Covid-19 ကြောင့် လူငယ်တွေ ရဲ့ ဆန်းသစ် တီထွင်လိုက်တဲ့ ရွှေ့လျား ဆံပင်ညှပ်ဆိုင်ကို သဘောကျ ချီးကျူးစကားဆိုလာတဲ့ လွင်မိုး

Covid-19 ကြောင့် လူငယ်တွေ ရဲ့ ဆန်းသစ် တီထွင်လိုက်တဲ့ ရွှေ့လျား ဆံပင်ညှပ်ဆိုင်ကို သဘောကျ ချီးကျူးစကားဆိုလာတဲ့ လွင်မိုး

မင်းသားကြီးလွင်မိုးကတော့ ကျရာဇာတ်ရုပ်တွေတိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်လည်းဖြစ်ပြီး အသက်အရွယ်ရလာတဲ့ နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေထက် စီးပွားရေးလုပ်ငန်းဘက်ကိုသာ ပိုမိုဦးစားပေးလုပ်ကိုင်နေတာဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အချစ်တော်အကယ်ဒမီ ဆုရ မင်းသားကြီးတစ်လက်ပဲဖြစ်တဲ့ လွင်မိုးကတော့ လတ်တလောမှာ Covid-19 ရောဂါကပ်ဘေးကြီးကြောင့် ခေတ်လူငယ်တွေရဲ့ ဆန်းသစ်တီထွင်လိုက်တဲ့ ရွှေ့လျားဆံပင်ညှပ်ဆိုင်ကို သဘောကျနေပါတယ်။

လွင်မိုးကတော့ ရွှေ့လျားဆံပင်ညှပ်ဆိုင် ကို ဆန်းသစ်တီထွင် လိုက်တဲ့ လူငယ်တွေကို “Mobile hair cut ရွှေ့လျားဆံပင်ညှပ်ဆိုင် Covid 19 မှာ အတွေးအခေါ်တွေ စဉ်းစားညဏ်တွေ ပြောင်းလဲလာတာအဆိုးထဲကအကောင်းပါပဲ ပုံမှန်တွေ..သာမာန်တွေ ပျက်သုန်းနေတဲ့အချိန် စွန့်စားခြင်းဆိုတဲ့ လူတွေရဲ့ပင်ကို ဗီဇနဲ့ အစွမ်းပြကျပြီ ဒီလူငယ်လေးတွေကိုချီးကျုးပါတယ်..အောင်မြင်ပါစေ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ချီးကျူးစကားဆိုထားပါတယ်။လွင်မိုးကတော့ Mobile hair cut ရွှေ့လျားဆံပင်ညှပ်ဆိုင် ကို ခေါ်ကာ ဆံပင်ညှပ်ရင်း Covid-19ရောဂါ ကပ်ဘေးကြီးကြောင့် အခုလို အတွေးအခေါ်နဲ့ စဉ်းစားညဏ်တွေ ပြောင်းလဲဆန်းသစ်လာတာဟာ အဆိုးထဲကအကောင်းပါပဲတဲ့။

ပရိသတ်ကြီး Covid-19 ရောဂါဘေးကြောင့် အပြင်လည်း မထွက်ချင် ဆံပင်လည်းညှပ်ချင်နေသူတွေအတွက် စဉ်စားပြီး Mobile hair cut ရွှေ့လျားဆံပင်ညှပ်ဆိုင်ကို တီထွင်လိုက်တဲ့လူငယ်တွေကိုတော့ မင်းသားကြီးလွင်မိုးကတော့ ချီးကျူးစကားဆိုထားပါတယ်နော်။

Source: Lwin Moe
Credit CeleGabar

Add a Comment

Your email address will not be published. Required fields are marked *

10 − 6 =