ယဉ်ယဉ်လေး နဲ့ နန်းဆန်လွန်းတဲ့ အလှတရားပြည့်နေတဲ့ပုံလေးတွေ တင်ပေးလိုက်တဲ့ “စိုးပြည့်သဇင်”
|ပီပြင်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ကို တော့ အားလုံး သိကြမယ်တင်ပါတယ်။ ဗီဒီယိုခေတ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိလာခဲ့ကာ ဆယ်စုနှစ်မက အောင်မြင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
အနုပညာ မျိုးရိုးက ဆင်းသက်လာပြီး သူမရဲ့ ကြိုးစားမှုတွေကြောင့် ယခုအချိန်မှာတော့ ပရိသတ်တွေ အားပေးထောက်ခံ မှုနဲ့ အတူ နေရာ တစ်ခုထိ ရောက်ရှိ အောင်မြင်နေတာ ပဲဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင် စွမ်းရည်တွေကြောင့် အကယ်ဒမီဆုကြီး ကို လည်း ထိုက်ထိုက် တန်တန် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
စိုးပြည့်က သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲလိုလိုဖော်ပြပေးလေ့ ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း မဟာဆန်လွန်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ကျော့ရှင်းပြီး အခါခါပြန်ကြည့်ချင်ရလောက်အောင် ဖန်တီး ရိုက်ထားတဲ့ ပုံလေးတွေကို ဝေမျှလာရာ ပုံတိုင်းက ယဉ်ယဉ်လေးနဲ့ လှရက်လွန်းလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
Myat – Celechannel
zawgyi
Myat – Celechannel