မြင်နေကျပုံစံလေး နဲ့ ကွဲထွက်နေပြီး စတိုင်လ်ပြောင်းထားကာ လူမှားသွားအောင် လှသွေးကြွယ်နေတဲ့ မမဆောင်း

ပရိသတ်ကြီးရေ.. မမဆောင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး ချစ်စရာကောင်းသလို ပွင့်လင်းမှုတွေ နဲ့ အချစ်ပိုစေတဲ့ အဆိုတော်သရုပ်ဆောင် ဆောင်းအိန္ဒြေကိုတော့ ပရိသတ်တွေတော်တော်များများ တစ်ခဲနက်အားပေးချစ်ခင်နေကြမှာပါနော်..။မမဆောင်းကတော့ သီချင်းကောင်းလေးတွေ များစွာထွက်ရှိထားပြီး ပရိသတ်တွေကိုလည်းအကြိုက်တွေ့စေသလို သရုပ်ဆောင်ပိုင်းမှာလည်း ကြော်ငြာလေး တွေလည်း ရိုက်ကူးနေပြီး Live Sale တွေမှာလည်း မကြာခဏတွေ့မြင်ရပါတယ်နော်..။

မမဆောင်းကတော့ သူမရဲ့လှုပ်ရှားမှုတွေကို အမြဲမျှဝေလေ့ရှိသလို ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးတွေ နဲ့လည်း အချစ်ပိုစေကာ အခုတစ်ခါမှာလည်း ညို့အားပြင်းတဲ့ သူမရဲ့အမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားသူလေးလည်း ဖြစ်ပါတယ်..။အခုတစ်ခါမှာလည်း မမဆောင်းတစ်ယောက် ပရိသတ်တွေသူမကို မြင်နေကျပုံစံလေးနဲ့ ကွဲထွက်နေပြီး ပုံစံလေးတွေပြောင်းကာ လူမှားသွားလောက်အောင်ကို လှသွေးကြွယ်ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေ ဝေမျှလာတာပဲ ဖြစ်ပါတယ်နော်..။

“စတိုင်လ်ပြောင်းထားတဲ့ မမဆောင်း ပါရှင့် ခစ်ချစ်တဲ့သူတွေအတွက် အပင်ပန်းခံပြီး မနည်း ကြိုးစားပြီး ပုံစံပြောင်းပေးထားဒါပါနော့ 😜..” ဆိုပြီး မမဆောင်းက သူမရဲ့အမိုက်စားပုံရိပ်လေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။ဆွဲဆောင်မှုတွေရှိလွန်းတဲ့ မမဆောင်းရဲ့ညို့အားပြင်း လှသွေးကြွယ်လွန်းနေတဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း မြင်သူတိုင်းသဘောကျအချစ်ပိုနေကြပြီး ချစ်စရာကောင်းတဲ့အကြောင်းလေးတွေ မှတ်ချက်ပေးရေးသားထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: မမဆောင်း Fb Page