ငယ်ငယ်က အကြော်ရောင်းကျွေး ခဲ့တဲ့မိဘ တွေကို စိတ်ချမ်းသာအောင်ထားနိုင်ပြီဆိုတဲ့ အောင်သူ

ငယ်ငယ်က အကြော်ရောင်းကျွေး ခဲ့တဲ့မိဘ တွေကို စိတ်ချမ်းသာအောင်ထားနိုင်ပြီဆိုတဲ့ အောင်သူ

မြန်မာလက်ရွေးစင်အသင်း ရဲ့ တိုက်စစ်မှူးအောင်သူကတော့ လက်ရှိမှာ ရတနာပုံအသင်းမှာ ကစားလျက်ရှိနေတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ မင်းသမီးချောလေးပိုးအိအိခန့်နဲ့အတူ အိမ်ထောင်သည်ဘဝကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင် ထားပါတယ်။ ယခုမှာတော့ အောင်သူတစ်ယောက် မေမေကို ကြည်နူးစရာကောင်းလွန်းတဲ့ မွေးနေ့ဆုမွန် ကောင်းတောင်းပေးလာခဲ့တာပဲဖြစ်ပါတယ်။

အောင်သူကတော့” Happy Birthday ပါအမေ ဒီမွေးနေ့က စနောက်နှစ်ပေါင်းများစွာကိုစိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့သားဆုတောင်းပေးပါတယ်နော် သဘာဝတိုင်းဖြစ်ပျက်နေတဲ့ ဘဝတွေကိုအမေခံစားပြီစိတ်မညစ်ပါနဲ့အမေ ပျော်ပျော်ကြီးနေပစ်လိုက်ပါဟိုငယ်ငယ်တုန်းက ရဲစခန်း ထဲမှာ မိသားစုလိုက်အကြော်ရောင်းခဲ့တုန်းက အမေမှာအားချိန်ရှိလား နားချိန်ရှိလား အေးဆေးဖြစ်တဲ့ချိန်ဆိုတာမရှိခဲ့ဘူးလေ

တော်ကြာ သစ်ပင်စိုက်ပါဦး တော်ကြာ ဘာပြိုင်ပွဲ ရှိလို့ တော်ကြာ သန့်ရှင်းရေး တော်ကြာ လိုင်းခန်းစစ်မယ် တော်ကြာ အရာရှိတွေစားဖို့သားပစ်အိမ်ပစ်နဲ့ထမင်းဟင်းလိုက်ချက်ပေးခဲ့ရတဲ့ စိတ်ညစ်စရာချိန်တွေကို အမေအများကြီးဖြတ်သန်းပြီပြီလေ ခုအဖေနဲ့အမေကိုသားတို့တွေချမ်းချမ်းသာသာကြီး မထားနိုင်ရင်တောင် စိတ်အေးအေးချမ်းချမ်းရှိမဲ့နေရာမှာသားတို့တွေထားနိုင်ပြီလို့သားထင်တယ် အမေ “ဆိုပြီးရေးသားထားပါတယ်။

အောင်သူကတော့” အဲ့လိုပြောလို့အဖေနဲ့အမေပေါ်မှာ တာဝန်ကျေပြီလို့ပြောချင်တာမဟုတ်ပါဘူး သားပြောချင်တာက အရင်တုန်းက အမေမှာ(၁) အေးဆေးဖြစ်ချိန်ဆိုတာမရှိဘူး (၂) ငွေကျေးအခက်ခဲ အခုအဲ့ဒါတွေအသင့်သင့်ရှိနေပြီပဲ အမေ ပျော်ပျော်ရွှင်ရွှင်နဲ့နေပါ…..အမေ ချစ်တဲ့သားမိုက်ကြီး အောင်သူဗဒင်ဟိန်းမင်းကို ” ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် အောင်သူတို့ မိသားစုရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ် ကြီးကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်ရှင်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

11 + 20 =