“မအောင်မြင်ခင်အချိန်မှာ မိဘတွေဆုံးပါးသွားမှာ အရမ်းစိုးရိမ်မိတယ်” ဆိုပြီး ရင်ဖွင့်လာတဲ့ မင်းသားချော “သုတအောင်”

မင်းသားချောသုတအောင်က မအောင်မြင်ခင် အချိန်မှာ မိဘတွေ ဆုံးပါးသွားမှာ စိုးရိမ်တယ်ဆိုပြီး အခုလို ရင်ဖွင့်လာခဲ့ပါတယ်နော်။

သရုပ်ဆောင်ထူးခန့်ကျော်က သုတအောင် က ဆိုင်ကယ် ကယ်ရီတွေပါ ဆွဲပြီး မိဘတွေကို လုပ်ကျွေးခဲ့သူပါ၊ လိမ္မာယဉ်ကျေးတဲ့ လူငယ် တစ်ယောက်ပါ၊ ကျနော်နဲ့ ဘဝ အရမ်းတူတယ်ဘ ဒါကြောင့် သူ့ကို ဘဝ နေထိုင်တတ်အောင် အမြဲ သင်ကြားပေးတယ် ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။

မင်းသားချောသုတအောင်ကလဲ အနုပညာပိုးကို ဝါသနာ မပါခဲ့ရင် အခုချိန်မှာ ချမ်းသာနေလောက်ပါပြီ၊ မိဘတွေက ချို့ချို့တဲ့တဲ့ နေကြရပေမယ့် ကိုယ်တိုင် ပြန်မကြည့်နိုင်သေးဘူး၊ မအောင်မြင် သေးဘဲ၊ ပိုက်ဆံတွေ မရှာနိုင်သေးခင်မှာ မိဘတွေ ဆုံးပါးသွားမှာ စိုးတယ် ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကူးယူ တင်ဆက်ပေး လိုက်ပါတယ်နော်။

crd

zawgyi




crd