စားဝတ်နေရေး ကြောင့် ကိုဗစ်ကလ မှာ 5000 နဲ့တောင် မကြောက်မရွံ့ လိုက်နေရတဲ့ ပန်းဆိုးတန်းက ညဥ့်ငှက်မလေး ရိုစီ ရဲ့ ဘဝဇာတ်ကြောင်း

ကိုဗစ်ကာလမှာ လုပ်စားရတာ အဆင်မပြေလို့ လမ်းစရိတ်ကုန်ပြီး အိမ်ပြန်သွားရတဲ့ နေ့တွေများပါတယ်။ ရောဂါတွေ ဖြစ်နေတော့ ဧည့်သည်ဆီက ရောဂါပိုးပါလာရင်လည်း ကူးခံရမှာပဲ။ အဲဒါတွေလည်း မကြောက်ပါဘူး။ စားဝတ်နေရေးအဆင်ပြေဖို့ အဓိကပါပဲ။

ပန်းဆိုးတန်းမှာ ဒီအလုပ်လုပ်တာ ၁၅ နှစ်ရှိပြီ။ အစ်မက ကျန်တဲ့နေရာတွေ မသိဘူး။ ပန်းဆိုးတန်းပဲ အစ်မသိတယ်။ ရဲတွေလည်း အစ်မကို မှတ်မိနေပါပြီ။ ၂၀၁၆ လောက်က အဖမ်းခံရတယ်။ ထောင်တစ်နှစ်ကျသွားတယ်။ အင်းစိန်ကနေ ရဲဘက်စခန်းရောက်တယ်။ ပြန်လွတ်လာတော့လည်း အစ်မ ဒီအလုပ်ပဲ ပြန်လုပ်စားတယ်။ အခု အစ်မအသက်က ၄၁ နှစ်ရှိပြီလေဟု တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြပေးနေသူ ကတော့ ပန်းဆိုးတန်းမှာ ပြည့်တန်ဆာလုပ်သက် ၁၅ နှစ်ရှိနေပြီဖြစ်တဲ့ ရိုစီ(အမည်လွဲ) ဖြစ်ပါတယ်။

အိမ်ထောင်က ကွဲသွားတာ။ အစ်မအမျိုးသားနဲ့ ကွဲပီးသိပ်မကြာခင်မှာ သူက ဆုံးသွားတယ်။ အစ်မလည်း အဲဒီချိန်က စပြီး ဒီဘဝရောက်လာတာ။ သားလေးတစ်ယောက်ရှိတယ်။ သူမသိပါဘူး ဒီအလုပ်လုပ်စားတယ်ဆိုတာ။ သားလေးကတော့ လိမ္မာပါတယ်။

ကျွန်မ ပန်းဆိုးတန်းကို ၂ နာရီလောက်ရောက်တယ်။ ထမင်းချိုင့်ထည့်လာတယ် အိမ်ကနေ။ အလုပ်က မတ်တတ် တစ်ချိန်လုံး ရပ်ပြီး ဧည့်သည်စောင့်ရတာလေ။ ဧည့်သည်မရတာ ကြာလာရင် ဗိုက်တွေဆာလာရော။ ဆိုင်က ဝယ်စားရင်လည်း စရိတ်က မသက်သာဘူး။

ကိုဗစ်မဖြစ်ခင်ကတော့ တစ်နေ့ သုံးလေးခေါက် ရပါတယ်။ ဧည့်သည်တစ်ခေါက်ဆို အနည်းဆုံး တစ်သောင်းလောက်ရတယ်။ အခုချိန်ကတော့ ကျွန်မ ငါးထောင်နဲ့လည်း လိုက်တယ်။ အသက်က ကြီးလာပြီဆိုတော့ အပြင်အဆင်ကောင်းမှ။ လာခေါ်တဲ့ ဧည့်သည်တွေက ကြည့်ကောင်းမှ ကိုယ့်ကိုခေါ်တာ။ ဖော်သင့်တာတော့ ဖော်ထားရတယ်။ အစ်မတို့အရွယ်က မောင်လေးတွေ လာလာခေါ်တာ များတယ်။ အခုခေတ်အဖိုးကြီးတွေက ငယ်တဲ့သူကို ခေါ်ကြတာများတယ်ဟု ရိုစီ(အမည်လွဲ) က ရှင်းပြသည်။

တစ်ညလုံးခေါ်ရင် သုံးလေးသောင်းရတယ်။ အစ်မက အပြုအစုကောင်းတော့ ပိုပေးကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါးသောင်းလောက် ပေးမယ်ဆိုရင်တော့ ကွန်ဒုံးမပါလဲ အစ်မက နေပေးပါတယ်။ ပိုက်ဆံက ရှာရသလောက် ရှာရတာပဲ။ ဒီကာလမှာ ဈေးဦးမပေါက်တဲ့နေ့ဆိုရင် ရှိတာပေါင်နှံစားရတာ မလွယ်ဘူး။

အလုပ်တူလုပ်တဲ့အထဲက အစ်မတစ်ယောက်က ငွေတိုးချေးစားတာ ရှိတယ်။ ဈေးဦးမပေါက်တဲ့နေ့တွေကျရင် သူ့ဆီက ချေးရတာ။ တစ်သောင်း ယူရင် တစ်နေ့တစ်ထောင် ၁၃ ရက်သွင်းရတယ်။ သူလည်း ဈေးဦးမပေါက်တဲ့ရက်တွေ ရှိကြတာပဲ။ ကိုဗစ်ကာလထဲမှာတော့ ဘယ်သူမှ အခေါက်ရေ မများကြပါဘူး။

ကိုယ့်ဖောက်သည်နဲ့ကိုယ်ပါပဲ။ အရင်ချိန်တွေမှာတော့ တစ်ရက်ကို ငါးခေါက်လောက် ရကြတယ်။ ညအိပ်လိုက်ရတာလည်း ရှိပါတယ်။ ၁၂ နာရီ ကျော်တာနဲ့ အပြင်မထွက်ရဘူးဆိုတော့ ပန်းဆိုးတန်းကနေ ၉ နာရီနောက်ဆုံးထားပြီး ပြန်ကြရတာပဲ။ အစ်မကလည်း ဒီအလုပ်ပဲ လုပ်တတ်တော့ ကိုဗစ်ပြီးသွားလည်း ဒါပဲဆက်လုပ်ရမှာပါပဲ။ သားလေးအတွက်လည်း ရှာရဦးမှာပေါ့။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd- Original Post

zawgyi

ကိုဗစ္ကာလမွာ လုပ္စားရတာ အဆင္မေျပလို႔ လမ္းစရိတ္ကုန္ၿပီး အိမ္ျပန္သြားရတဲ့ ေန႔ေတြမ်ားပါတယ္။ ေရာဂါေတြ ျဖစ္ေနေတာ့ ဧည့္သည္ဆီက ေရာဂါပိုးပါလာရင္လည္း ကူးခံရမွာပဲ။ အဲဒါေတြလည္း မေၾကာက္ပါဘူး။ စားဝတ္ေနေရးအဆင္ေျပဖို႔ အဓိကပါပဲ။

ပန္းဆိုးတန္းမွာ ဒီအလုပ္လုပ္တာ ၁၅ ႏွစ္ရွိၿပီ။ အစ္မက က်န္တဲ့ေနရာေတြ မသိဘူး။ ပန္းဆိုးတန္းပဲ အစ္မသိတယ္။ ရဲေတြလည္း အစ္မကို မွတ္မိေနပါၿပီ။ ၂၀၁၆ ေလာက္က အဖမ္းခံရတယ္။ ေထာင္တစ္ႏွစ္က်သြားတယ္။ အင္းစိန္ကေန ရဲဘက္စခန္းေရာက္တယ္။ ျပန္လြတ္လာေတာ့လည္း အစ္မ ဒီအလုပ္ပဲ ျပန္လုပ္စားတယ္။ အခု အစ္မအသက္က ၄၁ ႏွစ္ရွိၿပီေလဟု တည္တည္ၿငိမ္ၿငိမ္ျဖင့္ ရွင္းျပေပးေနသူ ကေတာ့ ပန္းဆိုးတန္းမွာ ျပည့္တန္ဆာလုပ္သက္ ၁၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ ႐ိုစီ(အမည္လြဲ) ျဖစ္ပါတယ္။

အိမ္ေထာင္က ကြဲသြားတာ။ အစ္မအမ်ိဳးသားနဲ႔ ကြဲပီးသိပ္မၾကာခင္မွာ သူက ဆုံးသြားတယ္။ အစ္မလည္း အဲဒီခ်ိန္က စၿပီး ဒီဘဝေရာက္လာတာ။ သားေလးတစ္ေယာက္ရွိတယ္။ သူမသိပါဘူး ဒီအလုပ္လုပ္စားတယ္ဆိုတာ။ သားေလးကေတာ့ လိမၼာပါတယ္။

ကြၽန္မ ပန္းဆိုးတန္းကို ၂ နာရီေလာက္ေရာက္တယ္။ ထမင္းခ်ိဳင့္ထည့္လာတယ္ အိမ္ကေန။ အလုပ္က မတ္တတ္ တစ္ခ်ိန္လုံး ရပ္ၿပီး ဧည့္သည္ေစာင့္ရတာေလ။ ဧည့္သည္မရတာ ၾကာလာရင္ ဗိုက္ေတြဆာလာေရာ။ ဆိုင္က ဝယ္စားရင္လည္း စရိတ္က မသက္သာဘူး။

ကိုဗစ္မျဖစ္ခင္ကေတာ့ တစ္ေန႔ သုံးေလးေခါက္ ရပါတယ္။ ဧည့္သည္တစ္ေခါက္ဆို အနည္းဆုံး တစ္ေသာင္းေလာက္ရတယ္။ အခုခ်ိန္ကေတာ့ ကြၽန္မ ငါးေထာင္နဲ႔လည္း လိုက္တယ္။ အသက္က ႀကီးလာၿပီဆိုေတာ့ အျပင္အဆင္ေကာင္းမွ။ လာေခၚတဲ့ ဧည့္သည္ေတြက ၾကည့္ေကာင္းမွ ကိုယ့္ကိုေခၚတာ။ ေဖာ္သင့္တာေတာ့ ေဖာ္ထားရတယ္။ အစ္မတို႔အ႐ြယ္က ေမာင္ေလးေတြ လာလာေခၚတာ မ်ားတယ္။ အခုေခတ္အဖိုးႀကီးေတြက ငယ္တဲ့သူကို ေခၚၾကတာမ်ားတယ္ဟု ႐ိုစီ(အမည္လြဲ) က ရွင္းျပသည္။

တစ္ညလုံးေခၚရင္ သုံးေလးေသာင္းရတယ္။ အစ္မက အျပဳအစုေကာင္းေတာ့ ပိုေပးၾကပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ငါးေသာင္းေလာက္ ေပးမယ္ဆိုရင္ေတာ့ ကြန္ဒုံးမပါလဲ အစ္မက ေနေပးပါတယ္။ ပိုက္ဆံက ရွာရသေလာက္ ရွာရတာပဲ။ ဒီကာလမွာ ေဈးဦးမေပါက္တဲ့ေန႔ဆိုရင္ ရွိတာေပါင္ႏွံစားရတာ မလြယ္ဘူး။

အလုပ္တူလုပ္တဲ့အထဲက အစ္မတစ္ေယာက္က ေငြတိုးေခ်းစားတာ ရွိတယ္။ ေဈးဦးမေပါက္တဲ့ေန႔ေတြက်ရင္ သူ႔ဆီက ေခ်းရတာ။ တစ္ေသာင္း ယူရင္ တစ္ေန႔တစ္ေထာင္ ၁၃ ရက္သြင္းရတယ္။ သူလည္း ေဈးဦးမေပါက္တဲ့ရက္ေတြ ရွိၾကတာပဲ။ ကိုဗစ္ကာလထဲမွာေတာ့ ဘယ္သူမွ အေခါက္ေရ မမ်ားၾကပါဘူး။

ကိုယ့္ေဖာက္သည္နဲ႔ကိုယ္ပါပဲ။ အရင္ခ်ိန္ေတြမွာေတာ့ တစ္ရက္ကို ငါးေခါက္ေလာက္ ရၾကတယ္။ ညအိပ္လိုက္ရတာလည္း ရွိပါတယ္။ ၁၂ နာရီ ေက်ာ္တာနဲ႔ အျပင္မထြက္ရဘူးဆိုေတာ့ ပန္းဆိုးတန္းကေန ၉ နာရီေနာက္ဆုံးထားၿပီး ျပန္ၾကရတာပဲ။ အစ္မကလည္း ဒီအလုပ္ပဲ လုပ္တတ္ေတာ့ ကိုဗစ္ၿပီးသြားလည္း ဒါပဲဆက္လုပ္ရမွာပါပဲ။ သားေလးအတြက္လည္း ရွာရဦးမွာေပါ့။

အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Crd- Original Post