လည်ပြန်ငေးရမယ့် အလှတရားတွေ နဲ့ ထိရက်စရာမရှိလောက်အောင်ကို ကျော့ရှင်းပြီး လှသွေးကြွယ်လွန်းနေတဲ့ နန်းဆုရတီစိုး

ပရိသတ်ကြီးရေ.. ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေး တွေကြောင့် အနုပညာလောကမှာ ပရိသတ်တွေ အချစ်ပိုနေကြရသူလေးကတော့ အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်နော်..။ နန်းဆုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ ချောမောလှပလွန်းတဲ့ မျက်နှာလေးနဲ့ ဖြူဖွေးဝင်းဥနေတဲ့အသားအရေတွေကို ပိုင်ဆိုင်ထားတဲ့အပြင် အချိုးအစားကျလွန်းတဲ့ခဏကောက်ကြောင်းအလှတွေကြောင့်လည်း ပရိသတ်တွေကြားရေပန်းစားနေသူလေးလည်း ဖြစ်ပါတယ်..။

အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေများစွာ ထွက်ရှိထားတဲ့ နန်းဆုလေးကတော့ မကြာခင်ကမှသီချင်းအသစ်လေးတစ်ပုဒ် ထွက်ရှိထားပြီး ပရိသတ်တွေကို အကြိုက်တွေ့သဘောကျစေပြန်တာလည်း တွေ့ရပါတယ်နော်..။ အခုတစ်ခါမှာလည်း သူမရဲ့သီချင်းအသစ် MTV ထဲက ဇာတ်ဝင်ခန်းပုံရိပ်လေးတွေကို နန်းဆုလေးကဝေမျှထားပြီး လည်ပြန်ငေးရမယ့် အလှတရားတွေနဲ့ ထိရက်စရာ မရှိလောက်အောင်ကို ကျော့ရှင်းပြီးလှသွေးကြွယ်လွန်းနေတဲ့ နန်းဆုလေးကို အားလုံးပဲ မြင်တွေ့ရမှာပါနော်..။

“Club ကိုသွားသောင်းကျန်းတဲ့အခန်းလေး ကြိုက်ကြတယ် ဆိုလို့ 😬..” ဆိုပြီး MTV ရိုက်ကွင်းပေါ် က ဆွဲဆောင်မှုရှိလွန်းတဲ့ သူမရဲ့အမိုက်စားပုံရိပ်လေးတွေကို နန်းဆုလေးက ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။ ပရိသတ်တွေကလည်း နန်းဆုလေးရဲ့ သီချင်းလေးကို ကြိုက်နှစ်သက်ကြသလို အမိုက်စားလေးသရုပ်ဆောင်မှုတွေနဲ့ ရိုက်ကူး ပုံဖော်ထားတာတွေကြောင့်လည်း သဘောကျနေကြကာ အခုလိုလှရက်လွန်းတဲ့ပုံရိပ်လေးတွေကို မှတ်ချက်ပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit – Han Myat Thaw