မြင်းစီး ကျွမ်းကျင်ကြောင်း ပြလိုက် တဲ့ ရွှေအိမ်စည်

အမြဲတက်ကြွ လန်းဆန်းပြီး ယုံကြည်မှုအပြည့် နဲ့ ပရိသတ်ကြီး တို့ရဲ့ အချစ်တွေ ကို အခိုင်အမာသိမ်းပိုက်ရရှိထားသူလေးကတော့ အလှမယ်မော်လ်ဒယ်သရုပ်ဆောင် ရွှေအိမ်စည်ပဲ ဖြစ်ပါတယ်နော်..။ အိမ်စည်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ ကျေည့ရှင်းပြီးဆွဲဆောင်မှုရှိတဲ့ အလှတွေကိုပိုင်ဆိုင်ထားတဲ့ အပြင် စကားပြောပွင့်လင်းတာလေးတွေ ကလည်း ပရိသတ်တွေ ကို အချစ်ပိုစေတာပါ..။

အိမ်စည်လေးကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေ ကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါ မှာလည်း အားလပ်ရက်လေးတွေ မှာ အပျော်တမ်း မြင်းစီးခဲ့တဲ့ ပုံရိပ်လေးဗွကို ဝေမျှလာပါတယ်နော်..။ မင်းကိုကျွမ်းကျင်ပိုင်နိုင်စွာစီးပြရင်း ဆွဲဆောင်မှုရှိပြီးအထာကျလွန်းနေတဲ့ အိမ်စည်လေးရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို သဘောကျစရာကောင်းပါတယ်နော်..။

“Jump on..” ဆိုပြီး မြင်းစီးရင်း ဆွဲဆောင်မှု ရှိစွာ အမိုက်စားဓာတ်ဖမ်းထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကို အိမ်စည်လေးက ပရိသတ်တွေကို ဝေမျှထားတာပါ..။ အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း သူမရဲ့ပုံရိပ်လေးတွေကို သဘောကျနေကြတဲ့အကြောင်းလေးတွေအပြင် အားပေးချစ်ခင်နေကြကြောင်းလေးတွေ ကိုလည်း ပြောထားကြပါတယ်နော်..။

Source & Photo Credit – Shwe Eain Si’s Fb Page

zawgyi



