ေက်ာင္းသား/သူေတြ ကို ဝမ္းသာ သြားေစမဲ့ ေက်ာင္းအားလုံး ျပန္ဖြင့္မည့္ ရက္ကို ထုတ္ျပန္

ႏိုင္ငံေတာ္က ခ်မွတ္ထား သည့္ သတ္မွတ္ခ်က္မ်ား ကိုေမလ ၁၅ရက္ေန႔ ေနာက္ပိုင္းတြင္ ေျဖေလွ်ာ့ေပးမည္ဆိုပါက အေျခခံပညာေက်ာင္းမ်ားကို မူလေက်ာင္းဖြင့္ခ်ိန္ ဇြန္လ ၁ရက္ေန႔ထက္ ရက္အနည္းငယ္ေနာက္က်ၿပီးမွ ဖြင့္လွစ္ႏိုင္မည္ ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန အေျခခံပညာ ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေမ ၁၀ရက္တြင္ ျမန္မာတိုင္းမ္ကို ေျပာသည္။၎က ကြၽန္ေတာ္တို႔လုပ္တဲ့လုပ္ငန္းေတြက စလုပ္ခြင့္ရၿပီ ဆိုရင္ေတာင္မွ ႏွစ္ပတ္ နဲ႔ၿပီးဖို႔ဆိုတာနည္းနည္းခက္ႏိုင္တယ္၊ ဒါေၾကာင့္မို႔ မူလအတိုင္းဖြင့္ခ်င္လည္း ဖြင့္ႏိုင္မယ္ မူလထက္ေနာက္က်ၿပီးမွလည္းဖြင့္ႏိုင္ပါတယ္။

ဥပမာ ႏွစ္ပတ္ေနာက္က်မယ္ တစ္ပတ္ေနာက္ က်မယ္ တို႔ သုံးပတ္ေနာက္က်မယ္ တို႔ ဒါေတြကေတာ့လုပ္ငန္းေပၚမွာမူတည္ၿပီးေတာ့ ဗဟိုေကာ္မတီရဲ႕လမ္းၫႊန္ခ်က္ေပၚမွာမူတည္ၿပီးေဆာင္႐ြက္သြားဖို႔လုပ္ေနပါတယ္” ဟု ေျပာသည္။ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္မည္ ဆိုပါကလည္း ယခင္း အတိုင္းဖြင့္လွစ္၍ မရဘဲ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန က သတ္မွတ္ခ်က္မ်ားျဖစ္သည့္ ႏွာေခါင္းစည္းတပ္ဆင္ျခင္း တစ္ဦးႏွင့္တစ္ဦးသတ္မွတ္ထားသည့္ အကြာအေဝးအတိုင္းေန ထိုင္ေစျခင္း စသည့္အခ်က္မ်ားႏွင့္ ကိုက္ညီေအာင္ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း သိ ရသည္။

ဦးကိုေလးဝင္းက “ ဖြင့္ရင္ေတာင္မွ ဒီအတိုင္းႀကီး ပဲ အရင္တုန္း ကလည္း ပုံမွန္အတိုင္းႀကီးဖြင့္လို႔မရပါဘူး။ေကာ္မတီရဲ႕ ၫႊန္ၾကားခ်က္ေတြလိုက္နာရဦးမွာျဖစ္ပါတယ္။ ေက်ာင္းသားေက်ာင္းသူတိုင္း ႏွာေခါင္း စည္းတပ္ရမယ္ဆိုတာမ်ိဳးျဖစ္မယ္။ေနာက္တစ္ခု Social Distancing ေပါ့။ အနည္းဆုံး ၆ ေပကြာ သို႔မဟုတ္ ၃ေပကြာဆိုတဲ့ အခ်က္ေတြ လုပ္ဖို႔လိုပါမယ္”ဟု ေျပာသည္။ ယင္းအတြက္လည္းႀကိဳတင္လုပ္ေဆာင္ မႈမ်ားျပဳလုပ္ သည့္အေနျဖင့္ ေက်ာင္းသားေက်ာင္းသူမ်ား ကို ႏွာေခါင္းစည္းမ်ားႏွင့္ Face Shield မ်ားေပးႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္းႏွင့္ ေက်ာင္းခ်ိန္မ်ား ကိုလည္း ယခင္တစ္ခ်ိန္ ေက်ာင္းမ်ား ႏွစ္ခ်ိန္ခြဲတက္ ႏိုင္ဖို႔ေဆာင္႐ြက္ေနေၾကာင္း ၎က ေျပာသည္။

crd : panpyoelat

unicode

နိုင်ငံတော်က ချမှတ်ထား သည့် သတ်မှတ်ချက်များ ကိုမေလ ၁၅ရက်နေ့ နောက်ပိုင်းတွင် ဖြေလျှော့ပေးမည်ဆိုပါက အခြေခံပညာကျောင်းများကို မူလကျောင်းဖွင့်ချိန် ဇွန်လ ၁ရက်နေ့ထက် ရက်အနည်းငယ်နောက်ကျပြီးမှ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက မေ ၁၀ရက်တွင် မြန်မာတိုင်းမ်ကို ပြောသည်။၎င်းက ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းတွေက စလုပ်ခွင့်ရပြီ ဆိုရင်တောင်မှ နှစ်ပတ် နဲ့ပြီးဖို့ဆိုတာနည်းနည်းခက်နိုင်တယ်၊ ဒါကြောင့်မို့ မူလအတိုင်းဖွင့်ချင်လည်း ဖွင့်နိုင်မယ် မူလထက်နောက်ကျပြီးမှလည်းဖွင့်နိုင်ပါတယ်။

ဥပမာ နှစ်ပတ်နောက်ကျမယ် တစ်ပတ်နောက် ကျမယ် တို့ သုံးပတ်နောက်ကျမယ် တို့ ဒါတွေကတော့လုပ်ငန်းပေါ်မှာမူတည်ပြီးတော့ ဗဟိုကော်မတီရဲ့လမ်းညွှန်ချက်ပေါ်မှာမူတည်ပြီးဆောင်ရွက်သွားဖို့လုပ်နေပါတယ်” ဟု ပြောသည်။ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဆိုပါကလည်း ယခင်း အတိုင်းဖွင့်လှစ်၍ မရဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က သတ်မှတ်ချက်များဖြစ်သည့် နှာခေါင်းစည်းတပ်ဆင်ခြင်း တစ်ဦးနှင့်တစ်ဦးသတ်မှတ်ထားသည့် အကွာအဝေးအတိုင်းနေ ထိုင်စေခြင်း စသည့်အချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိ ရသည်။

ဦးကိုလေးဝင်းက “ ဖွင့်ရင်တောင်မှ ဒီအတိုင်းကြီး ပဲ အရင်တုန်း ကလည်း ပုံမှန်အတိုင်းကြီးဖွင့်လို့မရပါဘူး။ကော်မတီရဲ့ ညွှန်ကြားချက်တွေလိုက်နာရဦးမှာဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတိုင်း နှာခေါင်း စည်းတပ်ရမယ်ဆိုတာမျိုးဖြစ်မယ်။နောက်တစ်ခု Social Distancing ပေါ့။ အနည်းဆုံး ၆ ပေကွာ သို့မဟုတ် ၃ပေကွာဆိုတဲ့ အချက်တွေ လုပ်ဖို့လိုပါမယ်”ဟု ပြောသည်။ ယင်းအတွက်လည်းကြိုတင်လုပ်ဆောင် မှုများပြုလုပ် သည့်အနေဖြင့် ကျောင်းသားကျောင်းသူများ ကို နှာခေါင်းစည်းများနှင့် Face Shield များပေးနိုင်ရေး ဆောင်ရွက်နေကြောင်းနှင့် ကျောင်းချိန်များ ကိုလည်း ယခင်တစ်ချိန် ကျောင်းများ နှစ်ချိန်ခွဲတက် နိုင်ဖို့ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

crd : panpyoelat