စည်ပင်ဝန်ထမ်းတွေ နဲ့ ဆင်းရဲနွမ်းပါးသူတွေ အတွက် အလှူငွေများ လှူဒါန်းပေးခဲ့တဲ့ ဖြူဖြူထွေး
|စည်ပင်ဝန်ထမ်းတွေ နဲ့ ဆင်းရဲနွမ်းပါးသူတွေ အတွက် အလှူငွေများ လှူဒါန်းပေးခဲ့တဲ့ ဖြူဖြူထွေး
ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ် အားပေးမှုကို စတင်ရရှိခဲ့သူတစ်ယောက်ပါ။ ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ရရှိလာတဲ့အနုပညာကြေးလေးတွေနဲ့ မိဘကိုပြုစုလုပ်ကျွေးနေတာဖြစ်ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ပတ်သက် ပြီးတော့လည်း အမှန်တကယ်လိုအပ်နေတဲ့သူတွေအတွက် တတ်နိုင်သလောက်ကူညီထောက်ပံ့ပေးနေသူတစ်ယောက်ပါ။
မကြာခဏအလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ ဖြူဖြူထွေး ကတော့ လက်ရှိမှာလည်း ဒီနေ့မှာကျရောက်တဲ့ခန့်စည်သူရဲ့မွေးနေ့အလှူကို သွားရောက်ရင်း တက်နိုင်သလောက်ပါဝင်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် သီလရှင်ဆရာလေးတွေကိုလည်း တတ်နိုင်သလောလှူဒါန်းခဲ့ပြီးလမ်းတစ်လျှောက်မှာရှိတဲ့ စည်ပင် ဝန်ထမ်းတွေနဲ့ နွမ်းပါးသူတွေကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။
ပရိသတ်ကြီးရေ စည်ပင်ဝန်ထမ်းတွေ နဲ့ နွမ်းပါးသူတွေအတွက် အလှူငွေများ လှူဒါန်းပေးခဲ့တဲ့ ဖြူဖြူထွေးရဲ့ မွန်မြတ်လှတဲ့အလှူအတွက် သာဓုခေါ်ခဲ့ကြပါဦးနော်..
Source – Phyu Phyu Htwe