အပြင်ကနေ အတူလာပြီး ဆိုင်ရောက် မှ ခွဲထိုင်ခြင်း ကိစ္စ ဟာ လက်တွေ့ အကျိုးရှိ မယ့် စည်းကမ်း မဟုတ် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အပြင်ကနေ အတူလာပြီး ဆိုင်ရောက် မှ ခွဲထိုင်ခြင်း ကိစ္စ ဟာ လက်တွေ့ အကျိုးရှိ မယ့် စည်းကမ်း မဟုတ် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လက် ရှိ ကိုဗစ် ကာလ အတွင်း ကားတစ်စီး ထဲ ၊ ဆိုင်ကယ် တစ်စီး ထဲ အတူလာပြီး မှ စားသောက် ဆိုင်ရောက် တဲ့ အချိန် အတူ မ ထိုင်ရဘူး ဆိုတာဟာ လက်တွေ့အကျိုး ရှိမယ့် စည်းကမ်း မဟုတ် လို့ အဲဒီလို မလုပ်သင့်ဘူး လို့ နိုင်ငံတော် ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက် သည် ။

ဒါကြောင့် သူစိမ်းတွေ နဲ့ ထိတွေ့မှု မရှိစေဖို့ ခွာထားတဲ့ စားပွဲခုံတွေကြား အကာတွေ ကာဖို့ပဲလိုတယ် လို့လည်း အတိုင်ပင်ခံက သူ့ရဲ့ Facebook အကောင့် မှာ ရေးသားထားကြောင်းတွေ့ရ သည် ။

အခုအချိန်မှာတော့ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေ အတူတူ လာပြီး မှ စားသောက်ဆိုင်ရောက်တဲ့ အချိန် ခုံတွေခွဲပြီး ထိုင်နေရတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေတာဖြစ် သည်။

အတိုင်ပင်ခံ ၏ လူမှူကွန်ရက်နှာ တွင် ” ကိစ္စတစ်ရ ပ်နဲ့ပတ်သက်လို့ စည်းမျဉ်း ညွှန်ကြားချက်တွေ ထုတ်ပြီးတဲ့အခါ၊ ဒီစည်းမျဉ်းတွေဟာ သင့်တော်ရဲ့လား၊ အလုပ်ဖြစ်ရဲ့လား ဆိုတာကို လည်း လေ့လာသုံးသပ် ရပါတယ်။

မကြာမီက စားသောက်ဆိုင် များ ပြန်လည်ဖွင့်ရေးအတွက် စည်းကမ်း သတ်မှတ်ချက်တွေချပြီး လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေးကို ဦးတည်ခဲ့ပါတယ်။ နေပြည်တော် စားသောက်ဆိုင်အချို့လည်း အစစ်ဆေးခံပြီး ပြန်ဖွင့်လာပါတယ်။

ဒါနဲ့ နိုးကြား တက်ကြွ အလုပ်ပျော် အရာထမ်း တစ်ယောက်က မိမိ စိတ်ကူး ဆန္ဒအရ ၊ ထမင်းနပ် ထပ်ပါစေ၊ လေ့လာဖို့ လိုတယ်လို့ ဆုံးဖြတ်ပြီး စားသောက်ဆိုင် ၃-၄ ဆိုင် လှည့်ပြီး စားခဲ့ပါတယ်။ ကျွန်မတို့ အတွက် အကျိုးရှိတဲ့ (အစိုးရ စရိတ်မကုန်) လှည့်လည် စားသောက်မှုပါ။

အပြင်ကနေအတူလာပြီး ဆိုင်ရောက်မှ ခွဲထိုင်ခြင်းကိစ္စဟာ လက်တွေ့ အကျိုးရှိမယ့် စည်းကမ်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုယ်တိုင်စမ်းကြည့် ခဲ့တော့ ပြည့်ပြည့်စုံစုံ သိခဲ့ ရပြီး ကျွန်မတို့ ကိုအသေးစိတ် သုံးသပ်ချက်တွေ ပြောပြနိုင် ပါတယ်။ ပထမဦးဆုံး ကျေနပ်စရာကတော့ ဆိုင်တွေကော စားသုံးသူတွေ ပါ စည်းကမ်းချက်တွေ ကို လိုက်နာစိတ် ရှိကြ ပါ တယ် ။ မပြည့်စုံတာလေးတွေတော့ ရှိသေး ပါတယ်။ ဆိုင် ဝန်ထမ်းများ mask တပ်ဆင်ကြသော်လည်း အချို့တွေက face shield၊ လက်အိတ်တို့ မပါတာ တွေ့ခဲ့ ရပါတယ်။

ဒါတွေဟာ လာရောက် စားသုံးသူများ၊ ဆိုင်ဝန်ထမ်းများ အားလုံး အတွက် အလွန်အရေးကြီးတာကြောင့် ကျွန်မတို့ ထပ်မံညွှန်ကြားပါမယ်။ ကျွန်မတို့ အရာထမ်းကြီး ကျေးဇူးကြောင့် နောက်ထပ် စဉ်းစားရတဲ့ကိစ္စကတော့ အတူလာရောက် သူများ အတူစားနိုင်ရေး ဖြစ် ပါတယ် ။ ကားတစ်စီးထဲ အတူ စုလာကြ၊ ဆိုင်ကယ် တစ်စီးထဲပေါ် အတူထိုင်ပြီး လာကြသူတွေ စားသောက်ဆိုင်ရောက်မှ အတူမထိုင်ရဘူးဆိုတဲ့ ကိစ္စ။

ဒါက လက်တွေ့အကျိုးရှိမဲ့ စည်းကမ်း မဟုတ် လို့ မသတ်မှတ် သင့်တာ တွေ့ရပါတယ်။ အရေးကြီးတာက သူစိမ်းများနဲ့ ထိတွေ့မှု မရှိစေရန် ခွါထားတဲ့ စားပွဲခုံများအကြား အကာတွေ ထားဖို့ပါပဲ။

Covid ကြောင့် စဉ်းစား သင်ယူစရာတွေကို နေ့စဉ်နဲ့အမျှ တွေ့နေရ ပါတယ်။ လွန်ကဲတယ်လို့ မရှိနိုင်တဲ့ ‘သတိ’ အား ကောင်းအောင် လေ့ကျင့်ရခြင်း ကတော့ covid ကနေ ရတဲ့ တန်ဖိုးအရှိဆုံး သင်ခန်းစာပါပဲ။…. ဆိုပြီး ရေးသားဖော်ပြထားကြောင်း တွေ့ရှိ ရပါသည်။

Aung San Suu Kyi

Add a Comment

Your email address will not be published. Required fields are marked *

2 × 4 =