မြန်မာပြည်က အရာရှိ လူကြီးတွေ ရဲ့ ခေတ်မီ နည်းပညာ တတ်ကျွမ်းပုံ အကြောင်း
|မြန်မာပြည်က အရာရှိ လူကြီးတွေ ရဲ့ ခေတ်မီ နည်းပညာ တတ်ကျွမ်းပုံ အကြောင်း
ကွန်ပြူတာ တက္ကသိုလ် ပါချုပ်ကြီး ရဲ့ Kpay password ကို လိမ်တောင်း ပြီး ငွေဆယ် သိန်း ထုတ်သွားတဲ့ သတင်းဖတ် ရတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သတင်းထောက် ဘဝ ကို သတိရတယ်။
အစိုးရ ရုံးတစ်ရုံး က အရာရှိကြီး တစ်ယောက် ပေါ့။ အင်တာဗျုးသွား လုပ်ပီးတော့ သူ့ပုံလေးရိုက်တာ။ အဲပုံလေး ငါ့ကို ပေးပါလားကွာတဲ့
ဟုတ်ကဲ့ ရပါတယ်ဗျ အီးမေးပေးလေ ပို့ပေး မယ် ပြောတော့၊ အီမေး မရှိဘူးကွတဲ့ ဂျီမေးပဲ ရှိ တာတဲ့။ ဂျီမေးလည်း ရပါတယ်ခင်ဗျ လို့ ပြောတော့
လိပ်စာကဒ်လေး ပေးတယ်။ လိပ်စာကဒ်ကို ကြည့်လိုက်တော့ ဂျီမေး- xxxxx ပေါ့။ အောက်မှာ က ပတ်စ်ဝပ် တဲ့။ ပတ်စ်ဝပ် ပါ ထည့်ရိုက်ထားတာ
အန်ကယ်ရယ် အီးမေးလိပ်စာ ပေးတာ ပတ်စ်ဝပ် ပေးစရာ မလိုဘူး ပတ်စဝပ် ရရင် အန်ကယ် အီးမေးသူများ ဖွင့်ဖတ် မှာပေါ့ ဆိုတော့၊ အေးဟုတ်လားတဲ့ မင့်အရှေ့မှ သုံးလေး ယောက်တောင် ကဒ်က ပေးပြီးနေပြီတဲ့
Soe Zeya Tun