အသားကပ် ဖက်ရှင်လေး နဲ့ အထာကျကျ ပို့စ်လေးတွေပေးရင်း မြင်သူတိုင်းကို ကြွေစေပြန်တဲ့ ရွှေအိမ်စည်

ရွှေအိမ်စည်ကတော့ ပြေပြစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့အတူ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အလှမယ်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့အားပေးမှုကို စတင်ရရှိခဲ့တဲ့ ရွှေအိမ်စည်က နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ အိမ်စည်က သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ် ။

သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့အိမ်စည်က နောက်ပိုင်းမှာ ရုပ်ရှင် ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ ဆက်တိုက် ရိုက်ကူးလာရတာ ဖြစ်ပါတယ် ။ ရွှေအိမ်စည်ကတော့ အသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး ပရိသတ်အားပေးမှုကိုလည်း အခိုင်အမာရရှိထားတာဖြစ်ပါတယ်။လတ်တလောမှာတော့ အသားကပ် ဖက်ရှင်လေးကိုဝတ်ဆင်ကာ သူမရဲ့အလှတရားတွေပေါ်လွင်နေတဲ့ အမိုက်စား ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးထဲမှာ အိမ်စည်တစ်ယောက် ဆွဲဆောင်မှုရှိရှိ အရမ်းချစ်စရာ ကောင်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေအိမ်စည်ရဲ့ ပုံလေးတွေ ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ရှေ့ဆက်ပြီးလည်း အိမ်စည်ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Source & Photo Credit : Shwe Eain Si Facebook Page