“ပရိသတ်တွေကို တွေးတွေးပြီး ရယ်မောမဆုံး ဖြစ်စေမယ့် ကိုပေါက် ရဲ့ ဟာသ ဗီဒီယိုဖိုင်”
|“ပရိသတ်တွေကို တွေးတွေးပြီး ရယ်မောမဆုံး ဖြစ်စေမယ့် ကိုပေါက် ရဲ့ ဟာသ ဗီဒီယိုဖိုင်”
ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင် တဲ့ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ဇာတ်ပို့ဇာတ်ရံအနေနဲ့ ပါဝင်တဲ့ ဇာတ်ကောင်တွေကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့ ဇာတ်ပို့ဇာတ်ရံကောင်းတစ်ယောက်အဖြစ်နဲ့ အနုပညာ အလုပ်တွေကို စတင်ခဲ့ပြီး အခုဆိုရင် ပရိသတ်တွေရဲ့ ရင်ထဲကို ထိစေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးတဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်နေသူ ပဲဖြစ်ပါတယ်.။
ကိုပေါက်ကတော့ ဟာသဇာတ်ဝင်ခန်းတွေမှာလည်း အပေးအယူ ကောင်းကောင်းနဲ့ သရုပ်ဆောင်ကောင်းသူဖြစ်သလို အခုလတ်တလောမှာ နားထားရတဲ့ အနုပညာအလုပ်တွေအစား ပရိသတ်တွေ အမောပြေဖို့ ရယ်မောစေတဲ့ ဟသာTik Tok ဗီဒီယိုဖိုင်လေးတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်.။ ဒီနေ့ ဇွန်လ (၁၀)ရက်နေ့မှာလည်း ကိုပေါက်က ပရိသတ်တွေရယ်မောစေမယ့် အတည်ပေါက်နဲ့ ဆော့ထားတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို “ကံကောင်းလို့” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
Mask တပ်ရတဲ့ အချိန်မှာ ဖြစ်တဲ့ အသက်ရှုမဝ ဖြစ်တာကို ဟာသဆန်ဆန်လေးနဲ့ Tik Tok ဆော့ထားတဲ့ ကိုပေါက်ကတော့ တကယ်ကို ဟာသဉာဏ်ရွှင်တဲ့ သူပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း ကိုပေါက်ရဲ့ ရယ်မောမဆုံးဖြစ်စေမယ့် Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်.။
Source: Aung Min Naing’s Facebook