ကုိဗစ္ေၾကာင့္ ထမင္း လုိက္ပုိ႔ ေနရ တဲ့ စက္ရံု ပုိင္ရွင္ သူေဌးတေယာက္ ရဲ႕ ဖြင့္ဟ ဝန္ခံခ်က္

လုပ္ငန္းရွင္ သူငယ္ခ်င္းတစ္ေယာက္ ရဲ႕ ဇနီး အြန္လိုင္းမွာ ဟင္းခ်က္ေရာင္းၿပီး သူငယ္ခ်င္းက သူ႔ကားနဲ႔ Delivery လိုက္ပို႔ေနတယ္။ တစ္ရက္ သူပစၥည္းလာပို႔တဲ့ တိုက္ေအာက္မွာ ကြၽန္ေတာ္နဲ႔ ဆုံတယ္..။

“မင္းကြာ..စက္႐ုံ ပိုင္ရွင္ႀကီးျဖစ္ေနၿပီး ဒါေတြ လုပ္ေနတာလား” ဆိုၿပီးေနာက္ေတာ့သူက အတည္ျပန္ေျဖတယ္. “လူေတြက လက္လုပ္လက္စားေတြ ဒုကၡေရာက္ၾကတာပဲ ျမင္တာကြ.. ငါတို႔လို လုပ္ငန္းရွင္ေတြ အႀကီးအက်ယ္ ထိတာကိုက် သိပ္မသိဘူး. ဆင္ပိန္ ကြၽဲေလာက္ေပါ့ကြာ ဆိုၿပီး ေျပာၾကတယ္..”

“မဟုတ္ဘူး သူငယ္ခ်င္း.. တကယ့္ကို အလုပ္ေကာင္းမယ့္ သၾကၤန္ကာလကိုေမွ်ာ္လင့္ၿပီး ငါ ဘဏ္တိုးနဲ႔ လုပ္ငန္းခ်ဲ႕ထားတာေတြ အတြက္ တစ္လ တစ္လကို သိန္း ေလးငါးဆယ္ မိုင္းနပ္ရွိတယ္ သူငယ္ခ်င္း.. အလုပ္ေတြ လုံးဝကို အကုန္ရပ္ကုန္ၿပီ.. ဒါတင္ပဲလား ဆိုေတာ့ မဟုတ္ေသးဘူး… အလုပ္ေတြ ျပန္ေကာင္း သြားရင္ ဝုန္းခနဲ ျပန္စလို႔ရေအာင္ တစ္ခ်ိဳ႕ ဝန္ထမ္းေတြကို လစာ ေပးထားရေသးတယ္.. ”

“ဒီအေျခအေနမွာ ငါတို႔တစ္ခုခုမွ ထ မလုပ္ လို႔ကို မရ ဘူး.. ၿပီးေတာ့ ဒီအခ်ိန္မွာ ေစ်းေရာင္းတာတို႔ Delivery လုပ္တာတို႔ကို ေပၚပင္ဆိုၿပီးေျပာၾကတယ္.. ဒါဆို ငါ့ကို အႀကံေပး ေျပာစမ္းကြာ… တစ္ျခားအလုပ္..ဘာလုပ္ရမလဲ.. ဘာမွ မရွိဘူးကြ..သူငယ္ခ်င္းရ.. တစ္ကမာၻလုံး စားေသာက္ကုန္ အြန္လိုင္းေရွာ့ပင္ နဲ႔ Delivery ေျပာင္းလုပ္ေနၾကတာ.. ”

“အလုပ္မေကာင္းလို႔ ထိုင္ေနၾကတာခ်င္းအတူတူ လုပ္ငန္းရွင္ ဆိုသူ အမ်ားစုမွာ အတိုးက တရိပ္ရိပ္တက္ေနဟ.. ဒီေကြ႕မွာ ဒီတက္နဲ႔ မေလွာ္ရင္ ငါတို႔က်န္ခဲ့မွာ..႐ိုး႐ိုးမက်န္ခဲ့ဘူးေနာ္.. ဘဝပ်က္ၿပီး က်န္ခဲ့မွာကြ.. ခဏေစာင့္အုံးကြာ..ေျပာစရာ စကားမကုန္ေသးဘူး.. ေန႔လည္စာအမွီ သြားပို႔လိုက္အုံးမယ္.. ၇ လႊာ တက္ရမွာကြ..”

လႈပ္လီလႈပ္လဲ့ နဲ႔ တိုက္ေပၚ တက္သြားတဲ့ သူ႔ကို ေအာက္ကေန ေစာင့္ေနလိုက္တယ္.. ခဏေနေတာ့ သူျပန္ဆင္းလာတယ္.. နဖူးမွာတင္ေနတဲ့ ေခြၽးကိုသုတ္ၿပီး စကားဆက္တယ္.. “ၾကည့္တဲ့ အျမင္ေတြ အမ်ိဳးမ်ိဳးကြဲတာေပါ့.. ဒီအလုပ္မ်ိဳးဆိုတာ ႏြမ္းပါးတဲ့ သူေတြ လုပ္ပါေစေပါ့.. ႏြမ္းပါးတဲ့သူ စီးေနတဲ့ စက္ဘီးက သူ႔ပိုက္ဆံနဲ႔သူ ဝယ္ထားတာ.. ငါတို႔ လုပ္ငန္းရွင္ဆိုသူ အမ်ားစုဟာ အိမ္ ကား လက္ရွိသုံးေနတဲ့ အသုံးအေဆာင္ အားလုံးနီးပါးကို ဘဏ္က အေႂကြးနဲ႔ သိမ္းပစ္လို႔ ရတယ္ကြ…”

“အေပၚယံကိုၾကည့္ၿပီး ဆုံးျဖတ္ ရင္ေတာ့ ငါတို႔က ခ်မ္းသာတယ္ေပါ့.. ေပးရမယ့္အေႂကြးကို အကုန္ေရာင္းၿပီး ခုခ်က္ခ်င္းဆပ္ရမယ္ဆို မြဲသြားမယ့္ သူေဌးေတြ ပတ္ဝန္က်င္မွာ လက္ညႇိဳးထိုးမလြဲဘူးကြ.. ဒီအခ်ိန္က ဆင္းရဲသူ ခ်မ္းသာသူမေ႐ြး အကုန္ ဒုကၡေရာက္ေနတဲ့ အခ်ိန္.. ၿပီးေတာ့ မလြယ္တဲ့ အခ်က္ ရွိပါေသးတယ္..”

“ငါတို႔ အေန အထားႀကီးနဲ႔ကြာ ဘယ္ေစ်းေရာင္းခ်င္ ပါ့မလဲ.. ဘယ္ ကိုယ္တိုင္လိုက္ပို႔ခ်င္ပါ့မလဲ.. သူေဌးကြ.. သူေဌးလို ေနခဲ့ ထိုင္ခဲ့ သူမ်ားကို ခိုင္းခဲ့တာကြ.. မင္းက ငါဒီအလုပ္လုပ္လို႔ အံ့ၾသတယ္.. ငါကက် အဲဒီ မာန္ႀကီးခံေနၿပီး ခုခ်ိန္ထိ ဘာမွ ထ မလုပ္တဲ့ သူေတြ ကိုပဲ အံ့ၾသတာ.. ဘယ္သူေတြ ဘာေျပာေျပာ ငါကေတာ့ ငါ့ကိုယ္ငါေရာ ၊ ငါ့မိန္းမ ကိုေရာ ခ်ီးက်ဴးတယ္.. အလုပ္ႀကီးႀကီး ေသးေသး သမၼာ အာဇီဝ အလုပ္ျဖစ္လို႔ မရွက္ မေၾကာက္ လုပ္ရဲတာကိုပဲ ငါျမင္တယ္..”

သူငယ္ခ်င္း နဲ႔ အေတာ္ၾကာ စကားေျပာၿပီးတဲ့ေနာက္ ရင္ထဲမွာ အေတြးေတြ အျပည့္နဲ႔ ကြၽန္ေတာ္ အိမ္ကိုျပန္ လာခဲ့တယ္။ သူငယ္ခ်င္း ကေတာ့ ေနာက္တစ္ေနရာကို ပစၥည္းပို႔ဖို႔ လႈပ္လီ လႈပ္လဲ့နဲ႔ ကားေပၚျပန္တက္သြားေလရဲ႕…။

ကိုစိုးထိုက္ (ဖဒို)

unicode

လုပ်ငန်းရှင် သူငယ်ချင်းတစ်ယောက် ရဲ့ ဇနီး အွန်လိုင်းမှာ ဟင်းချက်ရောင်းပြီး သူငယ်ချင်းက သူ့ကားနဲ့ Delivery လိုက်ပို့နေတယ်။ တစ်ရက် သူပစ္စည်းလာပို့တဲ့ တိုက်အောက်မှာ ကျွန်တော်နဲ့ ဆုံတယ်..။

“မင်းကွာ..စက်ရုံ ပိုင်ရှင်ကြီးဖြစ်နေပြီး ဒါတွေ လုပ်နေတာလား” ဆိုပြီးနောက်တော့သူက အတည်ပြန်ဖြေတယ်. “လူတွေက လက်လုပ်လက်စားတွေ ဒုက္ခရောက်ကြတာပဲ မြင်တာကွ.. ငါတို့လို လုပ်ငန်းရှင်တွေ အကြီးအကျယ် ထိတာကိုကျ သိပ်မသိဘူး. ဆင်ပိန် ကျွဲလောက်ပေါ့ကွာ ဆိုပြီး ပြောကြတယ်..”

“မဟုတ်ဘူး သူငယ်ချင်း.. တကယ့်ကို အလုပ်ကောင်းမယ့် သင်္ကြန်ကာလကိုမျှော်လင့်ပြီး ငါ ဘဏ်တိုးနဲ့ လုပ်ငန်းချဲ့ထားတာတွေ အတွက် တစ်လ တစ်လကို သိန်း လေးငါးဆယ် မိုင်းနပ်ရှိတယ် သူငယ်ချင်း.. အလုပ်တွေ လုံးဝကို အကုန်ရပ်ကုန်ပြီ.. ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး… အလုပ်တွေ ပြန်ကောင်း သွားရင် ဝုန်းခနဲ ပြန်စလို့ရအောင် တစ်ချို့ ဝန်ထမ်းတွေကို လစာ ပေးထားရသေးတယ်.. ”

“ဒီအခြေအနေမှာ ငါတို့တစ်ခုခုမှ ထ မလုပ် လို့ကို မရ ဘူး.. ပြီးတော့ ဒီအချိန်မှာ ဈေးရောင်းတာတို့ Delivery လုပ်တာတို့ကို ပေါ်ပင်ဆိုပြီးပြောကြတယ်.. ဒါဆို ငါ့ကို အကြံပေး ပြောစမ်းကွာ… တစ်ခြားအလုပ်..ဘာလုပ်ရမလဲ.. ဘာမှ မရှိဘူးကွ..သူငယ်ချင်းရ.. တစ်ကမ္ဘာလုံး စားသောက်ကုန် အွန်လိုင်းရှော့ပင် နဲ့ Delivery ပြောင်းလုပ်နေကြတာ.. ”

“အလုပ်မကောင်းလို့ ထိုင်နေကြတာချင်းအတူတူ လုပ်ငန်းရှင် ဆိုသူ အများစုမှာ အတိုးက တရိပ်ရိပ်တက်နေဟ.. ဒီကွေ့မှာ ဒီတက်နဲ့ မလှော်ရင် ငါတို့ကျန်ခဲ့မှာ..ရိုးရိုးမကျန်ခဲ့ဘူးနော်.. ဘဝပျက်ပြီး ကျန်ခဲ့မှာကွ.. ခဏစောင့်အုံးကွာ..ပြောစရာ စကားမကုန်သေးဘူး.. နေ့လည်စာအမှီ သွားပို့လိုက်အုံးမယ်.. ၇ လွှာ တက်ရမှာကွ..”

လှုပ်လီလှုပ်လဲ့ နဲ့ တိုက်ပေါ် တက်သွားတဲ့ သူ့ကို အောက်ကနေ စောင့်နေလိုက်တယ်.. ခဏနေတော့ သူပြန်ဆင်းလာတယ်.. နဖူးမှာတင်နေတဲ့ ချွေးကိုသုတ်ပြီး စကားဆက်တယ်.. “ကြည့်တဲ့ အမြင်တွေ အမျိုးမျိုးကွဲတာပေါ့.. ဒီအလုပ်မျိုးဆိုတာ နွမ်းပါးတဲ့ သူတွေ လုပ်ပါစေပေါ့.. နွမ်းပါးတဲ့သူ စီးနေတဲ့ စက်ဘီးက သူ့ပိုက်ဆံနဲ့သူ ဝယ်ထားတာ.. ငါတို့ လုပ်ငန်းရှင်ဆိုသူ အများစုဟာ အိမ် ကား လက်ရှိသုံးနေတဲ့ အသုံးအဆောင် အားလုံးနီးပါးကို ဘဏ်က အကြွေးနဲ့ သိမ်းပစ်လို့ ရတယ်ကွ…”

“အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ် ရင်တော့ ငါတို့က ချမ်းသာတယ်ပေါ့.. ပေးရမယ့်အကြွေးကို အကုန်ရောင်းပြီး ခုချက်ချင်းဆပ်ရမယ်ဆို မွဲသွားမယ့် သူဌေးတွေ ပတ်ဝန်ကျင်မှာ လက်ညှိုးထိုးမလွဲဘူးကွ.. ဒီအချိန်က ဆင်းရဲသူ ချမ်းသာသူမရွေး အကုန် ဒုက္ခရောက်နေတဲ့ အချိန်.. ပြီးတော့ မလွယ်တဲ့ အချက် ရှိပါသေးတယ်..”

“ငါတို့ အနေ အထားကြီးနဲ့ကွာ ဘယ်ဈေးရောင်းချင် ပါ့မလဲ.. ဘယ် ကိုယ်တိုင်လိုက်ပို့ချင်ပါ့မလဲ.. သူဌေးကွ.. သူဌေးလို နေခဲ့ ထိုင်ခဲ့ သူများကို ခိုင်းခဲ့တာကွ.. မင်းက ငါဒီအလုပ်လုပ်လို့ အံ့သြတယ်.. ငါကကျ အဲဒီ မာန်ကြီးခံနေပြီး ခုချိန်ထိ ဘာမှ ထ မလုပ်တဲ့ သူတွေ ကိုပဲ အံ့သြတာ.. ဘယ်သူတွေ ဘာပြောပြော ငါကတော့ ငါ့ကိုယ်ငါရော ၊ ငါ့မိန်းမ ကိုရော ချီးကျူးတယ်.. အလုပ်ကြီးကြီး သေးသေး သမ္မာ အာဇီဝ အလုပ်ဖြစ်လို့ မရှက် မကြောက် လုပ်ရဲတာကိုပဲ ငါမြင်တယ်..”

သူငယ်ချင်း နဲ့ အတော်ကြာ စကားပြောပြီးတဲ့နောက် ရင်ထဲမှာ အတွေးတွေ အပြည့်နဲ့ ကျွန်တော် အိမ်ကိုပြန် လာခဲ့တယ်။ သူငယ်ချင်း ကတော့ နောက်တစ်နေရာကို ပစ္စည်းပို့ဖို့ လှုပ်လီ လှုပ်လဲ့နဲ့ ကားပေါ်ပြန်တက်သွားလေရဲ့…။

ကိုစိုးထိုက် (ဖဒို)

Add a Comment

Your email address will not be published. Required fields are marked *

twenty − eighteen =