သူမ အနေနဲ့ နောက်သုံးနှစ်လောက် ထိ အချစ်ကို မရှာသေးကြောင်း ပြောပြ ခဲ့တဲ့ နန်းစန္ဒာလှထွန်း”

သူမ အနေနဲ့ နောက်သုံးနှစ်လောက် ထိ အချစ်ကို မရှာသေးကြောင်း ပြောပြ ခဲ့တဲ့ နန်းစန္ဒာလှထွန်း”

ပရိသတ်ကြီး​ရေနန်းစန္ဒါလှထွန်းကတော့ နာမည်လေးကြားရုံနဲ့ ရှမ်းတိုင်းရင်းသူလေး ဆိုတာ အထူး​ပြောစရာမလိုအောင်ပါပဲနော်။ MRTV -4မှာ ပြသခဲ့တဲ့ ” ပ ဉ္စလက်ရွာ” ဇာတ်လမ်းတွဲမှာရေဝတီဆိုတဲ့ကာရိုက်တာလေးနဲ့ ပရိသတ်ရင်ထဲ အရင်ဆုံးရောက်ရှိခဲ့သူလေးပါ။ ပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့ အရိပ်ဇာတ်လမ်းတွဲမှာလည်း နာစ့်မ ဆရာမလေး သက်သက်အနေနဲ့ ပုရိသပရိသတ်တွေ တဖြုတ်ဖြုတ်ကြွေခဲ့ရသူလေးပါ။

လက်ရှိမှာလည်းအသစ်သစ်သော ဇာတ်လမ်းတွဲတွေကိုထပ်မံ ရိုက်ကူးနေပြီး ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းမှာလည်း အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ ဇာတ်လမ်းတွဲမင်းသမီးစစ်စစ်တစ်လက်ဖြစ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝါရင့်အနုပညာရှင်တွေကတောင်ချီးကျုးရတဲ့အထိပါပဲနော်။လတ်တလော မှာလည်း သူမပရိသတ်တွေအတွက် TikTokလေးတွေဆော့ကာ ပြန်လည်ဝေမျှထားပါသေးတယ်။

သူမရဲ့အချစ်ရေးကတော့ တစ်ယောက်ထဲ Singleအနေနဲ့ အနုပညာ အလုပ်တွေဆက်တိုက်လုပ်ကိုင်နေသူလေးပါ။လက်ရှိမှာတော့ ” More Loads Of Your Candy နောက်(၃) နှစ်လောက် ခုလိုပဲ ‌အေးဆေး တစ်ယောက်ထဲ ပျော်သွားပါအုံးမယ် “ဆိုတဲ့စာလေးနဲ့ အလှပုံလေးတွေတင်လာခဲ့တာပါ။ sပရိသတ်ကြီးလည်း နန်းစန္ဒါလှထွန်း ကို Singleအဖြစ်နဲ့ပဲ မြင်ချင်သေးရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Source: Nan Sandar Hla Htun