လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်လေးနဲ့ အထာကျကျပို့စ်တွေပေးကာ ဆွဲဆောင်မှုအပြည့် နဲ့ “ရွှေအိမ်စည်”

ရွှေအိမ်စည်ကတော့ အောင်မြင်နေတဲ့ မော်ဒယ်တစ်ယောက်အဖြစ်ရပ်တည်ထားနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းမွန်လွန်းတာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ သူမကတော့ မော်ဒယ် တစ်ယောက်ပီပီ အချိုးအစားပြေပြစ်ပြီး ကျစ်လစ်လှပတဲ့ အမိုက်စားကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့အိမ်စည်က နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာရတာ ဖြစ်ပါတယ် ။ ရွှေအိမ်စည်ကတော့ အသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး ပရိသတ်အားပေးမှုကိုလည်း အခိုင်အမာရရှိထားတာဖြစ်ပါတယ်။ လတ်တလောမှာတော့ လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးကိုဝတ်ဆင်ကာ ဖြူဝင်းဥပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အလှတရားတွေနဲ့ ညို့ယူဖမ်းစားထားပြန်တဲ့ အထာကျကျပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးထဲမှာ အိမ်စည်တစ်ယောက် အပြတ်လန်းလွန်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေအိမ်စည်ရဲ့ ပုံလေးတွေ ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ရှေ့ဆက်ပြီးလည်း အိမ်စည်ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Source : Shwe Eain Si Facebook Page