လေထု အရည်အသွေး အလွန်ဆိုးဝါး နေတဲ့ ရန်ကုန် နဲ့ အဆိပ်ငွေ့တွေ နေ့စဥ် ရှူနေရတဲ့ ရန်ကုန်သားများ

ရန်ကုန်မြို့ရဲ့ လေအရည်အသွေး အလွန်ဆိုးဝါးနေပါတယ်၊ အအေးပိုလာတာ နဲ့အမျှ အေးတဲ့လေက လေးပြီး အောက်မှာထိုင်နေပါတယ်၊ လူတွေက အေးတော့ ခြံထဲမီးရှို့တယ်၊ ကာဗွန်လေဟာ အပေါ်မတက်နိုင်ပဲ လေးနေတဲ့လေအေးနဲ့အတူ မြို့ထဲပတ်နေတယ်။ မနက် ၉/၁၀ နာရီလောက်လည်းကျရော ကားတွေက ကာဗွန်တွေ၊ ထမင်းဟင်းချက်တဲ့ အငွေ့တွေ၊ ကားသွား လို့ထလာတဲ့ ဖုန်နုနုတွေ လေထဲတက်လာရော။ ပိုဆိုးလာပါတယ်။

ပြဿနာက ဆောင်းတွင်းဆိုတော့ လေမသန့်တာမသိဘူး၊ မြူလိုလို နှင်း လိုလိုမို့ ကြည်နူးကြတယ်၊ လူတွေက အားကစားထွက်လုပ်ကြတယ်၊ အားကစားလုပ်တဲ့အခါ အသက်ရှုရတာပိုလာတယ်၊ နဂိုလ်ကမသန့်တဲ့လေနဲ့ ဝတ်မှုံနဲ့တွေ့တဲ့အခါ ရင်ကြပ်ပါတယ်။ ဓါတ်မတည့်ရောဂါ အယ်လာဂျီဖြစ်လာတယ်။ နဂိုလ်က အဆုတ်မကောင်းရင် အဆုတ်ကင်ဆာ နဲ့ တခြားကင်ဆာရောဂါတွေ ဖြစ်လာပါတယ်။ သန့်စန့်လေ မရှုရတော့ autoimmune သွေးလေဖက်နာ နဲ့ တခြားရောဂါပိုးတွေ ကြွလာပါတယ်။ ခန္တာကိုယ်ထဲက ငြိမ်နေတဲ့ ဘက်တီးရီးယားအမျိုးမျိုး အောက်ဆီဂျင်ရှိရာနေရာ ရွှေ့ရင်း ရောဂါကြွလာတတ်ပါတယ်။ ဒီလိုအခြေအနေဟာ အလွန်အန္တရာယ်များပါတယ်။

ကိုဗစ်ဗိုင်းရပ်စ်က နေရာအနှံ့ ၊ အဆုတ်က အောက်စီဂျင်ဝတ မရတာနဲ့ပေါင်းရင်တော့ မြန်မာတွေ အလွန်ဝဋ်ကြီးပါတယ်။ လေထုအရည်အသွေးထိမ်းချုပ်ဖို့ လိုတယ်လို့ အုပ်ချုပ်သူတွေနားမလည် ပညာဥာဏ်မပြည့်ဝတဲ့မြို့ပါ။ မြို့ထဲမှာ မီးရှို့သူ တွေ့ရင် ဓါတ်ပုံရိုက်ပြီး စည်ပင်တိုင်ကြပါ။ အပြင်မှာထွက်ပြီး လေ့ကျင်ခန်း (လုံးဝ) မလုပ်သင့်ပါ။ အိမ်တံခါးများပိတ်ထားသင့်ပါတယ်။ အိမ်တွင်း လေသန့်စင်စက် ဖွင့်ထားသင့်ပါတယ်။ အပြင်ထွက်လျှင် Mask တပ်ပါ။ အဆုတ်ကောင်းစေတဲ့ ငရုတ်၊ ငရုတ်ပွ၊ Beet ၊ ပန်းသီး၊ ဖရုံသီး၊ ဆနွင်း၊ ခရမ်းချဉ်သီး၊ လက်ဖက် စတာတွေ စားသင့်ပါတယ်။ လေမသန့်တာ ဘယ်လောက်ထိကြာမလဲ? နောက် တလလောက်အထိ လေအရည်အသွေးဆိုးနေပါမယ်တဲ့၊ အရှေ့လေလေး များများတိုက်မှ သိသာပါလိမ့်မယ်။

Kyaw Swa Min

zawgyi

ရန္ကုန္ၿမိဳ႕ရဲ႕ ေလအရည္အေသြး အလြန္ဆိုးဝါးေနပါတယ္၊ အေအးပိုလာတာ နဲ႔အမွ် ေအးတဲ့ေလက ေလးၿပီး ေအာက္မွာထိုင္ေနပါတယ္၊ လူေတြက ေအးေတာ့ ၿခံထဲမီးရႈိ႕တယ္၊ ကာဗြန္ေလဟာ အေပၚမတက္ႏိုင္ပဲ ေလးေနတဲ့ေလေအးနဲ႔အတူ ၿမိဳ႕ထဲပတ္ေနတယ္။ မနက္ ၉/၁၀ နာရီေလာက္လည္းက်ေရာ ကားေတြက ကာဗြန္ေတြ၊ ထမင္းဟင္းခ်က္တဲ့ အေငြ႕ေတြ၊ ကားသြား လို႔ထလာတဲ့ ဖုန္ႏုႏုေတြ ေလထဲတက္လာေရာ။ ပိုဆိုးလာပါတယ္။

ျပႆနာက ေဆာင္းတြင္းဆိုေတာ့ ေလမသန္႔တာမသိဘူး၊ ျမဴလိုလို ႏွင္း လိုလိုမို႔ ၾကည္ႏူးၾကတယ္၊ လူေတြက အားကစားထြက္လုပ္ၾကတယ္၊ အားကစားလုပ္တဲ့အခါ အသက္ရႈရတာပိုလာတယ္၊ နဂိုလ္ကမသန္႔တဲ့ေလနဲ႔ ဝတ္မႈံနဲ႔ေတြ႕တဲ့အခါ ရင္ၾကပ္ပါတယ္။ ဓါတ္မတည့္ေရာဂါ အယ္လာဂ်ီျဖစ္လာတယ္။ နဂိုလ္က အဆုတ္မေကာင္းရင္ အဆုတ္ကင္ဆာ နဲ႔ တျခားကင္ဆာေရာဂါေတြ ျဖစ္လာပါတယ္။ သန္႔စန္႔ေလ မရႈရေတာ့ autoimmune ေသြးေလဖက္နာ နဲ႔ တျခားေရာဂါပိုးေတြ ႂကြလာပါတယ္။ ခႏၲာကိုယ္ထဲက ၿငိမ္ေနတဲ့ ဘက္တီးရီးယားအမ်ိဳးမ်ိဳး ေအာက္ဆီဂ်င္ရွိရာေနရာ ေ႐ႊ႕ရင္း ေရာဂါႂကြလာတတ္ပါတယ္။ ဒီလိုအေျခအေနဟာ အလြန္အႏၲရာယ္မ်ားပါတယ္။

ကိုဗစ္ဗိုင္းရပ္စ္က ေနရာအႏွံ႔ ၊ အဆုတ္က ေအာက္စီဂ်င္ဝတ မရတာနဲ႔ေပါင္းရင္ေတာ့ ျမန္မာေတြ အလြန္ဝဋ္ႀကီးပါတယ္။ ေလထုအရည္အေသြးထိမ္းခ်ဳပ္ဖို႔ လိုတယ္လို႔ အုပ္ခ်ဳပ္သူေတြနားမလည္ ပညာဥာဏ္မျပည့္ဝတဲ့ၿမိဳ႕ပါ။ ၿမိဳ႕ထဲမွာ မီးရႈိ႕သူ ေတြ႕ရင္ ဓါတ္ပုံ႐ိုက္ၿပီး စည္ပင္တိုင္ၾကပါ။ အျပင္မွာထြက္ၿပီး ေလ့က်င္ခန္း (လုံးဝ) မလုပ္သင့္ပါ။ အိမ္တံခါးမ်ားပိတ္ထားသင့္ပါတယ္။ အိမ္တြင္း ေလသန္႔စင္စက္ ဖြင့္ထားသင့္ပါတယ္။ အျပင္ထြက္လွ်င္ Mask တပ္ပါ။ အဆုတ္ေကာင္းေစတဲ့ င႐ုတ္၊ င႐ုတ္ပြ၊ Beet ၊ ပန္းသီး၊ ဖ႐ုံသီး၊ ဆႏြင္း၊ ခရမ္းခ်ဥ္သီး၊ လက္ဖက္ စတာေတြ စားသင့္ပါတယ္။ ေလမသန္႔တာ ဘယ္ေလာက္ထိၾကာမလဲ? ေနာက္ တလေလာက္အထိ ေလအရည္အေသြးဆိုးေနပါမယ္တဲ့၊ အေရွ႕ေလေလး မ်ားမ်ားတိုက္မွ သိသာပါလိမ့္မယ္။

Kyaw Swa Min