မော်တော်ဆိုင်ကယ် ရှေ့မီး အနိမ့် ကို ဘာကြောင့်နေ့/ည အချိန်တိုင်း ဖွင့်မောင်း‌ စေတာလဲ?

မော်တော်ဆိုင်ကယ် ရှေ့မီး အနိမ့် ကို ဘာကြောင့်နေ့/ည အချိန်တိုင်း ဖွင့်မောင်း‌ စေတာလဲ?

မေးကြတဲ့သူတွေ ကလည်းအများကြီး ဖြေလဲ ဖြေချင်တယ် သဘောမကျလို့ဆဲကြမှာလည်းစိုးတယ်.. ဒါပေမဲ့လည်း သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ အကျိုးအကြောင်းလေးတော့ နားလည်စေချင်တဲ့သဘောနဲ့ ပြောပြချင်ပါတယ်.. မော်တော်ဆိုင်ကယ် ရှေ့မီးအနိမ့်အား ဘာကြောင့် နေ့/ညအချိန်တိုင်း ဖွင့်မောင်း‌စေတာလဲဆိုရင်.။

621912445

ဆိုင်ကယ်မောင်းလာတာကို တစ်ခါ တရံ မမြင်ရတာမျိုး ဖြစ်တက်ပါတယ်.. ဆိုင်ကယ်က ဘောင်ကျဉ်းတော့ မထင်မှတ်တဲ့အခါမျိုးမှာ မမြင်လိုက်ရတာမျိုးပါ.. မီးဖွင့် မောင်းလာရင် အဝေးကလာနေတာမျိုးလဲမြင်ရတယ်.. မီးဖွင့်မောင်းလာတာမို့ ဆိုင်ကယ်ကို မမြင်နိုင်သည့်တိုင်အောင် မီးရောင် ကိုတော့ မြင်နိုင်ပါတယ်.. ကားမောင်းတဲ့သူတွေ အထူးသဖြင့် ကုန်ကားလိုမျိုး ကားကြီးမောင်းသူတွေအတွက် ကားရဲ့ ဘက်မှန် ကနေ မမြင်ရတဲ့ဆိုင်ကယ်တွေ မျက်ကွယ်အနေအထားရောက်နေတဲ့ ဆိုင်ကယ်တွေဟာ မီးဖွင့်မောင်းလာခဲ့ရင်တော့ မီးရောင်ကို ဘက်မှန်ကနေမြင်နိုင်ပြီး ယာဉ်အန္တရာယ်ကို ကြိုတင်ကာကွယ်ပေးနိုင်လို့ပါ။

အခုလိုရှင်းပြသည့် မီးဖွင့်မောင်းစေသည့် အကြောင်းကို မိတ်ဆွေများအနေဖြင့် လက်ခံသူရှိသလို သဘောမကျသူတွေလဲရှိပါလိမ့်မယ် ဘက်ထရီလိုမျိုး ပြသနာ တက်နိုင်တဲ့ အကြောင်းအရာတွေလဲရှိပါလိမ့်မယ် ကျွန်တော်လဲ သိရှိနားလည်ပါတယ် ဘယ်လိုပဲဆိုဆို ငါတို့ကို သိစေချင်လို့ပြောပြတာ ပါလားလို့‌တော့ တွေးပေးကြပါ မိတ်ဆွေများခင်ဗျာ။

ဒုရဲအုပ်ဌေးလွင် (ခ) နေမျိုးသူရ (10.6.2020)

သေချာတာတစ်ခုကတော့ မော်တော်ဆိုင်ကယ် ရှေ့မီးအနိမ့် အချိန်တိုင်း ဖွင့်မောင်း‌ခြင်း အားဖြင့် ကိုယ့်အတွက် (Safe) ဘေးကင်းသလို သူများ ကိုလည်း ကူညီရာ ရောက်ပါတယ်…