ညလုံးပေါက် ကထားရတဲ့ ပွဲကြေးကို မပေးဘဲ လူမိုက်ဆန်ဆန် ဆက်ဆံ ခံခဲ့ရလို့ ပေါက်ကွဲနေတဲ့ ဒိန်းဒေါင်

ညလုံးပေါက် ကထားရတဲ့ ပွဲကြေးကို မပေးဘဲ လူမိုက်ဆန်ဆန် ဆက်ဆံ ခံခဲ့ရလို့ ပေါက်ကွဲနေတဲ့ ဒိန်းဒေါင်

ဒိန်းဒေါင်ကတော့ ရုပ်ရှင် နဲ့ ဗီဒီယို သရုပ်ဆောင် ဟာသလူရွှင်တော် တစ်ယောက်အနေနဲ့ အနုပညာလောကမှာရပ်တည်နေတဲ့ သူတစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားတွေ အရိုက်ကျဲ သွားပေမယ့်လည်း ပွဲတွေကိုတော့ လက်ခံပြီး ဆက်လက် ကပြနေဆဲဖြစ်ပါတယ်။မကြာသေးမီကမှ ကျန်းမာရေး ကြောင့် အနားယူနေခဲ့ရပေမယ့် အခုတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ် ။

လတ်တလော မှာတော့ အပင်ပန်းခံပြီး ညလုံးပေါက်ကထားရတဲ့ ပွဲကြေးကို မပေးဘဲ လူမိုက်ဆန်ဆန် ဆက်ဆံ ခံခဲ့ရကြောင်းကို ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ ကျိုက်လတ် မှာပွဲသွားကတယ် ပွဲပြီးတော့ကျန်တဲ့ငွေ ကို လူမိုက်ဆန်ဆန်မပေးဘူး သည်းခံတယ် စောင့်ပေးတယ် မနက်ဖြန်မရရင် နာမည်နဲ့ တကွတင်မယ် လှိုင်သာယာကပါ တစ်ညလုံး ကပေးခဲ့တဲ့မျက်နှာကိုထောက်ပါ ချွေးနဲစာကိုစားရက်တယ် ဆိုတဲ့စာသားလေး နဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

ဒိန်းဒေါင်တစ်ယောက်ထဲ မဟုတ်ဘဲ ဦးငြိမ်းချမ်း နဲ့ စိစိ တို့လည်း ပွဲခတွေ မရခဲ့ကြဘူးလို့ ပြောပြထား ပါသေးတယ် ။ အခုလို လိမ်လည်ခံရမှုကြောင့် ပရိသတ်တွေကလည် ဒိန်းဒေါင်အတွက် စိတ်မကောင်း ဖြစ်နေကြသလို ပွဲကြေးကို ရအောင်တောင်းဖို့ အတွက် အကြံပေးထားကြပါတယ် ။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

one × 4 =