လုံးကြီး ပေါက်လှ ကိုယ်လုံးလေးကို ပြလိုက်တဲ့ မအေးသောင်း ရဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ အနုပညာလောက မှာ ဆယ်စုနှစ်လောက်က အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ယနေ့ချိန်အထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ ရပ်တည်လာနိုင်သူကတော့ မင်းသမီးလေး အေးဝတ်ရည်သောင်းပဲဖြစ်ပါတယ်။ မအေးသောင်းလို့လည်းချစ်စနိုးခေါ်ကြတဲ့ သူမဟာ ပြည့်တင်းလှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပြီး တည်ငြိမ်ရင့်ကျက်တဲ့အလှတရားလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါ့ပြင်မအေးသောင်းဟာ အနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလိုကြိုးစားလုပ်ဆောင်နေတာဖြစ်ပြီး ဇာတ်လမ်းတွဲတွေရော ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးနေတာပါနော်…..။

မအေးသောင်းဟာလက်ရှိမှာ ဆိုရင်လည်း ဇာတ်လမ်းတွဲရိုက်ကူးဖို့အတွက် ပြင်ဦးလွင်ကိုရောက်ရှိနေတာဖြစ်ပြီး သူမရဲ့အနုပညာလုပ်ငန်းတွေအတွက် ဇာတ်ရုပ်ပီပြင်ဖို့အကောင်းဆုံးကြိုးစားနေတာလည်းတွေ့ရပါတယ်။ မအေးသောင်းဟာ ပွဲအခမ်းအနားတွေတက်ရောက်လာရင်လည်း မိမိုက်လွန်းနေတဲ့သူမရဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့် ပရိသတ်တွေ ငေးမောနေရတာလည်း ဖြစ်ပါတယ်နော်။

မကြာသေးမီကလည်း မအေးသောင်းဟာ သူမရဲ့ Tik Tok accလေးမှာ ပွဲအခမ်းအနားတစ်ခုကိုတက်ရောက်လာရင်း ရွှေအိုရောင်ဝတ်စုံလေးဝတ်ဆင်ကာ ခန္ဓာကိုယ်လေးကိုတစ်ပတ်ပြည့်အောင်လှည့်ပြပြီး အမိုက်စားဖြစ်နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Aye Thaung’s Facebook acc

zawgyi



