ဘဝတကွေ့မှာ ပြန်မဆုံစေ နဲ့ အငြိုး ဆိုတာ အလကား မဟုတ်ဘူးလို့ တစ်ယောက်သော သူကို သတိပေး လိုက်တဲ့ မိုးယံဇွန်

ဘဝတကွေ့မှာ ပြန်မဆုံစေ နဲ့ အငြိုး ဆိုတာ အလကား မဟုတ်ဘူးလို့ တစ်ယောက်သော သူကို သတိပေး လိုက်တဲ့ မိုးယံဇွန်

ယောက်ျားပီသပြီး ခန့်ညားတဲ့ ရုပ်ရည်ကြောင့် မိန်းကလေး ပရိတ်သတ်တွေ ရဲ့ ဝန်းရံခြင်းကို ခံရတဲ့ မိုးယံဇွန်ကတော့ အနုပညာမှာလည်း ပါရမီထူးသူ ဖြစ်ပါတယ်။ ဗွီဒီယို ဇာတ်ကားများ နဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်ကာ အောင်မြင်တဲ့ အနုပညာလမ်းကြောင်းမှာ လျှောက် လှမ်းနေပြီ ဖြစ်ပါတယ်။

အနုပညာ လှုပ်ရှားမှုများနဲ့ သူ့ရဲ့ စိတ်ခံစားချက်အချို့ ကို ဆိုရှယ်မီဒီယာ ကနေ တစ်ဆင့် ပရိတ်သတ်တွေ ထံ မျှဝေလေ့ ရှိသူပါ။ အခုတစ်ခါမှာတော့ အငြိုးဆိုတာ အလကား မဟုတ်ဘူးလို့ ဆိုကာ ခံပြင်းဒေါသထွက်နေခဲ့တာပါ။

သူ့ရဲ့ ဖေ့ဘုတ် အကောင့် မှာတော့ အဆိုပါ ကိစ္စနဲ့ ပက်သက်ပြီး ” တော်ပြီ အရာရာ ကို စောက်ရူးမထတော့ဘူး ကိုယ့် အပေါ်ကောင်းရင် ပြန်ကောင်းမယ်… မကောင်းရင် ရှောင်လိုက်မယ်… ဒါပေမယ့် စိတ်ဒုက္ခပေး သူတိုင်းကိုမှတ်ထားတယ် ကျေးဇူးလည်းတင်တယ်…. အရာရာပြန်သာတဲ့ အချိန်စက်ဝိုင်း လိုလည်နေတဲ့ ဘဝတကွေ့မှာပြန်မဆုံစေနဲ့ အငြိုးဆိုတာ အလကား မဟုတ်ဘူး…

မိဘနဲ့ ကိုယ်ကျင်လည်တဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ လူဖြစ်ရင်ပဲ ကျေနပ်ပြီ… စိတ်သဘောထားကတော့လိုတာထက်ကို ‘ပြည့်’ တယ်…. ဒါပေမယ့် လူထဲကလူလေ…. အငြိုးဆိုတာတော့ အလကား မဟုတ်ဘူး ” ဆိုကာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီး ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Add a Comment

Your email address will not be published. Required fields are marked *

3 × 2 =