သွေးတိုးပြီး လေဖြတ်သွားလို့ အရေးပေါ်ဆေးရုံတင် လိုက်ရတဲ့ ထက်ထက်မိုးဦး ရဲ့ဖခင်

သွေးတိုးပြီး လေဖြတ်သွားလို့ အရေးပေါ်ဆေးရုံတင် လိုက်ရတဲ့ ထက်ထက်မိုးဦး ရဲ့ဖခင်

ပရိသတ်တွေ ခေတ်အဆက်ဆက်ချစ်ခဲ့ကြရဲ့ ကြော်ငြာဘုရင်မ လို့တောင် တင်စားရတဲ့ ထက်ထက်မိုးဦးကတော့ အနုပညာလောက ကနေ အချိန်အတော်ကြာ ကွယ်ပျောက်ခဲ့ပြီ အခုဆိုရင် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်သလို သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို လူမှုကွန်ရက်စာမျက်နှာထက်နေတဆင့် ပရိသတ်တွေ ကို မျှဝေပေးလေ့ရှိပါတယ် ။

လတ်တလောမှာတော့ စိတ်မကောင်းစွာနဲ့ ဖခင်ဖြစ်သူအရေးပေါ်ဆေးရုံ တင်လိုက်ရတဲ့အကြောင်းကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ ” အဖေသွေးတိုးပီးလေဖြတ်သွားလို့မန္တလေးမင်္ဂလာဆေးရုံမှာ အရေးပေါ်တင်လိုက်ရပါတယ် သွေးတိုးရောဂါရှိသူတွေအားလုံးပဲ ဂရုစိုက် ဆင်ခြင်ကြပါနော် အဖေလဲအမြန်ဆုံးသက်သာပါစေဆုတောင်းပါတယ် ” ဆိုတဲ့စာသားလေးနဲ့အတူ ရေးသားဖော်ပြလာခဲ့တာဖြစ်ပါတယ် ။

ထက်ထက်ရဲ့ချစ်ပရိသတ်တွေကလည်း ထက်ထက်အဖေ အမြန်ဆုံးနေကောင်း ဖို့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးထား ကြတာတွေ့ရပါတယ် ။ ထက်ထက်က သူ့ရဲ့ပရိသတ်တွေအ တွက်လည်း သွေးတိုးရောဂါရှိသူတွေ အားလုံးဂရုစိုက်ကြဖို့ သတိပေးစကားဆိုခဲ့ပါသေးတယ် ။ ထက်ထက် အဖေ အမြန်ဆုံးကျန်းမာပြီး ဆေးရုံဆင်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော် ။

crd : panpyoelat