ပုဂံသား တယောက် ပြောတဲ့ ပုဂံဘုရားတွေ ဌာပနာ အဖောက် ခံရတဲ့ အကြောင်းအရင်းတခု

ပုဂံသား တယောက် ပြောတဲ့ ပုဂံဘုရားတွေ ဌာပနာ အဖောက် ခံရတဲ့ အကြောင်းအရင်းတခု

ပုဂံမယ် ဝမ်းနဲကြေကွဲဖွယ် ရှက်ဖွယ်လိလိကိစ္စတွေ ဖြစ်ပျက်ပြီး သကာလ ဒီကနေ့ညတော့ ကိုယ့်ရဲ့ ဌာနေဟောင်းဖြစ်တဲ့ လုံခြုံရေးဂိတ်ကိုပြန်ရောက်နေပါပြီ ခန့်မှန်းစာရင်းအရ အဆူ ၅၀ နီးပါး ဖောက်ထွင်းခံရတယ်။

ဘယ်သူတွေဖောက်တာလည်း ဘာ့ကြောင့် ဖောက်ကြတာလည်း အချို့ဘုရားတွေဆို ဖောက်ရုံပဲဖောက်ထားပြီး အတွင်းဌာပနာတွေကို မတို့မထိ မယူရသေးတာကိုလည်း တွေ့မြင်ရတယ် စဉ်းစားစရာတွေပါ ဘာပဲဖြစ်ဖြစ် ပုဂံနဲ့ ဒေသခံတွေ အတွက်တော့ အလွန်ရှက်စရာကောင်းတဲ့ လုပ်ရပ် တွေပါပဲ။

ထားတော့ ပုဂံလုံခြုံရေးနဲ့ ပတ်သက်လို့ နဲနဲပြောစရာရှိတယ် နေ့ဘက်တွေအတွက်တော့ ထွေထွေထူးထူးပြောစရာ မရှိပါဘူး ပုဂံညောင်ဦး ဧည့်လမ်းညွန်များအသင်းနဲ့ သက်ဆိုင်ရာဌာနတွေက ဝန်ထမ်းတချို့ပူးပေါင်းပြီးတော့ ပုဂံလုံခြုံရေးအတွက် ကြိုးစားလုပ်ဆောင်နေ ကြတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ခုလိုဖောက်ထွင်းခံရတဲ့ ကိစ္စတွေကို လုပ်ဆောင်သွားကြတာဆိုရင် နေ့ဘက်တွေမှာ လုပ်ဆောင်သွားကြတာမဟုတ်ပဲ ၁၀ နာရီညမထွက်ရအမိန့်ထုပ်ပြန်ထားတဲ့အချိန် ညဘက်အမှောင်ထုကိုသာအားပြုပြီး လုပ်သွားကြတာလို့ပဲ ယူဆမိတယ်။

ဟုတ်ပြီ ခင်များတို့ ညဘက်ရောင်ပြန် အင်းကျီတွေဝတ် လုံခြုံရေးကပ်ပြားတွေချိတ်ပြီး လုံခြုံရေး လုံခြုံရေး ဆိုပြီးလုပ်နေကြတာ ဘာလဲလို့ မေးကြလိမ့်မယ် ကျုပ်တို့ ပုဂံညဘက်လုံခြုံရေးဆိုတာကို အပေါ်ယံ အပရိကလုပ်ဆောင်ခဲ့ကြရတယ် ဟုတ်တယ် ဒါဘာ့ကြောင့်လည်းဆိုတော့လည်း ကျုပ်တို့ သက်ဆိုင်ရာ ခရိုင်က ကိုလှရွှေ ခရိုင်မှူးဆိုသူကို ကြောက်နေရလို့ပါပဲ။

ကျုပ်တို့ပုဂံအတွက် လုံခြုံရေးဆိုတာကို အကန့်အသတ် သတ်မှတ်စည်းမျဉ်းတွေနဲ့ လုပ်ဆောင်ခဲ့ကြရတယ် တရားဝင်ဖွဲ့စည်းထားတဲ့ မြို့အဝင်ဂိတ်နဲ့ ရပ်ကွက်ကင်းတွေမှာ လူငါးဦးထက်မပိုရတဲ့ဗျ အဆိုးဆုံးကတော့ အဲဒီခရိုင်မှူးဆိုသူ ကားနဲ့ကင်းပတ်နေချိန်ဆို လမ်းပေါ်မှာ မည်သူတစ်ဦးတယောက်မှ မမြင်မတွေရဆိုတဲ့ အမိန့်အာဏာက အဆိုးဆုံးပါပဲ။

တစ်ခါလည်း ကျုပ်တို့ လုံခြုံရေးဂိတ်က လူတချို့ ညဘက် ကင်းပတ်ရင်း ရေသန့်နဲ့စားစရာအချို့ သွားယူကြတယ် အယောက်စီတိုင်းမှာလည်း လုံခြုံရေးကတ်ပြားတွေပါကြပါတယ် ဖြစ်ချင်တော့ အဲဒီခရိုင်မှူးဆိုသူနဲ့တည့်တည့်တိုးပါလေရော အဲဒီမှာတင်ပါလာတဲ့ကိုလှရွှေတွေက သေနတ်တွေနဲ့ချိန်ပြီး (လူဆိုးဖမ်းသကဲ့သို့) ဝိုင်ပတ်ပြီးပြဿနာရှာခံကြရရှာတယ် မင်းတို့ ဘယ်လဲဘာလဲပေါ့ ဒီဘက်ကလည်း ကျွန်တော်တို့ မြို့လုံခြုံရေးဂိတ်ကပါ ကတ်ပြားတွေလည်းပါပါတယ် ဒီလိုဒီအကြောင်းပါ စသည်ဖြင့် ချေချေငံငံပြောတာတောင် တော်တော်လေးပြဿနာဖြေရှင်းယူရပါတယ် ဒါတောင်မြိုလည်ခေါင်မှာပါ လူသူပြတ်ပြီး အိမ်ရာတွေနဲ့မနီးတဲ့ တောခေါင်ခေါင် ဘုရားကျိုကြားမဟုတ်သေးပါဘူး

နောက်တနေ့ကျတော့ ပုဂံမြို့က လူငယ်လေးနှစ်ယောက် မလှိုင်မြို့ကနေ အချိန်မတော်ဆိုင်ကယ်စီးပြန်လာမိလို့ အနှီ ပုဂ္ဂိုလ်နဲ့တိုးပြီး အမြင်ကပ်ပုဒ်မနဲ့ ထောင်သုံးလ ချခံလိုက်ရတယ် အဲဒီလူ ပါးစပ်ကကို ကိုယ်တိုင်ပြောသွားသေးတယ် ပုဂံသားတွေမှတ်လောက်အောင် ချလိုက်ကွာတဲ့ သားသမီးချင်းမှ ကိုယ်ချင်းမစာမနာဗျာ။

သနားပါတယ် ကလေးနှစ်ယောက် ခုထက်ထိထောင်ထဲမှာပဲ ရှိနေသေး တယ် အဲဒီနောက်ပိုင်း ကျုပ်တို့လည်း ညဘက်ဘုရားကြိုကြား ကင်းပတ်တာတို့ ဟိုဟိုဒီဒီလျှောက်ကြည့်တာတို့ မလုပ်ရဲကြတော့တာပါပဲ ကိုလှရွှေတို့ကင်းပတ်တယ်ဆိုသည်ကလည်း ည ၁၁ နာရီပတ်ဝန်းကျင် လမ်းမကြီးတစ်လျှောက် ကားမီးရောင် တဝင်းဝင်းနဲ့ပါ သူခိုးတွေက ဒီလောက်တော့ ဘယ်အလိမ့်မလဲလေနော့

ခုဖြစ်သွားတဲ့နေရာတွေ ဆိုတာ လမ်းမကြီးဘေး မဟုတ်တဲ့ တောကြိုအုံကြားကဘုရားတွေမှာပါ ညမထွက်ရအမိန့်ကို အသုံးချပြီး လုပ်ဆောင်သွားကြတယ်လို့ ယူဆလို့ရတယ် ကျုပ်အတွေမမှားဘူးဆိုရင် အဲဒီအနှီပုဂ္ဂိုလ်ဆိုသူနဲ့တောင် ပတ်သက်ဆက်နွယ်မှု့ရှိနေမလားပဲ ဒါကျုပ်ကိုယ်ပိုင် အတွေးသက်သက်ပါ ကျုပ်အတွေး မှားချင်လည်းမှားနိုင်ပါတယ်လေနော့

ကဲ ပြန်ပြီဗျာ မနက်ရေလှူသွားရဦးမယ် ဂွတ်လပ်ပါ ပုဂံ

တောက်တိုမယ်ရ ပုဂံက ကိုကို
ပုဂံဒေသခံများပရဟိတအသင်း

Add a Comment

Your email address will not be published. Required fields are marked *

14 − seven =