YBS ယာဉ် နှင့် တိုက်မိပြီး မတော်တဆဆုံး ပါးသွား တဲ့ တက္ကစီယာဉ်မောင်း ရဲ့ မိသားစု ကို သွားရောက် ထောက်ပံ့ခဲ့ တဲ့ ဂျွန်လွင်

YBS ယာဉ် နှင့် တိုက်မိပြီး မတော်တဆဆုံး ပါးသွား တဲ့ တက္ကစီယာဉ်မောင်း ရဲ့ မိသားစု ကို သွားရောက် ထောက်ပံ့ခဲ့ တဲ့ ဂျွန်လွင်

Star & Model Int’l ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဆရာဂျွန်လွင်က YBS ယာဉ်အမှတ် ၄၀ နဲ့ မတော်တဆဖြစ်ပြီး ဆုံးပါးသွားတဲ့ တက္ကစီယာဉ်မောင်းရဲ့ မိသားစုကို သွားရောက်ကူညီခဲ့တာဖြစ်ပါတယ်။

အနုပညာမျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးလျက်ရှိနေတဲ့ ဂျွန်လွင်ဟာ အလှူအတန်းတွေမှာ လည်း ဦးဆောင်လှူဒါန်းနေသူဖြစ်ပါတယ်။ အကူအညီလိုအပ်နေသူတွေ ၊ ချို့တဲ့နေသူတွေအတွက် ကိုယ်တိုင်ဦးဆောင်ပြီးတော့ လိုအပ်တာတွေကို လိုက်လံဖြည့်ဆည်းပေးနေတာပါ။

မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ကမာရွတ်မြို့နယ်က YBS – 40 ယာဉ်တိုက်မှုမှာ တက္ကစီယာဉ်မောင်း နှင့်အတူ မိခင်ကို လုပ်ကျွေးပြုစုနေတဲ့ မောင်နှမ (၂) ဦးလည်း ဆုံးပါးသွားခဲ့တာပါ။ အများပြည်သူတွေ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဒီယာဉ်တိုက်မှုကြောင့် ကျန်ရစ်ခဲ့ရတဲ့ နစ်နာသူမိသားစုအတွက် ဂျွန်လွင်ကိုယ်တိုင်ဦးဆောင်ပြီး ငွေကျပ် (၂၅) သိန်းနဲ့ ဆန်တစ်အိတ် ကို သွားရောက် ထောက်ပံ့ခဲ့ကြောင်း သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ ဖော်ပြလာတာပါ။

ဒီလို ဦးဆောင်ပြီး ထောက်ပံ့နိုင်ခဲ့တဲ့ ဆရာ ဂျွန်လွင်ရဲ့ လုပ်ရပ် အပေါ်ကိုလည်း ပရိသတ်တွေ က လေးစား စကားဆိုပြီး လိုအပ်သူတွေကို အမြဲလှူဒါန်းနိုင်ဖို့လည်း ဆုတောင်းပေးနေတာတွေ့ရပါတယ်။