ဒုတိယလှိုင်း ကို ဖြတ်ကျော်နိုင် ခဲ့တဲ့ ရန်ကုန် ရဲ့ လက်ရှိ ပုံရိပ်များ (ရန်ကုန် ပြန်လာပြီ)

ဒီနေ့ ရန်ကုန် မှာ နေသာနေတယ် ။ ပိတ်ရက်ပေမယ့် စည်ကား နေတယ် ။ ကိုဗစ် ဒုတိယ လှိုင်း အကျ ၊ ရန်ကုန် ဟာ ပုံမှန် အခြေအနေ ကို ရောက်ဖို့ အားယူ ကုန်းထ လာပါပြီ ။

ရန်ကုန် အနှံ့ ခြေဆန့် ခရီးသွားဖြစ် တယ်ပေါ့ ။ လှိုင်သာယာ ၊ အင်းစိန် ၊ လှိုင် ၊ လှည်းတန်း ၊ တာမွေ အထိ ရောက်ဖြစ် ခဲ့တယ် ။ လမ်းပေါ် သွားလာနေတဲ့ လူတော်တော် များများ mask တပ်ကြပါတယ် ။ အတွေ့အကြုံ နဲ့ အလေ့အထ ဟာ လူတွေ ကို စည်းကမ်း ရှိလာစေပါတယ် ။ ဒီတော့မှ အမေစု ရဲ့ မေတ္တာ နဲ့ အုပ်ချုပ် မယ် ဆိုတဲ့ အယူအဆ ဟာ မှန်နေပါလား လို့ ကောက်ချက် ချ မိတယ် ။

mask မတပ်သူ ကို ဖမ်းပါဟ ၊ ထောင်ချ ပါဟ လို့ အားမလို အားမရ အော်ခဲ့ တဲ့ ကျနော့် အတွက်တော့ အရေးကြီး တာက ရင်ထဲ ရောက်အောင် လုပ်ပေး လိုက်တဲ့ အသိတရား က သာ ပို ထိရောက် တယ်ဆိုတာ သဘောပေါက်လာပါတယ် ။ ပန်းလှိုင် ဆေးရုံကြီး မှာ ကိုဗစ် သူဌေး လူနာတွေ နဲ့ စည်ကား နေပါတယ် ။ ကိုဗစ် လာစစ်သူတွေ လည်း အများကြီး ပါပဲ ။ ကိုဗစ် လူနာ တစ်ယောက် အနည်းဆုံး သိန်းတရာ လောက် ကုန်ကျ ပါတယ် ။ လူနာ တစ်ရာ ၊ သိန်း တစ်သောင်း ။ ဒါကြောင့်လည်း ပုဂ္ဂိုလ်က ဆေးရုံကြီး တွေဟာ ကိုဗစ် စင်တာတွေ ခွင့်ပြုချက် ရဖို့ အပြိုင်အဆိုင် ကြိုးစားလာနေ ကြတာပေါ့ ။

လူနာ တသိန်း သုံးသောင်း ကျော် ကို အခမဲ့ ရုန်းကန် ကုသပေး ခဲ့တဲ့ ငမွဲ အစိုးရ ကို ကျေးဇူးတင် နေမိတယ် ။ ပီရူးမှာ ကျန်းမာရေး ဝန်ဆောင်မှု မကောင်းလို့ ကျန်းမာရေး ဝန်ထမ်းတွေ ဆန္ဒပြနေကြတယ် ။ ပေါ်တူဂီ မှာ အောက်စီဂျင် အလုံအလောက် မပေးနိုင်လို့ လူနာရှင်တွေ လမ်းပိတ်ဆို့ ဆန္ဒပြ နေကြတာ ကို တီဗီ မှာ တွေ့လိုက် ရတယ် ။ အဂ်လန်မှာ ကျန်းမာရေး စနစ် ပြိုလု နီးပါး ဖြစ်လာနေပြီ လို့ ညည်းတွား နေတယ် ။ ထိုင်းဟာ အခုမှ ကာကွယ်ဆေး ဝယ် လို့ ရအောင် ပေါ့စတစ် လူနာတွေ ပြန် ပြပြီး မျက်ရည်ခံ ထိုးလာပါတယ် ။ ပေါ့စတစ် လူနာပြတာတောင် သူတို့ လူမျိုး ကို မပြပဲ ရွေ့ပြောင်း မြန်မာ တွေ ကို အသုံးချ နေတယ် လ်ု့ သတင်း တွေ တက်လာ နေပါတယ် ။

ထိုင်း ပြည်သူတွေ လည်း ကံဆိုး ရှာ တယ် ။ ဒီမို အယောင်ဆောင် စစ်တပိုင်း အစိုးရအောက် မှာ လူးကာ လှိမ့်ကာ ခံနေရတယ် ပေါ့ ။ ငမွဲ မြန်မာ အစိုးရ ကတော့ လူနာ စာရင်း ကို ယုံကြည်လောက် ဖွယ် ချပြ နိုင် ခဲ့ပြီး ကာကွယ်ဆေး ရ ဖို့ စနစ် တကျ ဗျူဟာချ ဆောင်ရွက် ခဲ့တာ တွေ့ရ တယ် ။ အိန္ဒိယ တင်မက ပါဘူး ၊ စီလုပ် နဲ့ ဖိုင်ဇာ ဆေးတောင် ရမယ် လို့ ကြားနေ ရတယ် ။ အန္တရာယ် အကင်းဆုံး ဆေး ကို မှ ရအောင် လုပ်မယ် လို့ အမေစု ပြော ထားပါတယ် ။

စီလုပ်ဆေးတောင် ပထမ အသုတ် မြန်မာ ကားသမား ၂၃ ယောက် ၊ ဒုတိယ အသုတ် ၁၁ ယောက် ကို ထိုး ပေးပြီး စောင့်ကြည့် နေပါပြီ ။ အမြော်အမြင် ကြီးတဲ့ အမေစု ပါပဲ ။ ပန်းလှိုင် ဆေးရုံ မှာ တက်နေတဲ့ ကိုဗစ် လူနာ ညီမလေး တစ်ယောက် ကို အောက်ဖက် ဝါးရုံပင် တွေ ကြားက နှုတ်ဆက်ပြီး ပြန်လာခဲ့တယ် ။ နောက် ခရီးစဥ် ကတော့ ကျနော့် အကြိုက် ၊ အစား အသောက် ခရီး ပေါ့ ။ အုတ်ကျင်း ဘူတာရုံ လမ်းထဲ က ပန်းချယ်ရီ ရှမ်းခေါက်ဆွဲ ဆိုင် ကို ချီတက် ခဲ့တယ် ။ ဆိုင် ဖွင့်တာ ၂ ရက် ရှိပြီ ။ လာခဲ့ပါ တဲ့ ။ ဒီ ဆိုင်က ရှမ်းခေါက်ဆွဲ က အရမ်း ကောင်းတာ ။ ဒါပေမယ့် ပါဆယ် ဆွဲ တာ နဲ့ ဆိုင်ထိုင် စားတာက မိုး နဲ့ မြေ လို အရသာ ကွာ တယ် ။ ပါဆယ် က အိမ်ရောက် ရင် အတုံးအခဲ ကြီး ဖြစ်နေရော ။ နွေးစားလည်း အရသာ မရှိတော့ဘူး ။

ဆိုင်ထိုင် စား က ပူပူနွေးနွေးလေး ။ အငံ ထဲ့ပါ အုန်း ၊ အစပ် တဲ့ အောင် လုပ်ပေးပါအုန်း ၊ တခါထဲ နယ်ပေး နော် ၊ မုန်ညှင်း ချဥ် မကြိုက်ဘူး ၊ မုန်လာ ချဥ် မှ ကြိုက်တယ် ၊ ဟင်းချို မှာ ငရုတ်သီးလေး လေးငါး တောင့် ဓါး ရိုက်ထဲ့ လိုက် ၊ သံပုရာ သီးလေး ညစ် လိုက် ၊ ဘာဘာညာညာ နဲ့ ဂျီးများ လို့လည်း ရတယ် ။ ဆိုင် ရောက်တော့ ချက်ချင်း မဝင်ရ သေးဘူး ။ အပေါက်ဝ မှာ ထိုင် စောင့်နေ ရတယ် ။

ဆိုင်ထဲ က စားပွဲ တပွဲ လွတ် မှာ ဝင် ရတယ် ၊ စားပွဲတွေ အရေအတွက် လျော့ထား တယ် ။ ချဲ ထားတယ် ။ ၂ ယောက် ထက် ပို ထိုင်လို့ မရဘူး ။ ထိုင် ရင်လည်း မျက်နှာချင်း ဆိုင် ထိုင်ခွင့် မပြုဘူး ။တစောင်း ထိုင် ပါ တဲ့ ။ နယူး နော်မယ် စားသောက် ဆိုင်ပေါ့ ။ ဆိုင်ဝ က ဟန်းဂျယ် နဲ့ လက်ဆေး ပြီး ခပ်ယို့ယို့ လေး ဆိုင် ထဲ ဝင် ထိုင် လိုက်တယ် ။ အပြန်မှာ လှည်းတန်း SP က မုန့်တွေ ဝယ်ခဲ့ သေးတယ် ၊ ဦးကျော်ဝင်း ကြီး ပြန်လွတ်လာ တဲ့ အမှတ်တရ ပေါ့ ။ New normal, new living, new Yangon အောင်မြင် ပါစေ ။ ဓါတ်ပုံ မော်ဒယ် ကတော့ ကျနော့် ကား ဆရာကြီး ဦးကိုလတ် ပေါ့ ။

Zarni Zeya