ကြော်ငြာနှစ်ခု အတွက် တစ်နေ့တည်း မှာ သိန်းတစ်ရာကျော် စရံလာပေးကြတာကြောင့် ဝမ်းသာ ပျော်ရွှင်နေတဲ့ သံသာမိုးသိမ့်

ကြော်ငြာနှစ်ခု အတွက် တစ်နေ့တည်း မှာ သိန်းတစ်ရာကျော် စရံလာပေးကြတာကြောင့် ဝမ်းသာ ပျော်ရွှင်နေတဲ့ သံသာမိုးသိမ့်

ပရိသတ်အချစ်တော်လေး သံသာမိုးသိမ့် ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှာထုတ်လွှင့်ပြသခဲ့သော “ကျွန်မကမဟေသီ”ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့သူတစ်ယောက်ပါ။ သံသာမိုးသိမ့်ဟာ သူမကျရာဇာတ်ရုပ်ကိုအပီပြင်ဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ပြီးတော့ ယခုနောက်ပိုင်း မှာလည်း အနုပညာလှုပ်ရှားမှုတွေကိုဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

သံသာမိုးသိမ့်ကတော့ MRTV4မှာ လက်ရှိ ထုတ်လွှင့်ပြသလျက်ရှိသော “အချစ်ဖွဲ့လေညှင်း”ရုပ်သံဇာတ်လမ်းတွဲမှာလည်း မေပျိုဖြူဆိုတဲ့ ဂျစ်ကန်ကန်ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုများစွာကို ရရှိထားသူလေးလဲဖြစ်ပါတယ်။သူမကတော့ အခုဆိုရင်ရုပ်သံဇာတ်လမ်းတွဲတွေ သာမက ကြော်ငြာတွေလည်း ရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။

သံသာမိုးသိမ့်ကတော့ သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက် အမြဲမျှဝေပေးလေ့ရှိသူ တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်လည်း သူမက ကြော်ငြာနှစ်ခုအတွက် တစ်နေ့တည်းမှာ သိန်းတစ်ရာတစ်ဆယ်ကျော်စရံလာပေးကြတာကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့အကြောင်းလေး ကို သူ့ရဲ့ My Day ကနေ ပရိသတ်တွေအတွက် မျှဝေ လာခဲ့ပါတယ်။ ကြော်ငြာတွေရိုက်ဖို့ ကမ်းလှမ်းခြင်းခံနေရတဲ့ သံသာမိုးသိမ့်ရဲ့အကြောင်းလေးကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်..။

Source-Than Thar Moe Theint