ကိုရီးယား ကျောင်းသူလေးလို ချစ်စရာကောင်းတဲ့ ပုံစံလေး နဲ့ ဖြူဖြူထွေး

ကိုရီးယား ကျောင်းသူလေးလို ချစ်စရာကောင်းတဲ့ ပုံစံလေး နဲ့ ဖြူဖြူထွေး

ပရိတ်သတ်ကြီးရေ…..ဟာသ ဗီဒီယိုလေးတွေ ကနေ တစ်ဆင့် စတင်သတိထားမိလာကြပြီး အောင်မြင်လာတဲ့ ဖြူဖြူထွေး‌ကိုသိကြမယ်ထင်ပါတယ်။ သူမဟာ အနုပညာလမ်းကြောင်းပေါ်စရောက်စဉ်က ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ယခုအချိန်မှာ အတော်လေးအောင်မြင်မှုရရှိလာတဲ့ သူလေးဆိုလည်း မမှားပါ ဘူးနော်။

ဖြူဖြူထွေးဟာ ဟာသဗီဒီယိုလေးတွေကို ရိုက်ကူး ရုံသာမက အလှူဒါနကို အမြဲမပြတ် လုပ်ဆောင်နေတာဖြစ်ပါတယ်။ မိဘအပေါ်ကိုလည်း သိတတ်လိမ္မာတဲ့သူလေးဖြစ်ပြီး ဇာတိမြေရွာလေးကိုလည်း များစွာကူညီထောက်ပံ့ပေးတာဖြစ်ပါတယ်နော်။ အခုလက်ရှိမှာ ဆိုရင်လည်း ရုပ်ရှင် လောကသားတွေ အတွက် ဝါရင့် အနုပညာရှင်ကြီးတွေနဲ့အတူ အားတက်သရော အလှူခံပေးနေတာ လည်းဖြစ်ပါတယ်။

ဖြူဖြူထွေးဟာ သူမရဲ့ လှုပ်ရှားမှုပုံလေးတွေ၊ tik tok ဗီဒီယိုလေးတွေကို မျှဝေပေးလေ့ရှိတဲ့သူပါ။ မကြာသေးမီ ကလည်း သူမ ရဲ့ Facebookစာမျက်နှာမှာ”ဗဟုသုတတွေ အများကြီးရဖို့ စာတူတူဖတ်မလားအားဘွားပေးမလား” ဆိုတဲ့ captionလေးနဲ့ ချစ်စရာပုံလေးတွေတင်ပေး လာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

fifteen − 10 =