ရက်အတော်ကြာ သတိပြန်မလည် လာသေးပေမယ့် ခွဲစိတ်မှု ထပ်မံပြုလုပ် ခဲ့ရတဲ့ ဦးမန်းဝင်း

ရက်အတော်ကြာ သတိပြန်မလည် လာသေးပေမယ့် ခွဲစိတ်မှု ထပ်မံပြုလုပ် ခဲ့ရတဲ့ ဦးမန်းဝင်း

ပရိသတ်ကြီးရေ ဦးမန်းဝင်း ကတော့ ကျန်းမာရေး မကောင်းဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက ဦးနှောက် သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်မှု ပြုလုပ်ခဲ့ရတာ ကိုတော့ ပရိသတ်တွေ သိရှိပြီးသားဖြစ်ကြမှာပါနော်။

ဦးမန်းဝင်းဟာ ဦးနှောက်သွေးယိုစိမ့် မှုကြောင့် ပြီးခဲ့တဲ့ ဇွန်လ(၁)ရက်နေ့က ပင်လုံဆေးရုံကို တက်ရောက်ခဲ့ကာ ဇွန်လ(၂)ရက်နေ့မှာ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုအောင်မြင် ခဲ့ပေမယ့် ရက်အတော်ကြာတဲ့အထိ ပြန်မနိုးလာခဲ့ဘဲ သတိမေ့ အိပ်ပျော်နေခဲ့ပါတယ်နော်။

ဦးမန်းဝင်း တစ်ယောက် ခွဲစိတ်မှု အောင်မြင် ခဲ့ပေမယ့် ဦးနှောက်ထဲ လေဝင် နေတာကြောင့် ဇွန်လ(၈)ရက်နေ့အထိ သတိပြန်မလည်လာသေးပေမယ့် ဇွန်လ(၉)ရက်နေ့မှာ ခွဲစိတ်မှု ထပ်မံပြုလုပ်ခဲ့ ရတယ်လို့ သိရပါတယ်နော်။

ပရိသတ်တွေ စိုးရိမ်ပူပန်နေကြ တဲ့ ဦးမန်းဝင်းရဲ့ ကျန်းမာရေးအခြေအနေလေးတွေကိုတော့ ဦးမန်းဝင်းရဲ့ Fb စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောပြထားတာ ဖြစ်ပြီး အားလုံးက စိတ်ပူနေကြ ပါတယ်နော်။ ည 9 နာရီမှာ ဖေကြီးကို ဒုတိယအကြိမ် ခွဲစိတ်နေပါတယ်။ခွဲစိတ်မှုအောင်မြင်ပြီး အရင်လို ပြန်ကျန်းမာပါစေ ဆိုပြဖိး ဦးမန်းဝင်းရဲ့ ကျန်းမာရေး အခြေအနေလေးကို ပြောပြထားတာပါ..။အဲ့ဒီပို့်ရဲ့အောက် မှာတော့ ပရိသတ်တွေနဲ့ အနုပညာရှင်တေံကလည်း စိတ်ပူစွာနဲ့ ဆုတောင်းစကားလေးတွေ တောင်းပေးထားကြတာ တွေ့ရပါ တယ်နော်။

crd : panpyoelat