(၄၈) နာရီ အတွင်းဖြစ်ပေါ်လာ မယ့် မုန်တိုင်း သတင်း ပါ..အရေးကြီး လို့ ဖတ်ကြည့်ပြီး မျှဝေပေးပါ

၄၈ နာရီ အတွင်းဖြစ်ပေါ်လာမယ့် မုန်တိုင်းသတင်း

ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီ ပင်လယ်ပြင်မှာဖြစ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး နောက် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင် တယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်း ထုတ်ပြန်ပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီခွဲ အချိန်တိုင်းထွာချက်တွေ အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်း လာပြီးနောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်(Depression) အဖြစ် ရောက်ပြီး ကနဦးမှာတော့ အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

DVB TV News

Add a Comment

Your email address will not be published. Required fields are marked *

3 × 4 =