“ Kညီ နဲ့ အတူ အိန္ဒိယသူလေး လို အိန္ဒိယအကကို ပိုင်နိုင်အောင် ကပြသွားတဲ့ချောရတနာရဲ့ဗီဒီယိုဖိုင်”

“ Kညီ နဲ့ အတူ အိန္ဒိယသူလေး လို အိန္ဒိယအကကို ပိုင်နိုင်အောင် ကပြသွားတဲ့ချောရတနာရဲ့ဗီဒီယိုဖိုင်”

နာမည်ကျော်မင်းသမီး ချောရတနာဟာ ဆိုရင် နာမည်နဲ့ လိုက်အောင် ချောမောလှပလွန်းတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ချောရတနာကတော့ ဆယ့်စုနှစ်ကျော်တဲ့အထိတောင် သရုပ်ဆောင်မှုတွေကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် အကယ်ဒမီရွှေစင်ရုပ်တုတစ်ဆု ကိုလည်း ပိုင်ဆိုင်ထား တာပါပဲနော်။ သူမရဲ့ သားလေးနဲ့အတူ ကြော်ငြာလေးတွေကိုလည်း ရိုက်ကူးလျက်ရှိပါတယ်။

အိမ်မှာနေရင်း စိတ်ပင်ပန်းမှု ကို ဖြေဖျောက် ဖို့ အတွက် တစ်ခါတစ်လေ tik tokလေးတွေကို သားနဲ့သမီးတို့နဲ့အတူ ဆော့လေ့ရှိပါတယ်။ သူမရဲ့ ပရိသတ်တွေကိုလည်း tik tokဆော့ထားတဲ့ဗီဒီယိုဖိုင်လေးကိုလူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူ တစ်ဦးပါပဲနော်။ ချောရတနာက” ခင်ပွန်းဖြစ်သူဆူမှာဆိုးလို့ ကိုယ့်အစ်ကိုတွေနဲ့ပဲ ဆော့တော့မယ်”လို့ဆိုပြီး သရုပ်ဆောင် Kညီနဲ့ အိန္ဒိယအကလေးကို တွဲရက်ဆော့ထားတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေ အတွက် ချောရတနာရဲ့ အိန္ဒိယအက ပိုင်နိုင်အောင် ကပြထားတဲ့ ဗီဒီယိုဖိုင်လေး ကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း သူမနဲ့ K ညီတို့ ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ကာ သဘောကျနှစ်သက်လောက်မယ်ထင်ပါတယ်။

Soure…. Chaw Yandar’s Facebook