက္)၊ လိုက္ထရပ္ (ေရွ႕/ေနာက္)၊ နာကူယာဥ္ ေရွ႕ (ဘယ္/ညာ) ၊ဘတ္စ္ကားႀကီး (ေနာက္ဖက္ဘယ္ဖက္ျခမ္း ပြန္း) အသီးသီးထိသြားခဲ့သည္။ ကား (၅) စီးဆင့္ကာ ဆင့္ကာ တိုက္ခံရသည့္ျဖစ္ရပ္ပင္ ျဖစ္ေတာ့သည္။မိမိမွ လမ္းမွန္၊ ပုံမွန္ေမာင္းေသာ္ျငား တစ္ဖက္မွ အႏၲရာယ္သည္ မည္ကဲ့သို႔လာမည္ကို အထူး သတိထားရန္ အသိတရားတစ္ခုရွိခဲ့ရသည္။နိဗၺာန္ယာဥ္ေပၚ ပါလာေသာ ဘဝကူးသြားသည့္႐ုပ္ခႏၶာအား အသင္းမွ နိဗၺာန္ယာဥ္ တစ္စီးအား အျမန္ေခၚ၍ ေဘာ္ဒီအားေျပာင္းေ႐ႊ႕ကာ ေရေဝးသုႆန္သို႔ ပို႔ေဆာင္သၿဂႋဳလ္ေပးမႈအား တာဝန္မပ်က္၊ တာဝန္ေၾကစြာ လုပ္ေဆာင္ေပးခဲ့ပါသည္။

အသင္းသို႔ ျပန္အေရာက္ သုခေဆးခန္းမွ တာဝန္ရွိသူမ်ားမွ အတင္း ေခၚေဆာင္၍ မိမိအား အာထရာေဆာင္းစက္ျဖင့္ မိမိ၏ႏွလုံးအားစစ္ေဆးပါေတာ့သည္။ ေသြးေပါင္ခ်ိန္ျဖင့္ ခ်ိန္ပါေတာ့သည္။ ဘာမွမျဖစ္။ ဘာမွမေတြ႕။ မိမိတြင္ ဗုဒၶရွိေနသည္။ ဘုန္းဘုန္းရွိေနသည္။ မည္သို႔ျဖစ္ေစ ေမာ္ေတာ္ကား၊ ဆိုင္ကယ္၊စက္ဘီး၊ လမ္းေလွ်ာက္သည့္ ေန႔စဥ္ လုပ္ရပ္မ်ားတြင္ မိမိသည္.. ဘယ္ေလာက္မွန္မွန္ ဘယ္ေလာက္ေျဖးေျဖး ဘယ္ေလာက္သတိထားထား တစ္ဖက္မွ အႏၲရာယ္သည္ အခ်ိန္မေ႐ြး ထိပ္တိုက္ရင္ဆိုင္ႏိုင္သည္ကိုေတာ့ သိထားသင့္ေတာ့သည္။Kyaw Thu