ပန်းရောင်းတဲ့အဖွား နဲ့ ကရေကရာရောင်းတဲ့ အဖွားတို့နှစ်ယောက်ကို အလှူငွေတွေလှူဒါန်းခဲ့တဲ့ “မိုးစက်” ရဲ့ ကြည်နူးစရာဗီဒီယို‌လေး

ပရိသတ်ကြီးရေ မိုးစက်ကတော့ သမာအာဇီဝကျကျ ဈေးရောင်းကာ ဝမ်းရေးဖြေရှင်းနေခဲ့ရတဲ့ အဖိုးအဖွားတွေကို လိုက်လံကူညီထောက်ပံ့နေခဲ့တာကြောင့် ပရိသတ်တွေက ချီးကျူးနေခဲ့ရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ မနေ့ကလည်း မိုးစက်က အဖွား(၂)ယောက်ကို ကူညီထောက်ပံ့ခဲ့ပါတယ်။

မိုးစက်ကတော့ မနေ့က ခရီးသွားရင်း ရွှေတောင်မြို့ကနေ ရွှေပန်းလိုက် ရောင်းနေတဲ့ အဖွားတစ်ယောက်ကို ကထိန်မှာ လှူဒါန်းချင်တာလှူဒါန်းနိုင်ဖို့ အလှူငွေ (၁)သိန်းကျပ်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ နောက်ထပ်လည်း အုတ်ဖိုမြို့အနီးကနေ ကရေကရာနဲ့ပေါက်ပေါက်ရောင်းနေတဲ့ အဖွားအတွက် အလှူငွေ (၁)သိန်းခွဲ ကျပ်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

အဖွားတို့နဲ့ တွေ့ဆုံပြီး လှူဒါန်းပေးခဲ့တဲ့ လှူဒါန်းပုံကိုလည်း ဗီဒီယိုလေးနဲ့ မျှဝေ ဖော်ပြထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ မိုးစက်ရဲ့ ပီတိဖြစ်ဖွယ်ကောင်းလှတဲ့ လှူဒါန်းမှု ဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Moe Sat

zawgyi




Source – Moe Sat