ကိုဗစ်ပျောက်ကင်း လို့ လဝက် အကြာမှာ ကိုဗစ်လက္ခဏာ နဲ့ သေဆုံးမှု စင်ကာပူတွင် ဖြစ်ပွား

ကိုဗစ်ပျောက်ကင်း လို့ လဝက် အကြာမှာ ကိုဗစ်လက္ခဏာ နဲ့ သေဆုံးမှု စင်ကာပူတွင် ဖြစ်ပွား

မနေ့က စင်ကာပူမှာ ၂၅ ယောက်မြောက်… ကိုဗစ် ကြောင့်… သေဆုံး သွားတဲ့ အသက် ၄၁ နှစ် တရုတ်နိုင်ငံသားဟာ … ဧပြီ ၂၂ မှာ ဆေးရုံတက် မေလ ၁၇ ရက်နေ့မှာ… ပျောက်ကင်းသွားလို့ … ဆေးရုံကဆင်းလာပြီးသား … ဒါပေမဲ့ … ဇွန်လ ၄ ရက်နေ့မှာ ရုတ်တရက်လဲကျသွားပြီး သေဆုံး သွားတယ် …

ဘာကြောင့်သေဆုံးသွားလဲဆိုတာ … စစ်ကြည့်တော့… အဆုတ်ထဲက သွေးကြောလေးမှာ… သွေးခဲတွေပိတ်သွားတာကြောင့် ဖြစ်တယ်တဲ့… အဲဒီဖြစ်ရပ်ကိုကြည့်ရင်… ကိုဗစ်ဟာ… ပြန်ကောင်းလာတဲ့… တချို့လူနာတွေကို… နောက်ဆက်တွဲပြဿနာ ဆက်ပေးနိုင်သေးတယ်ဆိုတာ … ထင်ရှားတယ်…

တချို့သူတွေက… ကိုဗစ် ဖြစ်… ပြန်ကောင်းသွားပြီးရင်… ကိုယ်ခံ အားရသွားမယ်လို့ တွေးပြီး… ဖြစ်ခြင်ဖြစ်ပါစေဆိုပြီးတော့ … ပေါ့ပေါ့မနေကြပါနဲ့ … ခုသေသွားတဲ့သူဆို အသက်က ၄၁နှစ်… ငယ်ရွယ်တယ် ဆေးရုံမှာ တစ်လမပြည့်ခင်… ပိုးကင်းစင်ပြီး ကျန်းမာနေလို့ … ပေးဆင်း လိုက်တာပါ …

ခုနောက်ပိုင်း စင်ကာပူက လူထုကြား… ( အဆောင်က Q ထားတဲ့သူတွေမဟုတ်)ပိုးရှိတယ်လို့ တွေ့တဲ့သူတွေက… ရောဂါလက္ခဏာမပြကြဘူး … ကိုဗစ်က ခုထိ ပုံစံမျိုးစုံနဲ့… မငြိမ်သေးဘူး … ဒါကြောင့် ကြာလာပြီဆိုတော့ … သူသူကိုယ်ကိုယ် လူတွေက ပေါ့လာတတ်ပါတယ်… ဆက်ပြီး သတိထားကြပါ…

ဒီမှာတော့… ကျောင်းတွေပြန်ဖွင့်တာ တစ်ပတ်ရှိပြီ … အလုပ်တွေ တော်တော်များများလဲ ပြန်ဖွင့် ပြီ … လာမဲ့ ဆယ်ရက် ဆို… လူထုကြားက… ကူးစက်နူန်းအခြေအနေက… အရမ်းပြန်မဆိုးလာဖို့ဘဲ… မျှော်လင့်ရတာပါဘဲ… အားလုံးလဲ… ဘေးဘယာကင်းဝေးကြပါစေ …

Kyu Kyu