စံချိန်တင် ကူးစက်ခံနေရတဲ့ အိန္ဒိယနဲ့ အရေးကြီး စောင့်ကြည့် ရမယ့် မြန်မာပြည် ရဲ့ ဝင်ပေါက်

စံချိန်တင် ကူးစက်ခံနေရတဲ့ အိန္ဒိယနဲ့ အရေးကြီး စောင့်ကြည့် ရမယ့် မြန်မာပြည် ရဲ့ ဝင်ပေါက်

အနောက်ဖက်က ကိုယ်တို့ နဲ့ ထိစပ်နေတဲ့ အိမ်နီးချင်း အိန္ဒိယပြည်နယ် ၃ ခုမှာတော့ Positive တွေလှိုင်လှိုင်ပွင့်နေကြပါတယ်… အစောဆုံး လော့ဒေါင်း ချတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ကြီးလည်း စောစောပိုင်းက ထိန်းထားနိုင်တဲ့ အကောင်းဆုံးစံချိန်ကို ဆက်ပြီး မထိန်းနိုင်တော့ ပါဘူး…

ဗဟိုအစိုးရ ဖွင့်လိုက်တဲ့ ရေလှိုင်းလုံးလို ကိုဗစ် လှိုင်းလုံးကြီးတွေက အင်နဲ့အားနဲ့ လှိမ့်ဆင်းလာပါတယ်… ဒါကို ကြံ့ကြံ့ခံနိုင်ဖို့သာ ပြင်ဆင်ရပါတော့မယ်… အရှည်ကြာဆုံး လော့ဒေါင်း ကာလနဲ့ဖြတ်သန်းလာခဲ့တဲ့ သူတို့ပြည်နယ်ကြီးဟာ ပြည်မကနေ အစုလိုက်အပြုံလိုက် ရထားတစ်တန်၊ ကားတစ်တန် ဝင်ရောက်လာရာက ကိုဗစ်တွေပါ တစ်ပါတည်း သယ်ယူလာခဲ့ကြပါတော့တယ်…

မဏိပူရပြည်နယ်နှင့် နာဂလဲန်းပြည်နယ်တွေမှာလည်း ကူးစက်မှုအခြေအနေက ကြောက်ခမန်း လိလိ အရှိန်နဲ့တိုးပွားလာနေပါတယ်… အရင်က စိတ်အေးလက်အေးနေနိုင်ခဲ့ကြပေမယ့် အခုအခါမှာတော့ မျက်ကလဲဆန်ပြာ ဖြစ်ရပြန်ပါပြီ… ဒါကြောင့် လော့ဒေါင် ပြန်ချပြီး ၁၄ ရက်ကြာ အဝင်အားလုံးကို ပိတ်ထားလိုက်ကြပါတယ်… ထွက်ချင်သူတွေကိုတော့ ထွက်ခွင့်ပေးထားတဲ့ အလျောက် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကျောင်းတက်သူတွေ၊ အလုပ်သွားလုပ်သူတွေ၊ ကူးလူးကုန်သွယ်သူတွေ ပြန်ဖို့တောင်းဆိုကြတော့ ထွက်ခွာခွင့်တော့ ပေးလိုက်ပေမယ့် အဝင်ကိုတော့ ပိတ်ပင်ထားလိုက်ပါတယ်…

ဒါကြောင့် ၎င်းပြည်နယ်ကြီး ၃ ခုကနေ ပြည်ဝင်လာမယ့်သူတွေ ထဲမှာ အဓိကဝင်ပေါက်တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါးရ်နယ်စပ်ဝင်ပေါက်က အဓိကစောင့်ကြည့်ရမယ့်နေရာ ဖြစ်လာပါတယ်… မြန်မာပြည်အရပ်ရပ်က ယက္ကန်းသမတွေနဲ့ ယက္ကန်းဆရာများ၊ စက်ပြင်ဆရာများရဲ့ အရေအတွက်ဟာ အလွန်များပြားတဲ့ ပမာဏဖြစ်ပါတယ်… ကျောင်းတက်သူ (အစိုးရကျောင်း၊ ဘာသာရေးကျမ်းစာကျောင်း) ဦးရေဟာလည်း အလွန်များပြားပါတယ်… ချင်းပြည်နယ်ကို ဖြတ်သန်းပြီး ကလေးမြို့ကိုဝင်ရောက်ရမှာ ဖြစ်တဲ့အတွက် ပထမဖြတ်ရမယ့် ချင်းပြည်နယ်အစိုးရရဲ့ စီမံကြီးကြပ်ကိုင်တွယ်မှုက အလွန်ပဲအရေးပါနေပါတယ်…

အင်နဲ့အားနဲ့ Volunteer အင်အားကို အဆုံးစွန်ထုတ်သုံးပြီး ပြင်ဆင်ရပါမယ်… ဟားခါးကနေထိုင်ပြီး ညွှန်ကြားနေရုံနဲ့မရပါဘူး… အစိုးရရဲ့ အကြီးတန်းတာဝန်ရှိသူ တစ်ယောက်ယောက်က အနီးကပ်စီစဉ်ညွှန်ကြားနိုင်ဖို့ လိုအပ်ပါတယ်… လိုအပ်တဲ့ ရံပုံငွေကိုလည်း အမြန်ဆုံးရနိုင်အောင် စီမံပေးရမှာဖြစ်ပြီး အထိရောက်ဆုံးဖြစ်အောင် အသုံးချနိုင်ဖို့ ဆုံးဖြတ်ချက်တွေကို ချက်ချင်းချမှတ်အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်…

အဆင့်ဆင့်တင်ပြ အစီရင်ခံနေရမယ့် အချိန် မဟုတ်ပါဘူး… လက်ရှိအခြေအနေအရ တီးတိန်ဖက်က တာဝန်ရှိသူတွေ အထူးသဖြင့် လွှတ်တော်အမတ်တွေရဲ့ ပူးပေါင်းပါဝင်မှုက အလွန်အားပျော့လှတော့ ပိုစိတ်မောရပါတယ်…

အိန္ဒိယဖက်ကပဲမဟုတ်ဘဲ တရုတ်၊ ထိုင်းဖက် ကနေလည်း ဝင်လာမစဲ တသဲသဲဖြစ်နေလေတော့ ပထမတစ်ကြိမ်မှာ နည်းနည်းလောက်သက်သာသွားတဲ့ စိတ်ပင်ပန်းမှုတွေက ထပ်ပြီးဆောင့်တက်လာရပြန်ပါတယ်… ပိုးတွေ့လူနာတွေရဲ့အများစုကလည်း အိန္ဒိယပြန်တွေပဲများနေတော့ Quarantine စခန်းထဲ ဝင်လာမယ့် ပြည်တော်ပြန်တွေအတွက် လုပ်ဆောင်ပေးရမယ့် ကိစ္စဝစ္စတွေ ကိုတွေးပြီး သက်ပြင်းတွေသာ အခါခါချမိနေပါတော့တယ်… Swab ယူစဉ်ကာလအတွင်း Result မထွက်ခင်အချိန်အထိ သူနာပြုသင်တန်းကျောင်းနေရာမှာ ထားရှိမယ်ဆိုတော့ သူတို့ရဲ့စားသောက်ဖို့ကို စီစဉ်ပေးရပြန်ပါတယ်…

ထွက်လာတဲ့အဖြေ ပေါ်မူတည်ပြီး Hospital Quarantine နဲ့ Community Quarantine တွေကိုခွဲခြား ထားရှိသွားမှာဖြစ်တဲ့အတွက် အဆိုပါ Result စောင့်ကြည့်ကာလအတွင်း အလှူရှင်များရဲ့သဒ္ဓါတရားနဲ့ ကူညီနိုင်ဖို့စီစဉ်ခဲ့ရပါတယ်…

အလှူရှင်ရှိတဲ့ရက်မှာ အလှူထမင်းဟင်း နဲ့ အဆင်ပြေမှာဖြစ်ပြီး အကြောင်းကြောင်းကြောင့် အလှူရှင် မရှိတဲ့ရက်တွေမှာတော့ ကာယကံရှင်များကပဲ မိမိအစီအစဉ် (သို့မဟုတ်) မိမိဘာသာအကုန်အကျခံပြီး ရှေ့ဆက်ရတော့မှာ ဖြစ်ပါတယ်… မိမိဒေသ၊ မိမိပြည်သူများအတွက် အမြဲအဆင်သင့်ရှိနေပြီး အစဉ်တက်ကြွနေတဲ့ Volunteer များက ချက်ပြုတ်ရေး ကိုတော့ ကူညီဆောင်ရွက်ပေးမှာဖြစ်တယ်…

ဒါကြောင့် မိမိတို့ညီအစ်ကို၊ မောင်နှမ၊ မိသားစု များရဲ့ ဒုက္ခကိုမျှဝေခံစားပေးပြီး အားလုံး စည်းစည်းလုံးလုံးနဲ့ တညီတညွှတ်ထဲ ဆောင်ရွက် မှသာ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို တွန်းလှန် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

Ni Lian Sang

Add a Comment

Your email address will not be published. Required fields are marked *

4 × 4 =