မွေးနေ့ အမှတ်တရ ကုသိုလ် အဖြစ် သိန်းပေါင်း ရာကျော် လှူဒါန်းခဲ့တဲ့ အကယ်ဒမီ ခန့်စည်သူ

မွေးနေ့ အမှတ်တရ ကုသိုလ် အဖြစ် သိန်းပေါင်း ရာကျော် လှူဒါန်းခဲ့တဲ့ အကယ်ဒမီ ခန့်စည်သူ

ဒီနေ့ဇွန်လ (၁၁) ရက်နေ့ ကတော့ ပရိသတ် အချစ်တော် ခန့်စည်သူရဲ့မွေးနေ့ရက်မြတ်ေ လြး ဖစ်ပြီး မွေးနေ့ မွေးရက်တိုက်ဆိုင်နေတဲ့အတွက် ထူးထူးခြားခြား အလှူလေးများလုပ်ပြီး ကုသိုလ် ယူခဲ့တယ်လို့သိရပါတယ် ။ မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီးထံမှာ ညရုံတော်သ င်္ကန်း+ရေခံတော်သင်္ကန်း+ရွှေသင်္ကန်း+မျက်နှာတော်သုတ်ပုဝါ+သစ်သီးဆွမ်းကပ်လှူခြင်း ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် မဂ္ဂင်ဓါတုစေတီတော်ရဲ့ထီးတော်နဲ့ အရံစေတီ(၈)ဆူရဲ့ ထီးတော်များကိုလှူဒါန်းခြင်း (၁၂-သိန်း ၆-သောင်းကျပ်) ၊ဓမ္မဝိဟာရပထ မကျော် စာသင်တိုက်တွင် သီတင်းသုံးတော်မူနေကြတဲ့ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ၊

တည်ဆောက်ပြီးစီးခဲ့တဲ့ ပိဋိကတ်တိုက်တော်(၃)ထပ်ဆောင် မှာ မ,တည်ခဲ့တဲ့ အလှူငွေ ကျပ် သိန်း (၅၀၀) အတွက်ရေစက်ချခြင်း ၊ စာသင်တိုက်အတွင်းရှိသိမ်တော် အထပ်မြှင့်တင်ပြန် လည်ပြင်ဆင်ရန်အတွက် ပထမအကြိမ် မ,တည်အလှူငွေ ကျပ်သိန်း(၁၀၀)လှူဒါန်းခြင်း ၊ ဘုန်းတော်ကြီး သင်ပညာရေး (မူလွန်၊ဘ/က)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူလေးများနှင့် နွမ်းပါးအိမ်ထောင်စု (၂၆၀)အတွက် ဆန်၊ဆီ၊ဆား၊ပဲ၊အာလူး၊ကြက်သွန်၊ခေါက်ဆွဲခြောက် ၊ကြာဆန်၊ ဆပ်ပြာမှုန့်၊ထမင်းကြော်၊မုန့်များနှင့်ခေါက်ဆွဲများ လှူဒါန်း ခဲ့ခြင်း တို့ကို မွေးနေ့အလှူ အဖြစ် ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။

လှူဒါန်းမှုအစုစုတို့ကို ကျေးဇူးရှင်ခင်ပွန်းကြီး(၁၀)ပါးဦးထိ ပ်ထားလျှက် (၇)ရက် သား၊သမီး အပေါင်း တို့ အား မိမိနှင့်ထပ်တူထပ်မျှကုသိုလ်များရ၍ သာဓုခေါ်ဆိုနိုင်ဖို့အတွက် သူ့ရဲ့လူမှုကွ န်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ ဝိုင်းဝန်းကူညီကြ၊ လှူဒါန်းပေးကြ တဲ့ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြော င်းေ ရးသားထားပါသေးတယ် ။ ကိုခန့်တစ်ယောက်မွေးနေ့ကစပြီး ဒီထက်မက လှူနိုင်တန်းနိုင်တဲ့ သူဖြစ်ပါစေလို့ Cele Gabar ကလည်း ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော် ။

Source : Khant Si Thu
Emily (Cele Gabar)

Add a Comment

Your email address will not be published. Required fields are marked *

13 + ten =