ကိုရိုနာ ဗိုင္းရပ္ဟာ ကမာၻေပၚက လံုးဝ ေပ်ာက္ကြယ္ သြားမွာ မဟုတ္ေၾကာင္း WHO ေျပာၾကား

ကိုရိုနာဗိုင္းရပ္ဟာ ကမာၻေပၚက လံုးဝ ေပ်ာက္ကြယ္ သြားမွာ မဟုတ္ေၾကာင္း ကမာၻ႔ က်န္းမာေရးအဖြဲ႕ (WHO) ေျပာၾကား…

ကမာၻ႔ က်န္းမာေရးအဖြဲ႕ (WHO) က ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါပိုးက လုံးဝေပ်ာက္ကြယ္သြားမွာမဟုတ္ေၾကာင္း၊ ကမာၻသူ ကမာၻသားေတြက အဲဒီေရာဂါပိုးနဲ႔ ေနထိုင္ႏိုင္ေအာင္ ေလ့လာသြားဖို႔ လိုအပ္ေၾကာင္း ေမ ၁၃ ရက္ေန႔က သတိေပးေျပာၾကားလိုက္ပါတယ္။

တခ်ိဳ႕ႏိုင္ငံေတြ မွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔မႈရပ္ဆိုင္းသြားတဲ့အတြက္ အသြားအလာ ပိတ္ဆို႔မႈေတြကို တေျဖးေျဖးျခင္း ေလ်ာ့ခ်ေနခ်ိန္မွာ WHO က ဗိုင္းရပ္စ္ပိုးဟာ လုံးဝေပ်ာက္ကြယ္သြားမွာ မဟုတ္ေၾကာင္း ေျပာဆိုလိုက္တာျဖစ္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ အေရးေပၚဌာနမ်ားရဲ႕ ဒါ႐ိုက္တာ မိုက္ကယ္ ရိန္းက လူသားေတြ ထဲကို ဗိုင္းရပ္စ္ပိုးအသစ္ ပထမဦးဆုံးအႀကိမ္အျဖစ္ဝင္ေရာက္တာျဖစ္ၿပီး အဲဒီဗိုင္းရပ္စ္ပိုးကို အၿပီးတိုင္ထုတ္ပစ္ဆိုတာ ခန႔္မွန္းရန္ ခက္ခဲေၾကာင္း ၊ အဲဒီပိုးဟာ လူ႔အဖြဲ႕အစည္းအတြင္းကို ဝင္ေရာက္ခဲ့ၿပီျဖစ္တဲ့အတြက္ လုံးဝေပ်ာက္ကြယ္ သြားရန္ခက္ခဲေၾကာင္း၊ ဥပမာ HIV ပိုးဟာလည္း လုံးဝေပ်ာက္ကြယ္သြားျခင္းမရွိဘဲ လူသားေတြဟာ အဲဒီဗိုင္းရပ္စ္ပိုးနဲ႔ အတူေနထိုင္ဖို႔ ျဖစ္လာေၾကာင္း ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ကာကြယ္ေဆး အမ်ိဳးေပါင္း ၁၀၀ ေက်ာ္ထုတ္လုပ္ဖို႔ ရွိေနေပမယ့္.. ဥပမာ ဝက္သက္နဲ႔ တျခားအဖ်ားေရာဂါေတြ အတြက္ ကာကြယ္ေဆးရွိေပမယ့္.. အဲဒီေရာဂါပိုးေတြက လုံးဝေပ်ာက္ကြယ္သြားျခင္းမရွိတာကို ေတြ႕ရပါတယ္။

လက္ရိွ အခ်ိန္အထိ ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ကမာၻမွာ လူေပါင္း ၃၀၀,၀၀၀ နီးပါးေသဆုံးၿပီး လူေပါင္း ၄.၃ သန္းေက်ာ္ ကူးစက္ ခံရေၾကာင္း သိရ ပါတယ္။

crd : whitesone

unicode

ကိုရိုနာဗိုင်းရပ်ဟာ ကမ္ဘာပေါ်က လုံးဝ ပျောက်ကွယ် သွားမှာ မဟုတ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ပြောကြား…

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးက လုံးဝပျောက်ကွယ်သွားမှာမဟုတ်ကြောင်း၊ ကမ္ဘာသူ ကမ္ဘာသားတွေက အဲဒီရောဂါပိုးနဲ့ နေထိုင်နိုင်အောင် လေ့လာသွားဖို့ လိုအပ်ကြောင်း မေ ၁၃ ရက်နေ့က သတိပေးပြောကြားလိုက်ပါတယ်။

တချို့နိုင်ငံတွေ မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုရပ်ဆိုင်းသွားတဲ့အတွက် အသွားအလာ ပိတ်ဆို့မှုတွေကို တဖြေးဖြေးခြင်း လျော့ချနေချိန်မှာ WHO က ဗိုင်းရပ်စ်ပိုးဟာ လုံးဝပျောက်ကွယ်သွားမှာ မဟုတ်ကြောင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အရေးပေါ်ဌာနများရဲ့ ဒါရိုက်တာ မိုက်ကယ် ရိန်းက လူသားတွေ ထဲကို ဗိုင်းရပ်စ်ပိုးအသစ် ပထမဦးဆုံးအကြိမ်အဖြစ်ဝင်ရောက်တာဖြစ်ပြီး အဲဒီဗိုင်းရပ်စ်ပိုးကို အပြီးတိုင်ထုတ်ပစ်ဆိုတာ ခန့်မှန်းရန် ခက်ခဲကြောင်း ၊ အဲဒီပိုးဟာ လူ့အဖွဲ့အစည်းအတွင်းကို ဝင်ရောက်ခဲ့ပြီဖြစ်တဲ့အတွက် လုံးဝပျောက်ကွယ် သွားရန်ခက်ခဲကြောင်း၊ ဥပမာ HIV ပိုးဟာလည်း လုံးဝပျောက်ကွယ်သွားခြင်းမရှိဘဲ လူသားတွေဟာ အဲဒီဗိုင်းရပ်စ်ပိုးနဲ့ အတူနေထိုင်ဖို့ ဖြစ်လာကြောင်း ပြောပါတယ်။

လက်ရှိအချိန်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး အမျိုးပေါင်း ၁၀၀ ကျော်ထုတ်လုပ်ဖို့ ရှိနေပေမယ့်.. ဥပမာ ဝက်သက်နဲ့ တခြားအဖျားရောဂါတွေ အတွက် ကာကွယ်ဆေးရှိပေမယ့်.. အဲဒီရောဂါပိုးတွေက လုံးဝပျောက်ကွယ်သွားခြင်းမရှိတာကို တွေ့ရပါတယ်။

လက်ရှိ အချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာမှာ လူပေါင်း ၃၀၀,၀၀၀ နီးပါးသေဆုံးပြီး လူပေါင်း ၄.၃ သန်းကျော် ကူးစက် ခံရကြောင်း သိရ ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

15 + eighteen =