ကိုဗစ်ကာလမှာ ကျန်းမာရေးစောင့်ရှောက်တာ အပြင် အိမ်သာဆေး၊ မြက်ပေါက်၊ သန့်ရှင်းရေးတွေ ပါ လုပ်ပေးတဲ့ ကျန်းမာရေး ဆရာမလေးများ

ကိုဗစ်ကာလမှာ ကျန်းမာရေးစောင့်ရှောက်တာ အပြင် အိမ်သာဆေး၊ မြက်ပေါက်၊ သန့်ရှင်းရေးတွေ ပါ လုပ်ပေးတဲ့ ကျန်းမာရေး ဆရာမလေးများ

ကိုဗစ်ကာလမှာ ကျန်းမာရေးစောင့်ရှောက်တာအပြင် အိမ်သာဆေး၊ မြက်ပေါက်၊ သန့်ရှင်းရေး လုပ်တာတွေကိုပါပြုလုပ်ပေးတဲ့လေးစားဖွယ် စေတနာ့ဝန်ထမ်း ဆရာမလေးတွေအကြောင်းတင်ပြချင်ပါတယ်…..မကွေးပညာရေးကောလိပ် FQ Center တွင် တာဝန်ထမ်းဆောင်နေသော ရှမ်းပြည်နယ်တောင်ပိုင်း မှ UCH_Volunteer ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁) ဆရာမလေးတွေပါ။

မကွေးပညာရေးကောလိပ် FQ Center ကို ၆.၅.၂၀၂၀ ရက်နေ့မှာစတင်ရောက်ရှိလာခဲ့တာပါ။ ရောက်ရှိလာခဲ့တဲ့နေ့မှ စပြီး နေ့စဉ်အမျှ ကျန်းမာရေးစောင့်ရှောက်မှုအပြင် သန့်ရှင်းရေးက အစအိမ်သာ ဆေးပေးတါ အဆုံး စိတ်ရော ကိုယ်ပါ လုပ်အားပေးကုသိုလ်ယူကြပါတယ်။

၁၄.၅.၂၀၂၀ ရက်နေ့မှာ ကိုနေမိုးဆွေကျော်နဲ့ အတူ စုပေါင်းပြီး အဝတ် Mask (၃၀၀) ခု ကို ပြည်ပပြန်များအတွက်ပေးဝေလျှူဒါန်းကြပါတယ်။ ဒါ့အပြင် ဆရာမလေးတစ်ဦးတည်းမှ ကောင်းမွန် ပဲယိုပေါင်မုန့် (၆၀၀၀၀)ကျပ်ဖိုး ကို ၃၀.၅.၂၀၂၀ ရက်နေ့မှာ ရောက်ရှိလာသော ပြည်ပပြန်များ အဆာပြေစားသုံးရန် အတွက် လျှူဒါန်းခဲ့ပါသေးတယ်။ယနေ့မနက်မှာတော့ ပြည်ပပြန်တွေ ပြောပြချက်အရ အပေါ့/အလေး သွားရတာ အဆင်မပြေဘူးဆိုတာ သိရတယ်။လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ ထွေအုပ်နဲ့ ဆရာမလေးတွေ သန့်ရှင်းရေးလုပ် ကုသိုလ်ယူထားကြတာပါ။ အခုတော့ တော်တော်လေးကို အခြေနေ ဆိုးနေပြန်တယ်။ ဒါ့နဲ့ ယနေ့ညနေမှာ ထွေအုပ်နဲ့ ဆရာမလေးတွေကပဲအိမ်သာသန့်ရှင်းရေးရော အဆောင်သန့်ရှင်းရေးပါ လုပ်ပေးကုသိုလ်ယူကြပြန်ပါတယ်။

အဆောင်နောက်ကျောဘက်မှာ အမှိုက်တွေပစ်ထားကြ လို့ ရေမြောင်းက ရေမစီးဘဲ ပုတ်စော်တွေ နံနေပြီ။ ဒါတွေကိုလည်းတစ်ဆက်တည်းမှာပဲ ရှင်းလင်းကြလို့ တစ်ကယ့်ကို လေးစားနေမိတယ်။ အခုတော့ရေချိုးခန်း/သန့်စင်ခန်း/ ရေထွက်မြောင်း အားလုံးက သန့်ရှင်းသွားပါပြီ။များမကြာခင်မှာ ပြန်ရတော့ မယ့် UCH Volunteer ဆရာမလေးတွေအတွက် ကျွန်တော်တို့ရဲ့ အမိပညာရေးကောလိပ်ကိုယ်စား၊ကျွန်တော်တို့ မကွေးက ပြည်သူတွေကိုယ်စား လေးစားဂုဏ်ယူလျှက်ပါဗျာ……။

Credit Jeeptoolay
Source Magway Highlight